မြန်မာနိုင်ငံ အထက်ပိုင်း မိုးရွာသွန်းသည့် အချိန်အထိ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုများ ဆက်လက် လုပ်ဆောင်မည်

မြန်မာနိုင်ငံ အထက်ပိုင်း မိုးရွာသွန်းသည့် အချိန်အထိ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုများ ဆက်လက် လုပ်ဆောင်မည်

မြန်မာနိုင်ငံ အထက်ပိုင်းတွင် မိုးရွားသွန်းသည့် အချိန်အထိ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုများ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှ မေလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြိးအတွင်း မေလ ၁ ရက်နေ့မှ စတင်ကာ မိုးရွာသွန်းခဲသော်လည်း ရေအားလျှပ်စစ် စက်ရုံများ တည်ရှိသည့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် မိုးရွာသွန်းမှု မရှိသဖြင့် ရေအားလျှပ်စစ် ထုတ်လုပ်သည့် ဆည်တမံ များတွင် ရေများလျော့နည်းနေဆဲ ဖြစ်သည့်အတွက်  မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် မိုးရွာသွန်းသည့် အချိန်ကာလအထိ ဓာတ်အားစနစ်တညိငြိမ်မှု ရှိစေရန် လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုကို ချွေတာ ထိန်းညှိပေးထားရမှာဖြစ်တဲ့အတွက် ဝန်အားလျော့ချမှုများ ဆက်လက်ပြုလုပ်မယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အလှည့်ကျ ဝန်အားလျော့ချရာတွင် အများပြည်သူ မီးသုံးသူ ရပ်ကွက်များအား ၁ ရက်လျှင် အများဆုံး ၃ ကြိမ် မှ အနည်းဆုံး ၂ ကြိမ် ဝန်အားလျော့ချမည်ဖြစ်ပြီး ၁ ကြိမ်  လျှင် ၂ နာရီခန့်ကြာမြင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်နေရာများအား နေ့စဉ် ညနေ (၄) နာရီ မှ ည (၁၀)နာရီ အချိန်အထိ ဝန်အား လျော့ချ မည်ဖြစ်ပြီး ပင်မဓာတ်အားလိုင်းများအပြစ်ဖြစ်၍ ဓာတ်အားပြတ်တောက်ခြင်းနှင့် ဓာတ်အားထုတ်စက်များချိုု့ ယွင်း၍ ဓာတ်အားသုံးစွဲမှုလျော့ချရခြင်းများ ဖြစ်ပေါ်ပါကအချိန်နှင်တစ်ပြေးညီ အသိပေး တင်ပြသွားမှာ ဖြစ် တယ်လို့ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ မေ ၁၁
YESC - CallCenter

( Zawgyi )

ျမန္မာႏိုင္ငံ အထက္ပိုင္းတြင္ မိုး႐ြားသြန္းသည့္ အခ်ိန္အထိ လွ်ပ္စစ္ဓာတ္အား ျဖတ္ေတာက္မႈမ်ား ဆက္လက္ လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း မွ ေမလ ၁၀ ရက္ေန႔တြင္ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ရန္ကုန္တိုင္းေဒသႀကိးအတြင္း ေမလ ၁ ရက္ေန႔မွ စတင္ကာ မိုး႐ြာသြန္းခဲေသာ္လည္း ေရအားလွ်ပ္စစ္ စက္႐ုံမ်ား တည္ရွိသည့္ ျမန္မာႏိုင္ငံ အထက္ပိုင္း ေဒသမ်ားတြင္ မိုး႐ြာသြန္းမႈ မရွိသျဖင့္ ေရအားလွ်ပ္စစ္ ထုတ္လုပ္သည့္ ဆည္တမံ မ်ားတြင္ ေရမ်ားေလ်ာ့နည္းေနဆဲ ျဖစ္သည့္အတြက္  ျမန္မာႏိုင္ငံအထက္ပိုင္း ေဒသမ်ားတြင္ မိုး႐ြာသြန္းသည့္ အခ်ိန္ကာလအထိ ဓာတ္အားစနစ္တညိၿငိမ္မႈ ရွိေစရန္ လွ်ပ္စစ္ ဓာတ္အား ထုတ္လုပ္မႈကို ေခြၽတာ ထိန္းညႇိေပးထားရမွာျဖစ္တဲ့အတြက္ ဝန္အားေလ်ာ့ခ်မႈမ်ား ဆက္လက္ျပဳလုပ္မယ္လို႔ ဆိုပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ အလွည့္က် ဝန္အားေလ်ာ့ခ်ရာတြင္ အမ်ားျပည္သူ မီးသုံးသူ ရပ္ကြက္မ်ားအား ၁ ရက္လွ်င္ အမ်ားဆုံး ၃ ႀကိမ္ မွ အနည္းဆုံး ၂ ႀကိမ္ ဝန္အားေလ်ာ့ခ်မည္ျဖစ္ၿပီး ၁ ႀကိမ္  လွ်င္ ၂ နာရီခန႔္ၾကာျမင့္မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ရန္ကုန္ၿမိဳ႕ရွိ စက္မႈဇုန္ေနရာမ်ားအား ေန႔စဥ္ ညေန (၄) နာရီ မွ ည (၁၀)နာရီ အခ်ိန္အထိ ဝန္အား ေလ်ာ့ခ် မည္ျဖစ္ၿပီး ပင္မဓာတ္အားလိုင္းမ်ားအျပစ္ျဖစ္၍ ဓာတ္အားျပတ္ေတာက္ျခင္းႏွင့္ ဓာတ္အားထုတ္စက္မ်ားခ်ိဳု႔ ယြင္း၍ ဓာတ္အားသုံးစြဲမႈေလ်ာ့ခ်ရျခင္းမ်ား ျဖစ္ေပၚပါကအခ်ိန္ႏွင္တစ္ေျပးညီ အသိေပး တင္ျပသြားမွာ ျဖစ္ တယ္လို႔ဆိုပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ေမ ၁၁
YESC - CallCenter