မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ဦးစားပေးရေတိမ်ဒေသ ၁၀ ခုရွေးချယ်ခံရ၊ ရေတိမ်ထိန်းသိမ်းရန် အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရ

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ဦးစားပေးရေတိမ်ဒေသ ၁၀ ခုရွေးချယ်ခံရ၊ ရေတိမ်ထိန်းသိမ်းရန် အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရ

ငှက်မျိုးစိတ်တွေမျိုးသုဉ်းပျောက်ကွယ်မသွားရအောင်လို့၊ လူတို့နေထိုင်တဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဦးစားပေးရေတိမ်ဒေသ ၁၀ ခုရွေးချယ်သတ်မှတ်ကာ လေ့လာစမ်းစစ်မှုတွေပြုလုပ်နေတယ်လို့ မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌဒေါက်တာသိန်းအောင်ကပြောပါတယ်။

အဓိကကတော့ ရေတိမ်ဒေသတွေခန်းခြောက်မသွားအောင်အတွက်ပါ၊ ရေတိမ်ဒေသတွေဆုံးရှုံးရင် ဒေသအတွင်းမှာကျက်စားနေကြတဲ့ သိန်းနဲ့ချီရှိနေသေးတဲ့ငှက်မျိုးစိတ်တွေ မျိုးသုဉ်းပျောက်ကွယ်သွားမယ်၊ ဒါဆိုလူတွေအတွက်လည်း အန္တရာယ်ရှိလာနိုင်တယ်၊ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသမှာ ရေတိမ်ဒေသ ၁၀ နေရာဦးစားပေးရွေးချယ်သတ်မှတ်ပြီး လေ့လာစမ်းစစ်မှုတွေလုပ်သွားမယ် လို့ ၎င်းကဆိုပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ ရေတိမ်ဒေသတွေအများကြီးရှိတဲ့အထဲကမှ အဓိကဦးစားပေး ၁၀ နေရာရွေးချယ်သတ်မှတ်လိုက်တာပဲကဖြစ်ပြီး အဲဒီ ၁၀ နေရာကတော့ တောင်သမန်အင်း၊ ပလိပ်အင်း၊ ဘနှောအင်း၊ ပြူကန်၊ ကောင်းမှုတော်အင်း၊ ပဒူအင်း၊ ရေမြက်ကြီးအင်း၊ စွန်ရဲအင်း၊ စကျင်အင်းနဲ့ မန္တလေးမြို့အနီးကဧရာဝတီမြစ်ပိုင်းတို့ဖြစ်တယ်လို့သိရပါတယ်။

အဲဒီဦးစားပေး ၁၀ နေရာမှာ လူတွေအတွက်ဘယ်လောက်အထိမှီခိုအားထားရသလဲ ဆောင်းခိုငှက်လို ဟာမျိုးတွေ ဘယ်လောက် များများ ကျက်စားသလဲ၊ နောက်တစ်ခုက ကမ္ဘာမှာတောင်ရှားပါးပျောက်ကွယ်တော့အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ငှက်မျိုးစိတ်တွေ ဘယ်လောက် အထိ လာကျက်စားကြ သလဲ ဒါ တွေအပေါ်မူတည်ပြီးဦးစားပေးရွေးချယ်လိုက်တာပါ လို့လည်း ၎င်းကပြောပါတယ်။

ရေတိမ်ဒေသဖြစ်စဉ်က မြေ ရေ အပင်နှင့်သတ္တဝါအစရှိတဲ့အခြခံအစိတ်အပိုင်းတွေရဲ့ အပြန်အလှန် အကျိုးသက်ရောက်မှုအပေါ် အခြေခံ တာကြောင့် ရေ တိမ်ဒေသဟာ လူတို့အသက်ရှင်သန်နေထိုင်နိုင်ဖို့အတွက် အဓိကအထောက်အပံ့တစ်ခုဖြစ်ကြောင်း၊ ရေတိမ်ဒေသရေ ရှည်တည်တံ့ဖို့အတွက်ဆိုရင် ရေတိမ်ဒေသ ရေဝင်ရေထွက်မှန်ကန်ဖို့၊ ရေဝင်ထိန်းသိမ်းမှုမှန်ကန်ဖို့၊ ရေတိမ်ဒေသ မှီခိုအားထားနေရ တဲ့ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုကို ဦးစားပေးလုပ်ဆောင်ပေးဖို့၊ ရေနဲ့ဇီဝအရင်းအမြစ်တွေစီးပွားဖြစ်ထုတ်ယူရာမှာ စဉ်ဆက်မပြတ် နည်းလမ်းမှန်လုပ်ဆောင်ဖို့တို့က အလွန်ပဲအရေးကြီးတယ် လို့ သိရပါတယ်။

