မူးယစ်ဆေးဝါးဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် သတိပေးပစ်ခတ်ရာ အမျိုးသား ၁ ဦး ကျည်ဖောက်ဝင်ဒဏ်ရာဖြင့်သေဆုံးမှု ကလေးတွင် ဖြစ်ပွား

မူးယစ်ဆေးဝါးဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် သတိပေးပစ်ခတ်ရာ အမျိုးသား ၁ ဦး ကျည်ဖောက်ဝင်ဒဏ်ရာဖြင့်သေဆုံးမှု ကလေးတွင် ဖြစ်ပွား

ကလေးမြို့နယ်တွင် ဇွန်လ ၁၂ ရက်နေ့က မူးယစ်ဆေးဝါးသတင်းအရ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့မှ သတိပေးပစ်ခတ်ရာ ညာဘက်ပါးမှ ဘယ်ဘက်နားအနောက်ဘက်သို့ ကျည် ဖောက် ဝင်ဒဏ်ရာဖြင့် အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် မယတစု(၅)ကလေးမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးမြို့နယ် မော်လိုက်ကလေး ကျေးရွာဟောင်း(တောင်ရွာ)နေ မိုးကျော်(၃၃)နှစ် ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ မိုးကျော်သည် အရှည် ၂ ပေခန့် ဓားဖြင့် ပူးပေါင်းအဖွဲ့အား လိုက်လံခုတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သတိပေးပစ်ခတ်ခဲ့ရာ မိုးကျော်တွင် ညာဘက်ပါးမှ ဘယ်ဘက် နားနောက် ကျည်ဝင်/ထွက် ဒဏ်ရာ ၁ ချက် ရရှိပြီးသေဆုံးခဲ့ပါတယ်။

သေဆုံးသူ မိုးကျော် လွယ်ထားသည့်  လွယ်အိတ်အတွင်းမှ ဘိန်းဖြူ ၅ ဂရမ် နှင့် ဓား ၂ ချောင်းအား သိမ်းဆည်း ရမိခဲ့ပြီး ကလေးမြို့မရဲစခန်း မယ(ပ)၈၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် လှစ်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ကလေး ၊ ဇွန် ၁၃

(  Zawgyi  )

 ကေလးၿမိဳ႕နယ္တြင္ ဇြန္လ ၁၂ ရက္ေန႔က မူးယစ္ေဆးဝါးသတင္းအရ ေနအိမ္အတြင္း ဝင္ေရာက္ဖမ္းဆီးရာ ျပန္လည္ခုခံသျဖင့္ ရဲတပ္ဖြဲ႕မွ သတိေပးပစ္ခတ္ရာ ညာဘက္ပါးမွ ဘယ္ဘက္နားအေနာက္ဘက္သို႔ က်ည္ ေဖာက္ ဝင္ဒဏ္ရာျဖင့္ အမ်ိဳးသား ၁ ဦး ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဇြန္လ ၁၂ ရက္ မြန္းလြဲ ၂ နာရီ ၄၅ မိနစ္ အခ်ိန္ခန႔္တြင္ မယတစု(၅)ကေလးမွ ရဲတပ္ဖြဲ႕ဝင္မ်ား ပါဝင္ ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ ကေလးၿမိဳ႕နယ္ ေမာ္လိုက္ကေလး ေက်း႐ြာေဟာင္း(ေတာင္႐ြာ)ေန မိုးေက်ာ္(၃၃)ႏွစ္ ၏ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ မိုးေက်ာ္သည္ အရွည္ ၂ ေပခန႔္ ဓားျဖင့္ ပူးေပါင္းအဖြဲ႕အား လိုက္လံခုတ္ခဲ့သျဖင့္ ရဲတပ္ဖြဲ႕ဝင္မ်ားမွ သတိေပးပစ္ခတ္ခဲ့ရာ မိုးေက်ာ္တြင္ ညာဘက္ပါးမွ ဘယ္ဘက္ နားေနာက္ က်ည္ဝင္/ထြက္ ဒဏ္ရာ ၁ ခ်က္ ရရွိၿပီးေသဆုံးခဲ့ပါတယ္။

ေသဆုံးသူ မိုးေက်ာ္ လြယ္ထားသည့္  လြယ္အိတ္အတြင္းမွ ဘိန္းျဖဴ ၅ ဂရမ္ ႏွင့္ ဓား ၂ ေခ်ာင္းအား သိမ္းဆည္း ရမိခဲ့ၿပီး ကေလးၿမိဳ႕မရဲစခန္း မယ(ပ)၈၆/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ လွစ္ခဲ့တယ္လို႔ သတင္း ထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ကေလး ၊ ဇြန္ ၁၃