မိုးညှင်းအနီး ဗဟိုပြုကာ ရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်

မိုးညှင်းအနီး ဗဟိုပြုကာ ရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်

ယနေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံ အထက်ပိုင်း မိုးညှင်းမြို့အနီးကို ဗဟိုပြုကာ ရစ်ချ်တာစကေး ၄ အထက်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ခဲ့ပါတယ်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ ကသာမြေငလျင်စခန်းမှ မြောက်ဘက် (၄၇) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မိုးညှင်းမြို့၏ အရှေ့မြောက်ဘက် (၆) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၈၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၄၁) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး ဇွန်လ ၁၀ ရက် နေ့လယ် ၂ နာရီ ၅၆ မိနစ်အချိန်မှာ အင်အား ရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဇောက်တိမ်မြေငလျင်နဲ့ ပတ်သက်ပြီး ငလျင်ဒဏ်ကို အဆိုပါနေရာအနီးတစ်ဝိုက် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။အဆိုပါနေရာတစ်ဝိုက်မှာ စစ်ကိုင်းပြတ်ရွေ့ကြောင်းကြီး၏ အထက်ပိုင်းတွင် အထက်မြန်မာပြည် ငလျင်ဇုန်ရပ်ဝန်းထဲ ပါဝင်တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံ အထက်ပိုင်း ကသာ၊ ခန္တီး၊ စသည့် နေရာတစ်ဝိုက် ရစ်ချ်တာစကေး ၄ အောက် ငလျင်ငယ်များ နေ့စဉ်နီးပါး လှုပ်ခတ်လေ့ရှိရာ ယခု ရစ်ချ်တာစကေး ၄ အထက် အဆင့်ရှိ ငလျင်လှုပ်ခတ်မှုမှာ ယခုလထဲ ပထမဆုံးအကြိမ် ဖြစ်ဖွယ်ရှိကြောင်း သိရပါတယ်။

KZ
ရန်ကုန်၊ ဇွန် - ၁၀

( Zawgyi )

ယေန႔ ေန႔လယ္ပိုင္းက ျမန္မာႏိုင္ငံ အထက္ပိုင္း မိုးညႇင္းၿမိဳ႕အနီးကို ဗဟိုျပဳကာ ရစ္ခ်္တာစေကး ၄ အထက္ရွိ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့တယ္လို႔ သက္ဆိုင္ရာက ထုတ္ျပန္ခဲ့ပါတယ္။

မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာန သတင္းထုတ္ျပန္ခ်က္အရ ကသာေျမငလ်င္စခန္းမွ ေျမာက္ဘက္ (၄၇) မိုင္ခန႔္ ကြာေဝးေသာ ျမန္မာႏိုင္ငံ ျပည္တြင္း (မိုးညႇင္းၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ (၆) မိုင္ခန႔္အကြာ) ေျမာက္လတၱီတြဒ္ (၂၄.၈၆) ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ (၉၆.၄၁) ဒီဂရီ၊ အနက္ (၁၀) ကီလိုမီတာကို ဗဟိုျပဳၿပီး ဇြန္လ ၁၀ ရက္ ေန႔လယ္ ၂ နာရီ ၅၆ မိနစ္အခ်ိန္မွာ အင္အား ရစ္(ခ္)တာစေကး (၄.၂) အဆင့္ရွိ အင္အားအနည္းငယ္ရွိေသာ ေျမငလ်င္တစ္ခု လႈပ္ခတ္ခဲ့တယ္လို႔ ဆိုပါတယ္။

အဆိုပါ ေဇာက္တိမ္ေျမငလ်င္နဲ႔ ပတ္သက္ၿပီး ငလ်င္ဒဏ္ကို အဆိုပါေနရာအနီးတစ္ဝိုက္ ခံစားခဲ့ရတယ္လို႔ ဆိုပါတယ္။အဆိုပါေနရာတစ္ဝိုက္မွာ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာင္းႀကီး၏ အထက္ပိုင္းတြင္ အထက္ျမန္မာျပည္ ငလ်င္ဇုန္ရပ္ဝန္းထဲ ပါဝင္တယ္လို႔ သိရပါတယ္။ျမန္မာႏိုင္ငံ အထက္ပိုင္း ကသာ၊ ခႏၲီး၊ စသည့္ ေနရာတစ္ဝိုက္ ရစ္ခ်္တာစေကး ၄ ေအာက္ ငလ်င္ငယ္မ်ား ေန႔စဥ္နီးပါး လႈပ္ခတ္ေလ့ရွိရာ ယခု ရစ္ခ်္တာစေကး ၄ အထက္ အဆင့္ရွိ ငလ်င္လႈပ္ခတ္မႈမွာ ယခုလထဲ ပထမဆုံးအႀကိမ္ ျဖစ္ဖြယ္ရွိေၾကာင္း သိရပါတယ္။

KZ
ရန္ကုန္၊ ဇြန္ - ၁၀