မြေကြီးပေါ်မှာမြင်ရတွေ့ရတဲ့ရေပြင်တွေအားလုံးက ရေတိမ်ဒေသပဲပေါ့၊ ရေရှိမှအသက်ရှင်နိုင်မယ်၊ ရေရှိဖို့ကရေတိမ်ဒေသရှိမှဖြစ်မှာ၊ ရေတိမ်ဒေသမရှိ ရင်ဘာဖြစ်မလဲဆိုတော့ လူတွေတိရစ္ဆာန်တွေ အပင်တွေအသက်မရှင်နိုင်တော့ဘူးပေါ့ လို့ ဒေါက်တာသိန်းအောင် ကပြောပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၀၅ ခုနှစ် မတ်လ ၁၇ ရက်နေ့က နိုင်ငံတကာအရေးကြီးရေတိမ်ဒေသများကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအဖြစ်ရရှိခဲ့တာဖြစ်ပြီး နိုင်ငံတကာအရေးကြီးရေတိမ်ဒေသတွေအဖြစ် မိုးယွန်းကြီးအင်း၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့နဲ့အင်းလေးကန်တို့ သတ်မှတ်ခံထားရပါတယ်။        
                     
KT                                                           
 မန္တလေး၊ သြဂုတ် ၂၆

(  Zawgyi  )

 ငွက္မ်ိဳးစိတ္ေတြမ်ိဳးသုဥ္းေပ်ာက္ကြယ္မသြားရေအာင္လို႔၊ လူတို႔ေနထိုင္တဲ့သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ဖို႔အတြက္ ျမန္မာႏိုင္ငံအလယ္ပိုင္းမွာ ဦးစားေပးေရတိမ္ေဒသ ၁၀ ခုေ႐ြးခ်ယ္သတ္မွတ္ကာ ေလ့လာစမ္းစစ္မႈေတြျပဳလုပ္ေနတယ္လို႔ ျမန္မာငွက္ႏွင့္ သဘာဝထိန္းသိမ္းေရးအသင္းဥကၠ႒ေဒါက္တာသိန္းေအာင္ကေျပာပါတယ္။

အဓိကကေတာ့ ေရတိမ္ေဒသေတြခန္းေျခာက္မသြားေအာင္အတြက္ပါ၊ ေရတိမ္ေဒသေတြဆုံးရႈံးရင္ ေဒသအတြင္းမွာက်က္စားေနၾကတဲ့ သိန္းနဲ႔ခ်ီရွိေနေသးတဲ့ငွက္မ်ိဳးစိတ္ေတြ မ်ိဳးသုဥ္းေပ်ာက္ကြယ္သြားမယ္၊ ဒါဆိုလူေတြအတြက္လည္း အႏၲရာယ္ရွိလာႏိုင္တယ္၊ ဒါေၾကာင့္မို႔လို႔ ျမန္မာႏိုင္ငံအလယ္ပိုင္း ေဒသမွာ ေရတိမ္ေဒသ ၁၀ ေနရာဦးစားေပးေ႐ြးခ်ယ္သတ္မွတ္ၿပီး ေလ့လာစမ္းစစ္မႈေတြလုပ္သြားမယ္ လို႔ ၎ကဆိုပါတယ္။

ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသမွာ ေရတိမ္ေဒသေတြအမ်ားႀကီးရွိတဲ့အထဲကမွ အဓိကဦးစားေပး ၁၀ ေနရာေ႐ြးခ်ယ္သတ္မွတ္လိုက္တာပဲကျဖစ္ၿပီး အဲဒီ ၁၀ ေနရာကေတာ့ ေတာင္သမန္အင္း၊ ပလိပ္အင္း၊ ဘေႏွာအင္း၊ ျပဴကန္၊ ေကာင္းမႈေတာ္အင္း၊ ပဒူအင္း၊ ေရျမက္ႀကီးအင္း၊ စြန္ရဲအင္း၊ စက်င္အင္းနဲ႔ မႏၲေလးၿမိဳ႕အနီးကဧရာဝတီျမစ္ပိုင္းတို႔ျဖစ္တယ္လို႔သိရပါတယ္။

