မြစ်ကမ်းပါးပြိုကျ၍ မအူပင်မြို့နယ်အတွင်း တဲ့ထိုးနေထိုင်နေသူများ၏ ယာယီဝါးတဲ များကို ဒေသခံများက မီးရှို့ဖျက်ဆီး

  မြစ်ကမ်းပါးပြိုကျ၍ မအူပင်မြို့နယ်အတွင်း တဲ့ထိုးနေထိုင်နေသူများ၏ ယာယီဝါးတဲ များကို ဒေသခံများက မီးရှို့ဖျက်ဆီး

မြစ်ကမ်းပါးပြိုကျ၍ မအူပင်မြို့နယ်အတွင်း တဲ့ထိုးနေထိုင်နေသူများ၏ ယာယီဝါးတဲ များကို ဒေသခံများက မီးရှို့ဖျက်ဆီးမှု မေလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ မေလ ၁၃ ရက် ညနေ ၄ နာရီ ခွဲ အချိန်ခန့်တွင် ပန်းတနော်မြို့နယ်၊ ရွှေဖလားကျွန်းကျေးရွာ နေ ဦးသိန်းသန်းဇော် ပါ အိမ်ထောင်စု ၁၀ စုသည် ကျေးရွာအနီးရှိ တိုးမြစ်ကမ်းပါးပြိုကျ၍ မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာ နှင့် ပန်းတနော်မြို့နယ် ကဿဝင် ကျေးရွာ နယ်ခြားကျောက်တိုင်စိုက်ထားသော မအူပင်မြို့နယ်၊ နယ်နိမိတ်အတွင်း၌ ယာယီဝါးတဲ များ ဆောက်လုပ် နေထိုင်စဉ် မီးသွေးချောင်းကျေးရွာမှ ရွာသူ/သား ၅၀ ဦးခန့်က ဆောက်လုပ်ဆဲဝါးအိမ်များအား ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကဿဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ပန်းတနော် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး များသို့ မေလ ၁၄ ရက်နေ့တွင် သတင်းပေးပို့ခဲ့ရာ တာဝန်ရှိသူများသွားရောက်ခဲ့ပြီး ဦးသိန်းသန်းဇော်ပါ အိမ်ထောင်စု ၁၀ စုအား နေအိမ်များ ဆက်လက် ဆောက်လုပ်ခြင်း မပြုရန်တားမြစ်ခဲ့ပြီး ၎င်းတို့အား ကဿဝင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယာယီ နေထိုင်စေခဲ့ပါတယ်။ယင်းဖြစ်စဉ်အား ယနေ့ မေလ ၁၅ ရက်နေ့တွင် နှစ်ဖက်မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
မအူပင်၊ မေ ၁၅

(  Zawgyi  )

 ျမစ္ကမ္းပါးၿပိဳက်၍ မအူပင္ၿမိဳ႕နယ္အတြင္း တဲ့ထိုးေနထိုင္ေနသူမ်ား၏ ယာယီဝါးတဲ မ်ားကို ေဒသခံမ်ားက မီးရႈိ႕ဖ်က္ဆီးမႈ ေမလ ၁၃ ရက္ေန႔က ျဖစ္ပြားခဲ့တယ္လို႔ ျပည္ထဲေရးမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ေမလ ၁၃ ရက္ ညေန ၄ နာရီ ခြဲ အခ်ိန္ခန႔္တြင္ ပန္းတေနာ္ၿမိဳ႕နယ္၊ ေ႐ႊဖလားကြၽန္းေက်း႐ြာ ေန ဦးသိန္းသန္းေဇာ္ ပါ အိမ္ေထာင္စု ၁၀ စုသည္ ေက်း႐ြာအနီးရွိ တိုးျမစ္ကမ္းပါးၿပိဳက်၍ မအူပင္ၿမိဳ႕နယ္ မီးေသြးေခ်ာင္းေက်း႐ြာ ႏွင့္ ပန္းတေနာ္ၿမိဳ႕နယ္ ကႆဝင္ ေက်း႐ြာ နယ္ျခားေက်ာက္တိုင္စိုက္ထားေသာ မအူပင္ၿမိဳ႕နယ္၊ နယ္နိမိတ္အတြင္း၌ ယာယီဝါးတဲ မ်ား ေဆာက္လုပ္ ေနထိုင္စဥ္ မီးေသြးေခ်ာင္းေက်း႐ြာမွ ႐ြာသူ/သား ၅၀ ဦးခန႔္က ေဆာက္လုပ္ဆဲဝါးအိမ္မ်ားအား ဖ်က္ဆီးျခင္း၊ မီးရႈိ႕ျခင္းမ်ားျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ကႆဝင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမွ မအူပင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးႏွင့္ ပန္းတေနာ္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံး မ်ားသို႔ ေမလ ၁၄ ရက္ေန႔တြင္ သတင္းေပးပို႔ခဲ့ရာ တာဝန္ရွိသူမ်ားသြားေရာက္ခဲ့ၿပီး ဦးသိန္းသန္းေဇာ္ပါ အိမ္ေထာင္စု ၁၀ စုအား ေနအိမ္မ်ား ဆက္လက္ ေဆာက္လုပ္ျခင္း မျပဳရန္တားျမစ္ခဲ့ၿပီး ၎တို႔အား ကႆဝင္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး၌ ယာယီ ေနထိုင္ေစခဲ့ပါတယ္။ယင္းျဖစ္စဥ္အား ယေန႔ ေမလ ၁၅ ရက္ေန႔တြင္ ႏွစ္ဖက္ၿမိဳ႕နယ္တာဝန္ရွိသူမ်ားမွ ကြင္းဆင္းညႇိႏႈိင္း ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
မအူပင္၊ ေမ ၁၅