မော်တော်ယာဉ် ထုတ်လုပ်မှု ပေါ်လစီထုတ်ပြန်၍ CKD နဲ့ SKD စနစ် ကားများတပ်ဆင် ထုတ်လုပ်မှု အခွန်ခွဲခြားကောက်ခံရန်စီစဉ်

မော်တော်ယာဉ် ထုတ်လုပ်မှု ပေါ်လစီထုတ်ပြန်၍ CKD နဲ့ SKD စနစ် ကားများတပ်ဆင် ထုတ်လုပ်မှု အခွန်ခွဲခြားကောက်ခံရန်စီစဉ်

မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာပေါ်လစီနဲ့အတူ CKD နဲ့ SKD စနစ် ကားများတပ်ဆင်ထုတ်လုပ်မှု အတွက် အခွန်ခွဲခြားကောက်ခံမယ့် အစီအစဉ်တွေနဲ့ပတ်သက်လို့ မေလထဲမှာ ထုတ်ပြန်သွားဖို့ရှိတယ်လို့ စက်မှုဝန်ကြီး ဌာနမှ သိရပါတယ်။

မော်တော်ယာဉ် ထုတ်လုပ်မှုဆိုင်ရာဥပဒေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ထုတ်ပြန်ကြေညာဖို့ စီစဉ်ခဲ့သော်လည်း မူကြမ်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးအတည်ပြုရမယ့် အချက်တွေကျန်နေသေးတာကြောင့် လာမယ့် မေလထဲမှာ ပေါ်လစီကို အရင်ဆုံးကြေညာ သွားဖို့ စီစဉ်ထားတာဖြစ်တဲ့အပြင် ပြည်တွင်းထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးလာစေဖို့ CKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ကားတွေကို အခွန်သက်သာခွင့် သတ်မှတ်ကာ အကျိုးခံစားခွင့်ပေးဖို့လည်း ရှိနေတယ်လို့ အဆိုပါဝန်ကြီးဌာနမှ သိရပါတယ်။ လာမယ့် မေလထဲမှာ အရင်ဆုံး ထုတ်ပြန်သွားမယ့် ပေါ်လစီပိုင်းအတွက်လိုအပ်သော အစီအစဉ်တွေရေးဆွဲနေသလို နိုင်ငံပိုင်သတင်းစာတွေကနေ တစ်ဆင့် ထုတ်ပြန်ရန်လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

ထိုအခွန်ခွဲခြားသတ်မှတ်မှု အစီအစဉ်တွေ ထွက်ပေါ်လာတဲ့အခါ မော်တော်ယာဉ် ရောင်းဝယ်မှု ဈေးကွက်ကို အပြောင်းအလဲ ဖြစ်လာနိုင်ရုံ သာမကဘဲ ပြည်တွင်းထုတ်လုပ်မှုကဏ္ဍတွေမှာလည်း နည်းပညာအရည်အသွေး တိုးတက်တဲ့ ထုတ်လုပ်မှု အခြေအနေမျိုးကို ဖြစ်လာစေနိုင် တယ်လို့လည်း ယာဉ်ရောင်းဝယ်သူတွေက ခန့်မှန်းနေကြပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဧပြီ ၃၀

(  Zawgyi   )

 ေမာ္ေတာ္ယာဥ္ထုတ္လုပ္မႈဆိုင္ရာေပၚလစီနဲ႔အတူ CKD နဲ႔ SKD စနစ္ ကားမ်ားတပ္ဆင္ထုတ္လုပ္မႈ အတြက္ အခြန္ခြဲျခားေကာက္ခံမယ့္ အစီအစဥ္ေတြနဲ႔ပတ္သက္လို႔ ေမလထဲမွာ ထုတ္ျပန္သြားဖို႔ရွိတယ္လို႔ စက္မႈဝန္ႀကီး ဌာနမွ သိရပါတယ္။

ေမာ္ေတာ္ယာဥ္ ထုတ္လုပ္မႈဆိုင္ရာဥပေဒကို ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလထဲမွာ ထုတ္ျပန္ေၾကညာဖို႔ စီစဥ္ခဲ့ေသာ္လည္း မူၾကမ္းနဲ႔ ပတ္သက္တဲ့ ေဆြးေႏြးအတည္ျပဳရမယ့္ အခ်က္ေတြက်န္ေနေသးတာေၾကာင့္ လာမယ့္ ေမလထဲမွာ ေပၚလစီကို အရင္ဆုံးေၾကညာ သြားဖို႔ စီစဥ္ထားတာျဖစ္တဲ့အျပင္ ျပည္တြင္းထုတ္လုပ္မႈ က႑ဖြံ႕ၿဖိဳးလာေစဖို႔ CKD စနစ္နဲ႔ တပ္ဆင္ထုတ္လုပ္တဲ့ကားေတြကို အခြန္သက္သာခြင့္ သတ္မွတ္ကာ အက်ိဳးခံစားခြင့္ေပးဖို႔လည္း ရွိေနတယ္လို႔ အဆိုပါဝန္ႀကီးဌာနမွ သိရပါတယ္။ လာမယ့္ ေမလထဲမွာ အရင္ဆုံး ထုတ္ျပန္သြားမယ့္ ေပၚလစီပိုင္းအတြက္လိုအပ္ေသာ အစီအစဥ္ေတြေရးဆြဲေနသလို ႏိုင္ငံပိုင္သတင္းစာေတြကေန တစ္ဆင့္ ထုတ္ျပန္ရန္လည္း စီစဥ္ထားတယ္လို႔ သိရပါတယ္။

ထိုအခြန္ခြဲျခားသတ္မွတ္မႈ အစီအစဥ္ေတြ ထြက္ေပၚလာတဲ့အခါ ေမာ္ေတာ္ယာဥ္ ေရာင္းဝယ္မႈ ေဈးကြက္ကို အေျပာင္းအလဲ ျဖစ္လာႏိုင္႐ုံ သာမကဘဲ ျပည္တြင္းထုတ္လုပ္မႈက႑ေတြမွာလည္း နည္းပညာအရည္အေသြး တိုးတက္တဲ့ ထုတ္လုပ္မႈ အေျခအေနမ်ိဳးကို ျဖစ္လာေစႏိုင္ တယ္လို႔လည္း ယာဥ္ေရာင္းဝယ္သူေတြက ခန႔္မွန္းေနၾကပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဧၿပီ ၃၀