မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သွယ်မှု ကိုးလခန့်အတွင်း ကန်ဒေါ်လာ လေးဘီလျံခန့် ရှိ

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သွယ်မှု ကိုးလခန့်အတွင်း ကန်ဒေါ်လာ လေးဘီလျံခန့် ရှိ

အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်သည့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုအနက် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် ကိုးလအတွင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄ ဘီလျံခန့် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နယ်စပ်စခန်းများအလိုက် ပို့ကုန် သွင်းကုန် ကာလတူနှိုင်းယှဉ်မှု စာရင်းအချက်အလက်များအရ သိရပါတယ်။

“ဒီနှစ်က ယခင်နှစ်ထက် လျော့ကျတာသေချာတယ်။အထူးသဖြင့် ရာသီကုန်တွေ အတော်ထိတယ်။ဆန်တင်ပို့မှုကလည်း အခုထိမကောင်းသေးဘူး။နာနတ်သီးဆို သွင်းခွင့်မရဘူး။အကုန်ဆုံးတာ၊ နောက် တခြားကုန်တွေဆိုလည်း ပြီးခဲ့တဲ့နှစ်ကနဲ့ တခြားဆီဘဲ။ကျွဲနွားဆိတ် ဒါလည်း ထိတာပဲ။ဘာမှမှန်းလို့မရတော့ဘူး။သတိထားမိတာ စပါးကို ဝယ်ခွင့်ပိတ်ကတည်းက အမျိုးမျိုးလုပ်နေတာ။ကုန်သည်အများစုထက် တောင်သူတွေ နောက်ပိုင်းပိုထိတယ်” လို့   မူဆယ်မြို့ခံ ကုန်စည်ပို့ဆောင် လုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။

ယခုဘဏ္ဍာနှစ် အောက်တိုဘာလမှ ဇူလိုင် ၁၂ ရက်အထိ ၉ လတာ ကာလအတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်  ကန်ဒေါ်လာ ၂၅၄၃ ဒသမ ၁၄၉ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၁၃၉၅ ဒသမ ၂ သန်းရှိကာ စုစုပေါင်း ကန်ဒေါ်လာ ၃၉၃၈ ဒသမ ၃၄၉ သန်းထိ ကုန်သွယ်ခဲ့ကာ ကုန်သွယ်ရေးပိုငွေ ၁၁၄၇ ဒသမ ၉၄၉ သန်း ဖြစ်ပေါ်ခဲ့ပါတယ်။

ယခုနှစ် မူဆယ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုမှာ ယခင်ကာလတူထက် ပို့ကုန်အပိုင်းတွင် ကန်ဒေါ်လာ တစ်ဘီလျံနီးပါး (၉၅၃ ဒသမ ၀၃၆ သန်း) လျော့နည်းပြီး တရုတ်ဘက်မှ တင်သွင်းကုန်တွင်မှု ယခင်ကာလတူထက် ကန်ဒေါ်လာ သန်း ၇၀ ကျော် (၇၄ ဒသမ ၉၀၆ သန်း) ပိုမိုတင်သွင်းခဲ့ပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကိုးလခန့်ကာလအတွင်း တရုတ်နှင့် ထိစပ်နေသည့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး စသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုမှ ကုန်သွယ်ခဲ့ရာတွင် ယခင်ကာလတူ ဘဏ္ဍာနှစ်ထက် ကုန်သွယ်မူ ကန်ဒေါ်လာ ၅၅၄၈ ဒသမ ၃၈၄ သန်းထက် သန်းခြောက်ရာကျော် (၈၆၆ ဒသမ ၆၁၁ သန်း) လျော့နည်းခဲ့ပါတယ်။

PWA
ရန်ကုန်၊ ဇူလိုင် - ၂၄

( Zawgyi )

အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ကုန္သြယ္သည့္ နယ္စပ္ကုန္သြယ္ေရးစခန္း ၁၇ ခုအနက္ မူဆယ္နယ္စပ္ကုန္သြယ္ေရးစခန္းတစ္ခုတည္းမွ တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္ရာတြင္ ကိုးလအတြင္း ကုန္သြယ္မႈပမာဏ ကန္ေဒၚလာ ၄ ဘီလ်ံခန႔္ ရွိေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ ထုတ္ျပန္သည့္ နယ္စပ္စခန္းမ်ားအလိုက္ ပို႔ကုန္ သြင္းကုန္ ကာလတူႏႈိင္းယွဥ္မႈ စာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။

