မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် နောက် ၃ ရက်အတွင်း မိုးကြီးမည်

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် နောက် ၃ ရက်အတွင်း မိုးကြီးမည်

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် နောက် ၃ ရက်အတွင်း မိုးကြီးမည်ဖြစ်ကြောင်း မိုး/ဇလမှ ယနေ့ ဇူလိုင်လ ၁၀ ရက် မွန်းလွဲ ၂ နာရီအချိန်မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပြီး ယင်းဒေသများတွင် (၂၄) နာရီအတွင်း မိုးရေချိန် (၃) လက်မနှင့် အထက် ရွာသွန်းနိုင်တယ်လို့ မိုး/ဇလမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က “အိန္ဒိယထဲက ရွှေ့လာတဲ့ လေဖိအားနည်းမြှောင်တန်းက မြန်မာနိုင်ငံ မြောက်ပိုင်းကနေ ဖြတ်နိုင်တဲ့အတွက် နောက် ၇၂ နာရီအတွင်း မိုးကြီးနိုင်တဲ့ သတိပေးချက်၊ နေရာကွက်မိုးကြီးမှုတွေ၊ ဒေသအလိုက်မိုးကြီးမှုတွေ ဖြစ်နိုင်တဲ့အတွက် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်” လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇူလိုင် - ၁၀

( Zawgyi )

ျမန္မာႏိုင္ငံ ေျမာက္ပိုင္းေဒသမ်ားတြင္ ေနာက္ ၃ ရက္အတြင္း မိုးႀကီးမည္ျဖစ္ေၾကာင္း မိုး/ဇလမွ ယေန႔ ဇူလိုင္လ ၁၀ ရက္ မြန္းလြဲ ၂ နာရီအခ်ိန္မွာ သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံ ေျမာက္ပိုင္းေဒသမ်ားျဖစ္သည့္ စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္းနဲ႔ ကခ်င္ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပားမိုး႐ြာၿပီး၊ ေနရာကြက္၍ မိုးႀကီးျခင္းႏွင့္ ေဒသအလိုက္ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚႏိုင္ၿပီး ယင္းေဒသမ်ားတြင္ (၂၄) နာရီအတြင္း မိုးေရခ်ိန္ (၃) လက္မႏွင့္ အထက္ ႐ြာသြန္းႏိုင္တယ္လို႔ မိုး/ဇလမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မိုး/ဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦး က “အိႏၵိယထဲက ေ႐ႊ႕လာတဲ့ ေလဖိအားနည္းေျမႇာင္တန္းက ျမန္မာႏိုင္ငံ ေျမာက္ပိုင္းကေန ျဖတ္ႏိုင္တဲ့အတြက္ ေနာက္ ၇၂ နာရီအတြင္း မိုးႀကီးႏိုင္တဲ့ သတိေပးခ်က္၊ ေနရာကြက္မိုးႀကီးမႈေတြ၊ ေဒသအလိုက္မိုးႀကီးမႈေတြ ျဖစ္ႏိုင္တဲ့အတြက္ သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္” လို႔ ဆိုပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇူလိုင္ - ၁၀