မျက်စိအတွင်းတိမ်လူနာများအား ယခုလအတွင်း သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံတွင် ထပ်မံ၍ အခမဲ့ခွဲစိတ်ကုသပေးမည်

မျက်စိအတွင်းတိမ်လူနာများအား ယခုလအတွင်း သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံတွင် ထပ်မံ၍ အခမဲ့ခွဲစိတ် ကုသပေးမည်

၁၀၆ ကြိမ်မြောက်အဖြစ် မျက်စိအတွင်းတိမ်လူနာများအား ယခုစက်တင်ဘာလအတွင်း ရန်ကုန်မြို့၊တာမွေလေးသံလမ်းအနီးရှိ သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံတွင် ထပ်မံ၍ အခမဲ့ခွဲစိတ်ကုသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။  အဆိုပါ ခွဲစိတ်ကုသမှုကို ယခု စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မျက်စိအတွင်းတိမ်လူနာ ၁၀၀ ကျော်ခန့်အား ခွဲစိတ်ကုသပေး မှာဖြစ်တယ်လို့ ဆိုပါတယ်။

“သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံက ၂၀၁၁ ခုနှစ်ကစပြီးဖွင့်တာပါ။တစ်လကိုတစ်ကြိမ် နှစ်ကြိမ်ကို ၁၃၀ လောက်ပုံမှန်ခွဲပေးလာခဲ့တာ အခုဆိုရင်ခွဲပေးနေတာ ၁၀၅ ကြိမ်မြောက်ရောက်ပါပြီ။ ၁၀၄ ကြိမ်အထိကို ခွဲပြီးတဲ့လူနာပေါင်း (၁၄၁၅၀)ဦးရှိသွားပါပြီ။အဲ့တော့ ၂၀၁၆ ခုနှစ်ကစပြီးတော့ ဝိသာခါဖောင်ဒေးရှင်းရဲ့ပံ့ပိုးမှုနဲ့ တရုတ်ပြည်၊ယူနန်ပြည်နယ်က အဖွဲ့တွေ အလင်းရောင်ခရီးစဉ်အဖွဲ့အနေနဲ့ သူတို့လာပြီး ခွဲပေးတာ ရှိသလို နောက်တစ်ခြား တစ်ခြားကူမင်းကဆရာဝန်တွေလည်း လာကြတယ်။

အဲ့တော့ တရုတ်က လာပြီးခွဲတာဆိုရင် ဒါပါဆိုရင်(၈)ကြိမ်မြောက်လောက်ဖြစ်သွားပါပြီ။အခုတရုတ်ပြည် ယူနန်ဆေးကုသရေးအဖွဲ့က ၅ ရက် တာ စက်တင်ဘာ ၃ ရက်နေ့ အထိပေါ့လေ၊အခုဒီမှာ လူနာ ၂၀၀ ကျော်ခွဲပေးမယ်။၂၁၀ ယောက်လောက်ခွဲပေးမှာ ပေါ့။သူတို့က သိန်း ၉၀ ကိုလည်းဘုန်းကြီးတို့ဆေးရုံကိုလှူထားတာရှိတယ်။လှူထားတာက သိန်း ၉၀ ဆိုတော့ အခုဒီတစ်ပတ်ခွဲတာက ပစ္စည်းတေါအကုန်ပါလာတယ်။ လူနာတွေ မျက်လုံးထဲထည့်မယ့် ဆေးရည်တို့ ဘာတို့ကစပြီး အကုန်လုံးပါလာတာဆိုတော့ သူတို့လှူတဲ့ငွေသိန်း ၉၀ ကနောက်တစ်ကြိမ်ခွဲပေး ဖို့ရန် အထောက်အကူဖြစ်သွားတာပေါ့။

နောက်တစ်ကြိမ်က စက်တင်ဘာ ၂၈ နဲ့ ၂၉ မှာ (၁၀၆)ကြိမ်မြောက်အဖြစ်ခွဲမယ်။ (၁၀၆)ကြိမ်မြောက်ခွဲတဲ့ကုန်ကျမှုကို ဒီ တရုတ်ယူနန် လူမှုကူညီရေးအဖွဲ့ရဲ့ သူတို့လှူထားတဲ့ အလှူတော်ငွေတွေနဲ့ပဲဆက်ပြီးတော့လုပ်သွားမယ်။”လို့ ရွှေပြည်ဟိန်းဆရာတော် အရှင်ခေမာသီရိလင်္ကာရ က Opinion Leaders Media သို့မိန့်ကြားခဲ့ပါတယ်။

မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုကိုတရုတ်ပြည်မှဆေးကုသရေးအဖွဲ့တွေကနှစ်စဉ်လာရောက်ခွဲစိတ်ကု သပေးလျက်ရှိသလို အဆိုပါ သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံမှာလည်း တစ်လလျှင်တစ်ကြိမ် (သို့)နှစ်ကြိမ်ခန့် မြန်မာနိုင်ငံမှ မျက်စိအထူးကုဆရာဝန်ဖြင့်ပုံမှန် အခမဲ့ခွဲ ကုသပေးလျက်ရှိတယ်လို့ သိရပါတယ်။

“လက်ရှိဘုန်းကြီးကမျက်စိဆေးရုံအဖြစ်နဲ့သတ်မှတ်ပြီးတော့လုပ်ပေးတာပေါ့။ကျန်တဲ့အထွေထွေကုသမှုတွေကတော့ရှိပါတယ်။ကလေးတွေကိုကုပေးတာ ရှိတယ်။ အမျိုးသမီးတွေကို ကုပေးတာရှိတယ်။ နား၊နှာခေါင်း၊လည်ချောင်းကုတာရှိတယ်။ သွားရောဂါရှိတယ်၊ အပ်စိုက်ကုပေးတာ ရှိတယ်။ အထွေထွေပေါ့လေ တိရစ္ဆာန်လေးတွေကအစပေါ့လေ။ဘုန်းကြီးတို့ဆေးခန်းကတော့ တနလာင်္တစ်ရက်ပဲပိတ်တယ်။ ကျန်တဲ့ရက်တွေက အကုန်လုံးတစ်ပတ်မှာ(၆)ရက်ဖွင့်ပေးတာပေါ့။ဆေးရုံ အဖြစ်နဲ့ကတော့ မျက်စိတစ်မျိုးတည်းပဲ လက်ခံပြီးတော့ လုပ်ပေးပါ တယ်။ ပုံမှန်အတိုင်း တစ်လ တစ်ကြိမ်၊နှစ်ကြိမ် မျက်စိခွဲစိတ်ကုသတဲ့လုပ်ငန်းကတော့ပုံမှန်လုပ်ပေးသွားမှာပါ။”လို့ ရွှေပြည်ဟိန်းဆရာတော်က ဆက်လက် မိန့်ကြား ခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊စက်တင်ဘာ ၂

(  Zawgyi  )

 ၁၀၆ ႀကိမ္ေျမာက္အျဖစ္ မ်က္စိအတြင္းတိမ္လူနာမ်ားအား ယခုစက္တင္ဘာလအတြင္း ရန္ကုန္ၿမိဳ႕၊တာေမြေလးသံလမ္းအနီးရွိ သီတဂူေ႐ႊျပည္ဟိန္း စကၡဳဒါနေဆး႐ုံတြင္ ထပ္မံ၍ အခမဲ့ခြဲစိတ္ကုသေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။  အဆိုပါ ခြဲစိတ္ကုသမႈကို ယခု စက္တင္ဘာလ ၂၈ ရက္ႏွင့္ ၂၉ ရက္ေန႔မ်ားတြင္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး မ်က္စိအတြင္းတိမ္လူနာ ၁၀၀ ေက်ာ္ခန႔္အား ခြဲစိတ္ကုသေပး မွာျဖစ္တယ္လို႔ ဆိုပါတယ္။

“သီတဂူေ႐ႊျပည္ဟိန္းစကၡဳဒါနေဆး႐ုံက ၂၀၁၁ ခုႏွစ္ကစၿပီးဖြင့္တာပါ။တစ္လကိုတစ္ႀကိမ္ ႏွစ္ႀကိမ္ကို ၁၃၀ ေလာက္ပုံမွန္ခြဲေပးလာခဲ့တာ အခုဆိုရင္ခြဲေပးေနတာ ၁၀၅ ႀကိမ္ေျမာက္ေရာက္ပါၿပီ။ ၁၀၄ ႀကိမ္အထိကို ခြဲၿပီးတဲ့လူနာေပါင္း (၁၄၁၅၀)ဦးရွိသြားပါၿပီ။အဲ့ေတာ့ ၂၀၁၆ ခုႏွစ္ကစၿပီးေတာ့ ဝိသာခါေဖာင္ေဒးရွင္းရဲ႕ပံ့ပိုးမႈနဲ႔ တ႐ုတ္ျပည္၊ယူနန္ျပည္နယ္က အဖြဲ႕ေတြ အလင္းေရာင္ခရီးစဥ္အဖြဲ႕အေနနဲ႔ သူတို႔လာၿပီး ခြဲေပးတာ ရွိသလို ေနာက္တစ္ျခား တစ္ျခားကူမင္းကဆရာဝန္ေတြလည္း လာၾကတယ္။