“ဒီႏွစ္က ယခင္ႏွစ္ထက္ ေလ်ာ့က်တာေသခ်ာတယ္။အထူးသျဖင့္ ရာသီကုန္ေတြ အေတာ္ထိတယ္။ဆန္တင္ပို႔မႈကလည္း အခုထိမေကာင္းေသးဘူး။နာနတ္သီးဆို သြင္းခြင့္မရဘူး။အကုန္ဆုံးတာ၊ ေနာက္ တျခားကုန္ေတြဆိုလည္း ၿပီးခဲ့တဲ့ႏွစ္ကနဲ႔ တျခားဆီဘဲ။ကြၽဲႏြားဆိတ္ ဒါလည္း ထိတာပဲ။ဘာမွမွန္းလို႔မရေတာ့ဘူး။သတိထားမိတာ စပါးကို ဝယ္ခြင့္ပိတ္ကတည္းက အမ်ိဳးမ်ိဳးလုပ္ေနတာ။ကုန္သည္အမ်ားစုထက္ ေတာင္သူေတြ ေနာက္ပိုင္းပိုထိတယ္” လို႔   မူဆယ္ၿမိဳ႕ခံ ကုန္စည္ပို႔ေဆာင္ လုပ္ကိုင္သူတစ္ဦးက ဆိုပါတယ္။

ယခုဘ႑ာႏွစ္ ေအာက္တိုဘာလမွ ဇူလိုင္ ၁၂ ရက္အထိ ၉ လတာ ကာလအတြင္း မူဆယ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ကုန္သြယ္မႈအေျခအေနမွာ မူဆယ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ပို႔ကုန္  ကန္ေဒၚလာ ၂၅၄၃ ဒသမ ၁၄၉ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၁၃၉၅ ဒသမ ၂ သန္းရွိကာ စုစုေပါင္း ကန္ေဒၚလာ ၃၉၃၈ ဒသမ ၃၄၉ သန္းထိ ကုန္သြယ္ခဲ့ကာ ကုန္သြယ္ေရးပိုေငြ ၁၁၄၇ ဒသမ ၉၄၉ သန္း ျဖစ္ေပၚခဲ့ပါတယ္။

ယခုႏွစ္ မူဆယ္ကုန္သြယ္ေရးစခန္းမွ ကုန္သြယ္မႈမွာ ယခင္ကာလတူထက္ ပို႔ကုန္အပိုင္းတြင္ ကန္ေဒၚလာ တစ္ဘီလ်ံနီးပါး (၉၅၃ ဒသမ ၀၃၆ သန္း) ေလ်ာ့နည္းၿပီး တ႐ုတ္ဘက္မွ တင္သြင္းကုန္တြင္မႈ ယခင္ကာလတူထက္ ကန္ေဒၚလာ သန္း ၇၀ ေက်ာ္ (၇၄ ဒသမ ၉၀၆ သန္း) ပိုမိုတင္သြင္းခဲ့ပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ကိုးလခန႔္ကာလအတြင္း တ႐ုတ္ႏွင့္ ထိစပ္ေနသည့္ မူဆယ္၊ လြယ္ဂ်ယ္၊ ခ်င္းေ႐ႊေဟာ္၊ ကန္ပိုက္တီး စသည့္ နယ္စပ္ကုန္သြယ္ေရးစခန္း ၄ ခုမွ ကုန္သြယ္ခဲ့ရာတြင္ ယခင္ကာလတူ ဘ႑ာႏွစ္ထက္ ကုန္သြယ္မူ ကန္ေဒၚလာ ၅၅၄၈ ဒသမ ၃၈၄ သန္းထက္ သန္းေျခာက္ရာေက်ာ္ (၈၆၆ ဒသမ ၆၁၁ သန္း) ေလ်ာ့နည္းခဲ့ပါတယ္။

PWA
ရန္ကုန္၊ ဇူလိုင္ - ၂၄