မြန်မာနှင့် စင်ကာပူကြား ကုန်သွယ်မှုတွင် မြန်မာဘက်မှ ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ တစ်ဘီလျံခွဲကျော် ဖြစ်ပေါ်

မြန်မာနှင့် စင်ကာပူကြား ကုန်သွယ်မှုတွင် မြန်မာဘက်မှ ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ တစ်ဘီလျံခွဲကျော် ဖြစ်ပေါ်

ယခုဘဏ္ဍာနှစ် ခုနှစ်လတာကာလအတွင်း စင်ကာပူနှင့် ကုန်သွယ်မှုတွင် ကန်ဒေါ်လာ နှစ်ဘီလျံကျော် ရှိလာပြီး မြန်မာဘက်မှ ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ တစ်ဘီလျံခွဲကျော် ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန စာရင်းများအရ သိရပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရ ဧပြီလအတွင်း စင်ကာပူနှင့် မြန်မာကြား ကုန်သွယ်မှုပမာဏမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၂၅ ဒသမ ၄၀၂ သန်းရှိပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၁၀၈ ဒသမ ၈၇၆ သန်းရှိခဲ့ကာ ဧပြီလ တစ်လတာအတွင်း ကန်ဒေါ်လာ ၂၃၄ ဒသမ၂၇၈ သန်းဖိုး ကုန်သွယ်ခဲ့ပါတယ်။    

စင်ကာပူနှင့် မြန်မာကြား ခုနှစ်လတာ ကုန်သွယ်ရာတွင် ပို့ကုန် ကန်ဒေါ်လာ ၃၁၅ ဒသမ ၈၃၁ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၁၉၁၅ ဒသမ ၅၀၄ သန်း စုစုပေါင်း ကန်ဒေါ်လာ ၂၂၃၁ ဒသမ ၃၃၅သန်း ကုန်သွယ်ခဲ့ပြီး ထိုပမာဏမှာ ကမ္ဘာ့နိုင်ငံများနှင့် ခုနှစ်လတာ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ဘီလျံ ၂၀ ကျော်ရှိကာ ရာခိုင်နူန်းအားဖြင့် ၁၁ ရာခိုင်နူန်းထိ ရှိခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် အဆိုပါ အချက်အလက်များအရ ခုနှစ်လတာကာလအတွင်း မြန်မာနှင့် စင်ကာပူကြား ကုန်သွယ်မှုတွင် မြန်မာဘက်မှ ကုန်သွယ်ရေးလိုငွေ ၁၅၉၉ ဒသမ ၆၇၃ သန်း ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ကာလတိုဘဏ္ဍာနှစ် ၆ လတာကာလအတွင်း မြန်မာနိုင်ငံနှင့် စင်ကာပူကြား ကုန်သွယ်မှုပမာဏမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၉၀ ဒသမ ၄၂၉ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၈၀၆ ဒသမ ၆၂၈ သန်းရှိကာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၉၇၇ ဒသမ ၀၅၇ သန်းအထိ ကုန်သွယ်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၁၆၁၆ ဒသမ ၁၉၉ သန်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

PWA
ရန်ကုန်၊ ဇူလိုင် - ၃၀
Photo Credit : American Shipper

( Zawgyi )

ယခုဘ႑ာႏွစ္ ခုႏွစ္လတာကာလအတြင္း စင္ကာပူႏွင့္ ကုန္သြယ္မႈတြင္ ကန္ေဒၚလာ ႏွစ္ဘီလ်ံေက်ာ္ ရွိလာၿပီး ျမန္မာဘက္မွ ကုန္သြယ္ေရးလိုေငြ ကန္ေဒၚလာ တစ္ဘီလ်ံခြဲေက်ာ္ ျဖစ္ေပၚခဲ့ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာန စာရင္းမ်ားအရ သိရပါတယ္။

အဆိုပါစာရင္းအခ်က္အလက္မ်ားအရ ဧၿပီလအတြင္း စင္ကာပူႏွင့္ ျမန္မာၾကား ကုန္သြယ္မႈပမာဏမွာ ပို႔ကုန္ အေမရိကန္ေဒၚလာ ၁၂၅ ဒသမ ၄၀၂ သန္းရွိၿပီး သြင္းကုန္ အေမရိကန္ေဒၚလာ ၁၀၈ ဒသမ ၈၇၆ သန္းရွိခဲ့ကာ ဧၿပီလ တစ္လတာအတြင္း ကန္ေဒၚလာ ၂၃၄ ဒသမ၂၇၈ သန္းဖိုး ကုန္သြယ္ခဲ့ပါတယ္။    

စင္ကာပူႏွင့္ ျမန္မာၾကား ခုႏွစ္လတာ ကုန္သြယ္ရာတြင္ ပို႔ကုန္ ကန္ေဒၚလာ ၃၁၅ ဒသမ ၈၃၁ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၁၉၁၅ ဒသမ ၅၀၄ သန္း စုစုေပါင္း ကန္ေဒၚလာ ၂၂၃၁ ဒသမ ၃၃၅သန္း ကုန္သြယ္ခဲ့ၿပီး ထိုပမာဏမွာ ကမာၻ႔ႏိုင္ငံမ်ားႏွင့္ ခုႏွစ္လတာ ကုန္သြယ္မႈပမာဏ ကန္ေဒၚလာ ဘီလ်ံ ၂၀ ေက်ာ္ရွိကာ ရာခိုင္ႏူန္းအားျဖင့္ ၁၁ ရာခိုင္ႏူန္းထိ ရွိခဲ့ေၾကာင္း သိရပါတယ္။

ထို႔ျပင္ အဆိုပါ အခ်က္အလက္မ်ားအရ ခုႏွစ္လတာကာလအတြင္း ျမန္မာႏွင့္ စင္ကာပူၾကား ကုန္သြယ္မႈတြင္ ျမန္မာဘက္မွ ကုန္သြယ္ေရးလိုေငြ ၁၅၉၉ ဒသမ ၆၇၃ သန္း ျဖစ္ေပၚခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္ ကာလတိုဘ႑ာႏွစ္ ၆ လတာကာလအတြင္း ျမန္မာႏိုင္ငံႏွင့္ စင္ကာပူၾကား ကုန္သြယ္မႈပမာဏမွာ ပို႔ကုန္ အေမရိကန္ေဒၚလာ ၁၉၀ ဒသမ ၄၂၉ သန္း၊ သြင္းကုန္ အေမရိကန္ေဒၚလာ ၁၈၀၆ ဒသမ ၆၂၈ သန္းရွိကာ စုစုေပါင္း အေမရိကန္ေဒၚလာ ၁၉၇၇ ဒသမ ၀၅၇ သန္းအထိ ကုန္သြယ္ခဲ့ၿပီး ကုန္သြယ္မႈလိုေငြ ကန္ေဒၚလာ ၁၆၁၆ ဒသမ ၁၉၉ သန္း ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

PWA
ရန္ကုန္၊ ဇူလိုင္ - ၃၀
Photo Credit : American Shipper