မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေးH1N1 ကြောင့် သေဆုံးသူ ၈၇ ဦးထိ ရှိလာ

မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေးH1N1 ကြောင့် သေဆုံးသူ ၈၇ ဦးထိ ရှိလာ

မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေး ကြောင့် သေဆုံးသူ ၈၇ ဦး ရှိလာပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှသတင်းထုတ်ပြန်ခဲ့ပါတယ်။ ရာသီတုပ်ကွေးကြောင့် ၂၀၁၉ ခုနှစ်မေလတွင် သေဆုံးသူ ၁ ဦး၊ ဇွန်လတွင် သေဆုံးသူ ၂၅ ဦး၊ဇူလိုင်လ မှ သြဂုတ်လ ၃ ရက်နေ့အထိ သေဆုံးသူ ၆၁ ဦးရှိ လာခဲ့တဲ့ အတွက် စုစုပေါင်းသေဆုံးသူ ၈၇ ဦး ရှိလာခဲ့ပြီဖြစ် ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးမှုအများဆုံးဖြစ်ပွားလျှက်ရှိရာ ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၆၃ ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။ဒုတိယသေဆုံးမှုအများဆုံးအဖြစ် ဧရာဝတီတိုင်းဒေသကြီးတွင် ၈ ဦး၊ ၊ပဲခူးတိုင်းဒေ သကြီးတွင် ၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး နဲ့ မွန်ပြည်နယ် တို့တွင် ၃ ဦး ၊ မကွေးတိုင်း ဒေသကြီး တွင် ၂ ဦး ၊ ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့ တွင် ၁ ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲစမ်းသပ်ခဲ့သူ ၁၀၉၉ ဦးတွင် ၄၅၇ ဦးဖြစ်ပွား လျှက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ သြဂုတ် ၄

(  Zawgyi  )




မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ သြဂုတ် ၎