မြန်မာနိုင်ငံ၌ လူလေးဦးတွင် တစ်ဦး ဆင်းရဲနွမ်းပါးလျက်ရှိပြီး ဆင်းရဲနွမ်းပါး မှုအများဆုံး၊ချင်းပြည်နယ်ဖြစ်ပြီ ရခိုင်ပြည်နယ်မှာဒုတိယအများဆုံး ဖြစ်ဟုဆို

မြန်မာနိုင်ငံ၌ လူလေးဦးတွင် တစ်ဦး ဆင်းရဲနွမ်းပါးလျက်ရှိပြီးဆင်းရဲနွမ်းပါး မှုအများဆုံး၊ချင်းပြည်နယ် ဖြစ်ပြီ ရခိုင်ပြည်နယ်မှာ ဒုတိယအများဆုံး ဖြစ်ဟုဆို

မြန်မာနိုင်ငံ၌ လူလေးဦးတွင် တစ်ဦး ဆင်းရဲနွမ်းပါးလျက်ရှိပြီးဆင်းရဲနွမ်းပါးမှုအများဆုံး၊ ချင်းပြည် နယ် ဖြစ်ပြီး ရခိုင်ပြည်နယ်မှာဒုတိယအများဆုံး ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန် ကြီး ဦးစိုးဝင်းက ဆင်းရဲနွမ်းပါမှုအစီရင်ခံစာမိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းမှ မြန်မာနိုင်ငံ ဗဟိုစာရင်းအင်း အဖွဲ့ ၊ ကမ္ဘာ့ဘဏ်နှင့် UNDP တို့ပူးပေါင်း ဆောင်ရွက်ခဲ့သည့် မြန်မာ့ နေထိုင်မှု အခြေအနေ စစ်တမ်း(၂၀၁၇) အစီရင်ခံစာအရ မြန်မာနိုင်ငံ၌ လူလေးဦးတွင် တစ်ဦး ဆင်းရဲနွမ်းပါး လျက်ရှိကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံ လူဦးရေ၏ ၂၄ ဒသမ ၈ ရာခိုင်နှုန်း( ၁၁ ဒသမ ၈ သန်း)တို့သည် ဆင်းရဲနွမ်းပါးလျက်ရှိကြောင်း၊ ၂၀၁၅ ခုနှစ်၌ ဆင်းရဲနွမ်းပါးမှုဦးရေ ၄၈ ဒသမ ၂ ရာခိုင်နှုန်းနှင့်ယှဉ်ပါက လျော့ကျလာခြင်းဖြစ်ကြောင်း၊စစ်တမ်းရဲ့ ရလဒ်အရ ချင်းပြည်နယ်က ဆင်းရဲနွမ်းပါးမှု အများဆုံး၊ ပြီးရင် ရခိုင်ပြည်နယ်က ဒုတိယအများဆုံး ဖြစ်နေတာ တွေ့ရပါကြောင်းနိုင်ငံတော်အနေနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းကို အစွမ်းကုန်ကြိုးပမ်းနေသော်လည်း ဒီဒေသ နှစ်ခုကတော့ အားနည်းချက်အဖြစ် ရှိနေခဲ့ပါကြောင်း၊ ယင်း အစီရင်ခံစာ မှသိရှိရခြင်းမှာလူအများစုဟာ ဆင်းရဲ နွမ်းပါးသူတွေ အဖြစ် သတ်မှတ်ထားသည့်အထဲ မပါသော်လည်း၎င်းတို့ နေထိုင် စားသုံးမှု အခြေအနေက ဆင်းရဲနွမ်းပါးမှု မျဉ်းနှင့်အတော်နီးနေသည်ဆိုတဲ့အချက် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်၍၎င်းစစ်တမ်းအစီရင်ခံစာအရ ကျေးလက်နေပြည်သူအများစုတို့က ပိုပြီး ဆင်းရဲကြောင်း၊ အ ထူး သဖြင့် လယ်ယာလုပ်ငန်းတွင် လုပ်ကိုင်နေသူများ ဖြစ်ကြောင်း၊ လယ်ယာလုပ်ကိုင်များတွင် လည်း လယ်ယာပိုင်ဆိုင်မှု မရှိသူတိုက ပိုပြီး ဆင်းရဲကြကြောင်း၊ ထိုတွေ့ရှိချက် များက စီးပွားရေးဆိုင်ရာ ဆုံးဖြတ် ချက်များ အတွက်သာမက နိုင်ငံရေး ဆုံးဖြတ်ချက်များအတွက်ပါ အသုံးဝင်ကြောင်း၊ ကျေးလက် ဒေသများ၌ လယ်မြေမူဝါများ ပြန်လည် ပြင်ဆင်ရေး၊ လယ်ယာ ထုတ်ကုန်များ တိုးမြင့် လာရေးအတွက် ခေတ်မီနည်း ပညာ များ အသုံးပြုနိုင်အောင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာရေး တို့အတွက်လည်း အသုံးတည့်သည့် အစီရင်ခံစာ ဖြစ် ကြောင်း၊ ကျေးလက်ဒေသ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ် ပို့ဆောင်ရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေ ရရှိရေး စသည့် အခြေခံ အဆောက်အအုံများ ပြည့်စုံလာအောင် ဖြည့်ဆည်းပေးခြင့်ဖြင့် ကျေးလက်နေ ပြည်သူ များ လူမှု စီးပွား ဖွံ့ဖြိုး လာစေရေးအတွက် ဆောင်ရွက်ခြင်းဟာ နိုင်ငံတော်ရဲ့ ဆင်းရဲနွမ်းပါးမှုကို လျော့ကျစေတဲ့ တွန်းအား တစ်ရပ်လည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယနေ့နံနက်ပိုင်းနေပြည်တော်၊သင်္ဂဟဟိုတယ်တွင်ကျင်းပပြုလုပ်သည့်မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း(၂၀၁၇)မှကောက်ယူရရှိသည့်အချက်အလက်များကိုအခြေခံ၍စိစစ်ပြုစုထုတ်ပြန်သည့် ဆင်းရဲနွမ်းပါမှု အစီ ရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။၂၀၁၆ ဒီဇင်ဘာလမှ ၂၀၁၇ နိုဝင်ဘာလအထိ ၁၂ လအချိန်ယူပြီး နိုင်ငံတစ်ဝှမ်း စာရင်းအင်း နည်းလမ်း အရ ရွေးချယ်ထားသော မြို့နယ်ပေါင်း ၂၉၆ မြို့နယ်ရှိ အိမ်ထောင်စု ၁၃၇၃၀ စုထံမှ ကောက်ယူထားသည့် အ ဆိုပါ အစီရင်ခံစာအရ မြို့ပြများ၌ လူဦးရေ ဆယ်ဦးတွင် တစ်ဦးက ဆင်းရဲပြီး၊ ကျေးလက်၌ ၁၀ ဦးတွင် သုံးဦး က ဆင်းရဲကြောင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ သည် အဆင်းရဲဆုံး ဖြစ်ပြီး တနင်္သာရီ၊ မန္တလေးနှင့် ရန်ကုန် တိုင်းဒေသကြီးတို့သည် ဆင်းရဲမှု အနည်းဆုံး ဖြစ်ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် ဆင်းရဲသောသူများ အများဆုံး (လူဦးရေ ၁ ဒသမ ၅ သန်းကျော်စီ အသီးသီး ) နေထိုင် ကြကြောင်း၊ ၂၀၁၅ မှ ၂၀၁၇ အတွင်း ဆင်းရဲသူ ဦးရေ ထက်ဝက် ကျဆင်းသွားခဲ့ကြောင်း၊ ကျဆင်းမှုမှာ မြို့ပြ တွင် ၄၄ ရာခိုင်နှုန်းနှင့် ကျေးလက်တွင် ၆၅ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြ ပါရှိကြောင်း သိရှိရပါတယ်။

PTG
နေပြည်တော်၊ ဇွန် ၂၇ ရက်

(  Zawgyi  )

 ျမန္မာႏိုင္ငံ၌ လူေလးဦးတြင္ တစ္ဦး ဆင္းရဲႏြမ္းပါးလ်က္ရွိၿပီးဆင္းရဲႏြမ္းပါးမႈအမ်ားဆုံး၊ ခ်င္းျပည္ နယ္ ျဖစ္ၿပီး ရခိုင္ျပည္နယ္မွာဒုတိယအမ်ားဆုံး ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ ႀကီး ဦးစိုးဝင္းက ဆင္းရဲႏြမ္းပါမႈအစီရင္ခံစာမိတ္ဆက္ပြဲအခမ္းအနားတြင္ ေျပာၾကားခဲ့ပါတယ္။

စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးစိုးဝင္းမွ ျမန္မာႏိုင္ငံ ဗဟိုစာရင္းအင္း အဖြဲ႕ ၊ ကမာၻ႔ဘဏ္ႏွင့္ UNDP တို႔ပူးေပါင္း ေဆာင္႐ြက္ခဲ့သည့္ ျမန္မာ့ ေနထိုင္မႈ အေျခအေန စစ္တမ္း(၂၀၁၇) အစီရင္ခံစာအရ ျမန္မာႏိုင္ငံ၌ လူေလးဦးတြင္ တစ္ဦး ဆင္းရဲႏြမ္းပါး လ်က္ရွိေၾကာင္း၊ တစ္နည္းအားျဖင့္ ႏိုင္ငံ လူဦးေရ၏ ၂၄ ဒသမ ၈ ရာခိုင္ႏႈန္း( ၁၁ ဒသမ ၈ သန္း)တို႔သည္ ဆင္းရဲႏြမ္းပါးလ်က္ရွိေၾကာင္း၊ ၂၀၁၅ ခုႏွစ္၌ ဆင္းရဲႏြမ္းပါးမႈဦးေရ ၄၈ ဒသမ ၂ ရာခိုင္ႏႈန္းႏွင့္ယွဥ္ပါက ေလ်ာ့က်လာျခင္းျဖစ္ေၾကာင္း၊စစ္တမ္းရဲ႕ ရလဒ္အရ ခ်င္းျပည္နယ္က ဆင္းရဲႏြမ္းပါးမႈ အမ်ားဆုံး၊ ၿပီးရင္ ရခိုင္ျပည္နယ္က ဒုတိယအမ်ားဆုံး ျဖစ္ေနတာ ေတြ႕ရပါေၾကာင္းႏိုင္ငံေတာ္အေနနဲ႔ ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ်ေရး လုပ္ငန္းကို အစြမ္းကုန္ႀကိဳးပမ္းေနေသာ္လည္း ဒီေဒသ ႏွစ္ခုကေတာ့ အားနည္းခ်က္အျဖစ္ ရွိေနခဲ့ပါေၾကာင္း၊ ယင္း အစီရင္ခံစာ မွသိရွိရျခင္းမွာလူအမ်ားစုဟာ ဆင္းရဲ ႏြမ္းပါးသူေတြ အျဖစ္ သတ္မွတ္ထားသည့္အထဲ မပါေသာ္လည္း၎တို႔ ေနထိုင္ စားသုံးမႈ အေျခအေနက ဆင္းရဲႏြမ္းပါးမႈ မ်ဥ္းႏွင့္အေတာ္နီးေနသည္ဆိုတဲ့အခ်က္ ျဖစ္ပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍၎စစ္တမ္းအစီရင္ခံစာအရ ေက်းလက္ေနျပည္သူအမ်ားစုတို႔က ပိုၿပီး ဆင္းရဲေၾကာင္း၊ အ ထူး သျဖင့္ လယ္ယာလုပ္ငန္းတြင္ လုပ္ကိုင္ေနသူမ်ား ျဖစ္ေၾကာင္း၊ လယ္ယာလုပ္ကိုင္မ်ားတြင္ လည္း လယ္ယာပိုင္ဆိုင္မႈ မရွိသူတိုက ပိုၿပီး ဆင္းရဲၾကေၾကာင္း၊ ထိုေတြ႕ရွိခ်က္ မ်ားက စီးပြားေရးဆိုင္ရာ ဆုံးျဖတ္ ခ်က္မ်ား အတြက္သာမက ႏိုင္ငံေရး ဆုံးျဖတ္ခ်က္မ်ားအတြက္ပါ အသုံးဝင္ေၾကာင္း၊ ေက်းလက္ ေဒသမ်ား၌ လယ္ေျမမူဝါမ်ား ျပန္လည္ ျပင္ဆင္ေရး၊ လယ္ယာ ထုတ္ကုန္မ်ား တိုးျမင့္ လာေရးအတြက္ ေခတ္မီနည္း ပညာ မ်ား အသုံးျပဳႏိုင္ေအာင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမိုရရွိလာေရး တို႔အတြက္လည္း အသုံးတည့္သည့္ အစီရင္ခံစာ ျဖစ္ ေၾကာင္း၊ ေက်းလက္ေဒသ ပညာေရး၊ က်န္းမာေရး၊ ဆက္သြယ္ ပို႔ေဆာင္ေရး၊ လွ်ပ္စစ္မီးႏွင့္ ေသာက္သုံးေရ ရရွိေရး စသည့္ အေျခခံ အေဆာက္အအုံမ်ား ျပည့္စုံလာေအာင္ ျဖည့္ဆည္းေပးျခင့္ျဖင့္ ေက်းလက္ေန ျပည္သူ မ်ား လူမႈ စီးပြား ဖြံ႕ၿဖိဳး လာေစေရးအတြက္ ေဆာင္႐ြက္ျခင္းဟာ ႏိုင္ငံေတာ္ရဲ႕ ဆင္းရဲႏြမ္းပါးမႈကို ေလ်ာ့က်ေစတဲ့ တြန္းအား တစ္ရပ္လည္း ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ယေန႔နံနက္ပိုင္းေနျပည္ေတာ္၊သဂၤဟဟိုတယ္တြင္က်င္းပျပဳလုပ္သည့္ျမန္မာေနထိုင္မႈအေျခအေနစစ္တမ္း(၂၀၁၇)မွေကာက္ယူရရွိသည့္အခ်က္အလက္မ်ားကိုအေျခခံ၍စိစစ္ျပဳစုထုတ္ျပန္သည့္ ဆင္းရဲႏြမ္းပါမႈ အစီ ရင္ခံစာ မိတ္ဆက္ပြဲအခမ္းအနားတြင္ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။၂၀၁၆ ဒီဇင္ဘာလမွ ၂၀၁၇ ႏိုဝင္ဘာလအထိ ၁၂ လအခ်ိန္ယူၿပီး ႏိုင္ငံတစ္ဝွမ္း စာရင္းအင္း နည္းလမ္း အရ ေ႐ြးခ်ယ္ထားေသာ ၿမိဳ႕နယ္ေပါင္း ၂၉၆ ၿမိဳ႕နယ္ရွိ အိမ္ေထာင္စု ၁၃၇၃၀ စုထံမွ ေကာက္ယူထားသည့္ အ ဆိုပါ အစီရင္ခံစာအရ ၿမိဳ႕ျပမ်ား၌ လူဦးေရ ဆယ္ဦးတြင္ တစ္ဦးက ဆင္းရဲၿပီး၊ ေက်းလက္၌ ၁၀ ဦးတြင္ သုံးဦး က ဆင္းရဲေၾကာင္း၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔ သည္ အဆင္းရဲဆုံး ျဖစ္ၿပီး တနသၤာရီ၊ မႏၲေလးႏွင့္ ရန္ကုန္ တိုင္းေဒသႀကီးတို႔သည္ ဆင္းရဲမႈ အနည္းဆုံး ျဖစ္ေၾကာင္း၊ ဧရာဝတီတိုင္း ေဒသႀကီး၊ ရွမ္းျပည္နယ္ႏွင့္ စစ္ကိုင္း တိုင္းေဒသႀကီးတို႔တြင္ ဆင္းရဲေသာသူမ်ား အမ်ားဆုံး (လူဦးေရ ၁ ဒသမ ၅ သန္းေက်ာ္စီ အသီးသီး ) ေနထိုင္ ၾကေၾကာင္း၊ ၂၀၁၅ မွ ၂၀၁၇ အတြင္း ဆင္းရဲသူ ဦးေရ ထက္ဝက္ က်ဆင္းသြားခဲ့ေၾကာင္း၊ က်ဆင္းမႈမွာ ၿမိဳ႕ျပ တြင္ ၄၄ ရာခိုင္ႏႈန္းႏွင့္ ေက်းလက္တြင္ ၆၅ ရာခိုင္ႏႈန္း ရွိေၾကာင္း ေဖာ္ျပ ပါရွိေၾကာင္း သိရွိရပါတယ္။

PTG
ေနျပည္ေတာ္၊ ဇြန္ ၂၇ ရက္