အဲ့ေတာ့ တ႐ုတ္က လာၿပီးခြဲတာဆိုရင္ ဒါပါဆိုရင္(၈)ႀကိမ္ေျမာက္ေလာက္ျဖစ္သြားပါၿပီ။အခုတ႐ုတ္ျပည္ ယူနန္ေဆးကုသေရးအဖြဲ႕က ၅ ရက္ တာ စက္တင္ဘာ ၃ ရက္ေန႔ အထိေပါ့ေလ၊အခုဒီမွာ လူနာ ၂၀၀ ေက်ာ္ခြဲေပးမယ္။၂၁၀ ေယာက္ေလာက္ခြဲေပးမွာ ေပါ့။သူတို႔က သိန္း ၉၀ ကိုလည္းဘုန္းႀကီးတို႔ေဆး႐ုံကိုလႉထားတာရွိတယ္။လႉထားတာက သိန္း ၉၀ ဆိုေတာ့ အခုဒီတစ္ပတ္ခြဲတာက ပစၥည္းေတါအကုန္ပါလာတယ္။ လူနာေတြ မ်က္လုံးထဲထည့္မယ့္ ေဆးရည္တို႔ ဘာတို႔ကစၿပီး အကုန္လုံးပါလာတာဆိုေတာ့ သူတို႔လႉတဲ့ေငြသိန္း ၉၀ ကေနာက္တစ္ႀကိမ္ခြဲေပး ဖို႔ရန္ အေထာက္အကူျဖစ္သြားတာေပါ့။

ေနာက္တစ္ႀကိမ္က စက္တင္ဘာ ၂၈ နဲ႔ ၂၉ မွာ (၁၀၆)ႀကိမ္ေျမာက္အျဖစ္ခြဲမယ္။ (၁၀၆)ႀကိမ္ေျမာက္ခြဲတဲ့ကုန္က်မႈကို ဒီ တ႐ုတ္ယူနန္ လူမႈကူညီေရးအဖြဲ႕ရဲ႕ သူတို႔လႉထားတဲ့ အလႉေတာ္ေငြေတြနဲ႔ပဲဆက္ၿပီးေတာ့လုပ္သြားမယ္။”လို႔ ေ႐ႊျပည္ဟိန္းဆရာေတာ္ အရွင္ေခမာသီရိလကၤာရ က Opinion Leaders Media သို႔မိန႔္ၾကားခဲ့ပါတယ္။

မ်က္စိအတြင္းတိမ္ခြဲစိတ္ကုသမႈကိုတ႐ုတ္ျပည္မွေဆးကုသေရးအဖြဲ႕ေတြကႏွစ္စဥ္လာေရာက္ခြဲစိတ္ကု သေပးလ်က္ရွိသလို အဆိုပါ သီတဂူေ႐ႊျပည္ဟိန္းစကၡဳဒါနေဆး႐ုံမွာလည္း တစ္လလွ်င္တစ္ႀကိမ္ (သို႔)ႏွစ္ႀကိမ္ခန႔္ ျမန္မာႏိုင္ငံမွ မ်က္စိအထူးကုဆရာဝန္ျဖင့္ပုံမွန္ အခမဲ့ခြဲ ကုသေပးလ်က္ရွိတယ္လို႔ သိရပါတယ္။

“လက္ရွိဘုန္းႀကီးကမ်က္စိေဆး႐ုံအျဖစ္နဲ႔သတ္မွတ္ၿပီးေတာ့လုပ္ေပးတာေပါ့။က်န္တဲ့အေထြေထြကုသမႈေတြကေတာ့ရွိပါတယ္။ကေလးေတြကိုကုေပးတာ ရွိတယ္။ အမ်ိဳးသမီးေတြကို ကုေပးတာရွိတယ္။ နား၊ႏွာေခါင္း၊လည္ေခ်ာင္းကုတာရွိတယ္။ သြားေရာဂါရွိတယ္၊ အပ္စိုက္ကုေပးတာ ရွိတယ္။ အေထြေထြေပါ့ေလ တိရစာၦန္ေလးေတြကအစေပါ့ေလ။ဘုန္းႀကီးတို႔ေဆးခန္းကေတာ့ တနလာတၤစ္ရက္ပဲပိတ္တယ္။ က်န္တဲ့ရက္ေတြက အကုန္လုံးတစ္ပတ္မွာ(၆)ရက္ဖြင့္ေပးတာေပါ့။ေဆး႐ုံ အျဖစ္နဲ႔ကေတာ့ မ်က္စိတစ္မ်ိဳးတည္းပဲ လက္ခံၿပီးေတာ့ လုပ္ေပးပါ တယ္။ ပုံမွန္အတိုင္း တစ္လ တစ္ႀကိမ္၊ႏွစ္ႀကိမ္ မ်က္စိခြဲစိတ္ကုသတဲ့လုပ္ငန္းကေတာ့ပုံမွန္လုပ္ေပးသြားမွာပါ။”လို႔ ေ႐ႊျပည္ဟိန္းဆရာေတာ္က ဆက္လက္ မိန႔္ၾကား ခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊စက္တင္ဘာ ၂