မိုးဦးနောက်ကျသည့် အခြေအနေ နှင့် မြန်မာနိုင်ငံ ရင်ဆိုင်ရဖွယ်ရှိ

မိုးဦးနောက်ကျသည့် အခြေအနေ နှင့် မြန်မာနိုင်ငံ ရင်ဆိုင်ရဖွယ်ရှိ

မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံ လေသည် ယနေ့ မေလ ၂၂ ရက်နေ့အထိ ဝင်ရောက်ခြင်းမရှိသေးတဲ့ အတွက် မိုးဦးနောက်ကျသည့် အခြေအနေ ဖြစ်လာဖွယ်ရှိတယ်လို့ မိုး/ဇလ မှ သိရှိရပါတယ်။

မိုး/ဇလ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်မားဌေးက အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေလ ၁၈ ရက်နေ့တွင် ဝင်ရောက်လေ့ရှိသော်လည်း လက်ရှိအချိန်အထိ ဝင်ရောက်ခြင်းမရှိသေတဲ့ အတွက် မိုးဦး အနည်းငယ်နောက်ကျ နိုင်တယ်လို့ ဆိုပါတယ်။

“ပုံမှန်အနောက်တောင်လေဝင်ရောက်ရက်က မေလ ၁၈ ရက်ဆိုတော့ အနည်းငယ်နောက် ကျနေတယ်လို့ တော့ပြောလို့ရပါတယ်” လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် အနောက်တောင် မုတ်သုံလေ ဝင်ရောက် သည့် မိုးလေဝသ ဖြစ်စဉ်နှင့်ကိုက်ညီမှု မရှိသေး သည့်အတွက် စောင့်ကြည့်လျှက်ရှိပြီး ထူးခြားဖြစ်စဉ်များကို မိုး/ဇလ မှ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

“လောလောဆယ်ဆယ်တော့စောင်ကြည့်နေတယ် လေတိုက်မှု တို့ မိုးရွာသွန်းမှုတို့ အခြားသော အချက် အလက်တွေ ၊ မုတ်သုံလေနဲ့ ပတ်သက်ပြီး အချက်တွေ၊ အားလုံးနဲ့ မဟုတ်တောင်မှ တော်တော်များများနဲ့ ကိုက်ညီမှုမရှိသေးတဲ့ အတွက်ဒီဟာကိုစောင့်ကြည့်နေတော့ နောက် ၂ ရက်အတွက်ကိုတော့ မုတ်သုံလေ ဝင်ရောက်နိုင်တယ်လို့ပေးထားတယ်” လို့ ၎င်း ကဆက်လက်ပြောကြားခဲ့ပါတယ်။

မုတ်သုံ လေသည် မေလ ၂၁ ရက်မှ ၂၃ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ ၊ မေလ ၂၄ ရက်မှ ၂၈ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ များ၊ မေလ ၂၉ ရက်မှ ဇွန်လ ၃ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ မုတ်သုံလေဝင်ရောက်နိုင်ပြီး ယင်းကာလတွင် မုတ်သုံလေ အားအသင့်အတင့်ရှိနိုတယ်လို့ မေလ တတိယ ၁၀ ရက်ပတ်အတွက်မိုးလေဝသခန့်မှန်းချက်ကို မိုး/ဇလ မှ ထုတ်ပြန်ထားပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊မေ ၂၂

(  Zawgyi   )

 ျမန္မာႏိုင္ငံသို႔ အေနာက္ေတာင္မုတ္သုံ ေလသည္ ယေန႔ ေမလ ၂၂ ရက္ေန႔အထိ ဝင္ေရာက္ျခင္းမရွိေသးတဲ့ အတြက္ မိုးဦးေနာက္က်သည့္ အေျခအေန ျဖစ္လာဖြယ္ရွိတယ္လို႔ မိုး/ဇလ မွ သိရွိရပါတယ္။

မိုး/ဇလ လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာ တင္မားေဌးက အေနာက္ေတာင္မုတ္သုံေလသည္ ျမန္မာႏိုင္ငံ ေတာင္ပိုင္းေဒသမ်ားသို႔ ေမလ ၁၈ ရက္ေန႔တြင္ ဝင္ေရာက္ေလ့ရွိေသာ္လည္း လက္ရွိအခ်ိန္အထိ ဝင္ေရာက္ျခင္းမရွိေသတဲ့ အတြက္ မိုးဦး အနည္းငယ္ေနာက္က် ႏိုင္တယ္လို႔ ဆိုပါတယ္။

“ပုံမွန္အေနာက္ေတာင္ေလဝင္ေရာက္ရက္က ေမလ ၁၈ ရက္ဆိုေတာ့ အနည္းငယ္ေနာက္ က်ေနတယ္လို႔ ေတာ့ေျပာလို႔ရပါတယ္” လို႔ ဆိုပါတယ္။ ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသမ်ားတြင္ အေနာက္ေတာင္ မုတ္သုံေလ ဝင္ေရာက္ သည့္ မိုးေလဝသ ျဖစ္စဥ္ႏွင့္ကိုက္ညီမႈ မရွိေသး သည့္အတြက္ ေစာင့္ၾကည့္လွ်က္ရွိၿပီး ထူးျခားျဖစ္စဥ္မ်ားကို မိုး/ဇလ မွ ထုတ္ျပန္ေပးသြားမယ္လို႔ ဆိုပါတယ္။

“ေလာေလာဆယ္ဆယ္ေတာ့ေစာင္ၾကည့္ေနတယ္ ေလတိုက္မႈ တို႔ မိုး႐ြာသြန္းမႈတို႔ အျခားေသာ အခ်က္ အလက္ေတြ ၊ မုတ္သုံေလနဲ႔ ပတ္သက္ၿပီး အခ်က္ေတြ၊ အားလုံးနဲ႔ မဟုတ္ေတာင္မွ ေတာ္ေတာ္မ်ားမ်ားနဲ႔ ကိုက္ညီမႈမရွိေသးတဲ့ အတြက္ဒီဟာကိုေစာင့္ၾကည့္ေနေတာ့ ေနာက္ ၂ ရက္အတြက္ကိုေတာ့ မုတ္သုံေလ ဝင္ေရာက္ႏိုင္တယ္လို႔ေပးထားတယ္” လို႔ ၎ ကဆက္လက္ေျပာၾကားခဲ့ပါတယ္။

မုတ္သုံ ေလသည္ ေမလ ၂၁ ရက္မွ ၂၃ ရက္အတြင္း ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသမ်ား ၊ ေမလ ၂၄ ရက္မွ ၂၈ ရက္အတြင္း ျမစ္ဝကြၽန္းေပၚေဒသ မ်ား၊ ေမလ ၂၉ ရက္မွ ဇြန္လ ၃ ရက္အတြင္း ျမန္မာႏိုင္ငံ အလယ္ပိုင္း ေဒသမ်ား မုတ္သုံေလဝင္ေရာက္ႏိုင္ၿပီး ယင္းကာလတြင္ မုတ္သုံေလ အားအသင့္အတင့္ရွိႏိုတယ္လို႔ ေမလ တတိယ ၁၀ ရက္ပတ္အတြက္မိုးေလဝသခန႔္မွန္းခ်က္ကို မိုး/ဇလ မွ ထုတ္ျပန္ထားပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ေမ ၂၂