အဲဒီဦးစားေပး ၁၀ ေနရာမွာ လူေတြအတြက္ဘယ္ေလာက္အထိမွီခိုအားထားရသလဲ ေဆာင္းခိုငွက္လို ဟာမ်ိဳးေတြ ဘယ္ေလာက္ မ်ားမ်ား က်က္စားသလဲ၊ ေနာက္တစ္ခုက ကမာၻမွာေတာင္ရွားပါးေပ်ာက္ကြယ္ေတာ့အႏၲရာယ္နဲ႔ရင္ဆိုင္ေနရတဲ့ငွက္မ်ိဳးစိတ္ေတြ ဘယ္ေလာက္ အထိ လာက်က္စားၾက သလဲ ဒါ ေတြအေပၚမူတည္ၿပီးဦးစားေပးေ႐ြးခ်ယ္လိုက္တာပါ လို႔လည္း ၎ကေျပာပါတယ္။

ေရတိမ္ေဒသျဖစ္စဥ္က ေျမ ေရ အပင္ႏွင့္သတၱဝါအစရွိတဲ့အျခခံအစိတ္အပိုင္းေတြရဲ႕ အျပန္အလွန္ အက်ိဳးသက္ေရာက္မႈအေပၚ အေျခခံ တာေၾကာင့္ ေရ တိမ္ေဒသဟာ လူတို႔အသက္ရွင္သန္ေနထိုင္ႏိုင္ဖို႔အတြက္ အဓိကအေထာက္အပံ့တစ္ခုျဖစ္ေၾကာင္း၊ ေရတိမ္ေဒသေရ ရွည္တည္တံ့ဖို႔အတြက္ဆိုရင္ ေရတိမ္ေဒသ ေရဝင္ေရထြက္မွန္ကန္ဖို႔၊ ေရဝင္ထိန္းသိမ္းမႈမွန္ကန္ဖို႔၊ ေရတိမ္ေဒသ မွီခိုအားထားေနရ တဲ့ေဒသခံေတြရဲ႕ အသက္ေမြးဝမ္းေက်ာင္းမႈကို ဦးစားေပးလုပ္ေဆာင္ေပးဖို႔၊ ေရနဲ႔ဇီဝအရင္းအျမစ္ေတြစီးပြားျဖစ္ထုတ္ယူရာမွာ စဥ္ဆက္မျပတ္ နည္းလမ္းမွန္လုပ္ေဆာင္ဖို႔တို႔က အလြန္ပဲအေရးႀကီးတယ္ လို႔ သိရပါတယ္။

ေျမႀကီးေပၚမွာျမင္ရေတြ႕ရတဲ့ေရျပင္ေတြအားလုံးက ေရတိမ္ေဒသပဲေပါ့၊ ေရရွိမွအသက္ရွင္ႏိုင္မယ္၊ ေရရွိဖို႔ကေရတိမ္ေဒသရွိမွျဖစ္မွာ၊ ေရတိမ္ေဒသမရွိ ရင္ဘာျဖစ္မလဲဆိုေတာ့ လူေတြတိရစာၦန္ေတြ အပင္ေတြအသက္မရွင္ႏိုင္ေတာ့ဘူးေပါ့ လို႔ ေဒါက္တာသိန္းေအာင္ ကေျပာပါတယ္။

ျမန္မာႏိုင္ငံဟာ ၂၀၀၅ ခုႏွစ္ မတ္လ ၁၇ ရက္ေန႔က ႏိုင္ငံတကာအေရးႀကီးေရတိမ္ေဒသမ်ားကြန္ဗင္းရွင္းအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ရရွိခဲ့တာျဖစ္ၿပီး ႏိုင္ငံတကာအေရးႀကီးေရတိမ္ေဒသေတြအျဖစ္ မိုးယြန္းႀကီးအင္း၊ မိန္းမလွကြၽန္းေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ၊ အင္းေတာ္ႀကီးေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာ၊ မုတၱမပင္လယ္ေကြ႕နဲ႔အင္းေလးကန္တို႔ သတ္မွတ္ခံထားရပါတယ္။        
                     
KT                                                           
 မႏၲေလး၊ ၾသဂုတ္ ၂၆