မောင်တော တွင် အင်တာနက်လိုင်းများ ပြန်လည်အသုံးပြုခွင့်ရ

မောင်တော တွင် အင်တာနက်လိုင်းများ ပြန်လည်အသုံးပြုခွင့်ရ

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တော ဒေသတွင် အင်တာနက်လိုင်းများ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ပြန်လည် အသုံးပြုခွင့် ရပြီဖြစ်တယ်လို့ ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက Opinion Leaders Media ရဲ့မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက“ အခုကျွန်တော်ဖွင့်ကြည့်တာ မောင်တောလည်းရတယ်ဗျ။ ကျန်တဲ့နေရာတွေတော့ ကျွန်တော်မသိဘူး။ကျွန်တော်တို့ကိုကြိုအကြောင်းကြားတာတွေတော့ မရှိဘူး။ ဆက်သွယ်ရေးအပိုင်းကဘဲသိမှာလေ။ဖြတ်တုန်းကလည်း ကျွန်တော်တို့ကိုတရား ဝင်ပြောတာတော့မရှိဘူး” လို့ဆိုပါတယ်။

မောင်တောမြို့ အမှတ်(၄) ရပ်ကွက်နေ ဦးမောင်မောင် က ယနေ့ နံနက်ပိုင်းမှ စတင်ပြီး အင်တာနက်လိုင်းများ အသုံးပြု၍ ရပြီဖြစ်တယ် လု့ိဆိုပါတယ်။အင်ဒင်းရဲစခန်းမှ ရဲတပ်ကြပ်ကြီး နေလင်းဦးက “ ဒီနေ့မနက်ဘဲ အင်တာနက်လိုင်းတွေပြန်ရတယ်။ ဒီမနက်ခင်း ဘဲစရတယ်။ည ၁ နာရီကျော်ကျော်လောက်ကစပြီး ရတာလို့တော့ပြောတယ်။ကျွန်တော်တို့ကတော့ ဒီမနက်ခင်း အိပ်ယာနိုးတော့ လိုင်းဖွင့်ကြည့်လိုက်တာလေ ပြန်ရနေတယ်” လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပ ရေတာ ၄ ခုစလုံး အင်တာနက် လိုင်းများ ပြတ်တောက်ခဲ့ခြင်းကြောင့် ဒေသခံများအနေဖြင့် ရေဒီယို သတင်း ကိုသာ အဓိကအားထားခဲ့ရပြီး ၂ လကျော်အကြာတွင် အင်တာနက် လိုင်းများ ပြန်လည်အသုံးပြု၍ ရခဲ့ခြင်း ဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
မောင်တော ၊ စက်တင်ဘာ ၁

(  Zawgyi )

 ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေမာင္ေတာ ေဒသတြင္ အင္တာနက္လိုင္းမ်ား ယေန႔ စက္တင္ဘာလ ၁ ရက္ေန႔မွ စတင္ၿပီး ျပန္လည္ အသုံးျပဳခြင့္ ရၿပီျဖစ္တယ္လို႔ ခ႐ိုင္ဒုတိယအုပ္ခ်ဳပ္ေရးမႉး ဦးရဲထူးက Opinion Leaders Media ရဲ႕ေမးျမန္းမႈကို ေျဖၾကားခဲ့ပါတယ္။

ေမာင္ေတာခ႐ိုင္ ဒုတိယအုပ္ခ်ဳပ္ေရးမႉး ဦးရဲထူးက“ အခုကြၽန္ေတာ္ဖြင့္ၾကည့္တာ ေမာင္ေတာလည္းရတယ္ဗ်။ က်န္တဲ့ေနရာေတြေတာ့ ကြၽန္ေတာ္မသိဘူး။ကြၽန္ေတာ္တို႔ကိုႀကိဳအေၾကာင္းၾကားတာေတြေတာ့ မရွိဘူး။ ဆက္သြယ္ေရးအပိုင္းကဘဲသိမွာေလ။ျဖတ္တုန္းကလည္း ကြၽန္ေတာ္တို႔ကိုတရား ဝင္ေျပာတာေတာ့မရွိဘူး” လို႔ဆိုပါတယ္။

ေမာင္ေတာၿမိဳ႕ အမွတ္(၄) ရပ္ကြက္ေန ဦးေမာင္ေမာင္ က ယေန႔ နံနက္ပိုင္းမွ စတင္ၿပီး အင္တာနက္လိုင္းမ်ား အသုံးျပဳ၍ ရၿပီျဖစ္တယ္ လု႔ိဆိုပါတယ္။အင္ဒင္းရဲစခန္းမွ ရဲတပ္ၾကပ္ႀကီး ေနလင္းဦးက “ ဒီေန႔မနက္ဘဲ အင္တာနက္လိုင္းေတြျပန္ရတယ္။ ဒီမနက္ခင္း ဘဲစရတယ္။ည ၁ နာရီေက်ာ္ေက်ာ္ေလာက္ကစၿပီး ရတာလို႔ေတာ့ေျပာတယ္။ကြၽန္ေတာ္တို႔ကေတာ့ ဒီမနက္ခင္း အိပ္ယာႏိုးေတာ့ လိုင္းဖြင့္ၾကည့္လိုက္တာေလ ျပန္ရေနတယ္” လို႔ဆိုပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ ၂၀၁၉ ခုႏွစ္ ဇြန္လ ၂၁ ရက္ေန႔မွစတင္ၿပီး ျမန္မာႏိုင္ငံရွိ ဆက္သြယ္ေရးေအာ္ပ ေရတာ ၄ ခုစလုံး အင္တာနက္ လိုင္းမ်ား ျပတ္ေတာက္ခဲ့ျခင္းေၾကာင့္ ေဒသခံမ်ားအေနျဖင့္ ေရဒီယို သတင္း ကိုသာ အဓိကအားထားခဲ့ရၿပီး ၂ လေက်ာ္အၾကာတြင္ အင္တာနက္ လိုင္းမ်ား ျပန္လည္အသုံးျပဳ၍ ရခဲ့ျခင္း ျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေမာင္ေတာ ၊ စက္တင္ဘာ ၁