မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးခွင့်ပိတ်ပင်သည့်ကာလ ထုတ်ပြန်ခြင်းမရှိသေးသည့်အတွက် လုပ်ငန်းရှင်များ အခက်အခဲ ဖြစ်နေဟုဆို

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးခွင့် ပိတ်ပင်သည့်ကာလ ထုတ်ပြန်ခြင်းမရှိသေးသည့်အတွက် လုပ်ငန်းရှင်များ အခက်အခဲ ဖြစ်နေဟုဆို

 မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးခွင့်ပိတ်ပင်သည့်ကာလကို ထုတ်ပြန်ခြင်းမရှိသည့်အတွက် လုပ်ငန်းရှင် များ အခက်အခဲ ဖြစ်ပေါ်နေ တယ်လို့ ယနေ့ ဧပြီလ ၉ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံး မှာကျင်းပ ပြုလုပ်တဲ့ လစဉ်ပုံမှန် အစည်းအဝေးမှာ ငါးပိ၊ငါးခြောက် ရောင်းဝယ်ရေး အဖွဲ့ချုပ် အတွင်းရေးမှူး ဖြစ်သူ ဦးထွန်းစိန်က ပြောကြားခဲ့ပါတယ်။

ပင်လယ်ပြင်အတွင်း ငါးမဖမ်းရသည့်ကာလကို အစိုးရမှ တရားဝင် ထုတ်ပြန်ခြင်းမရှိသေးသည့်အတွက် လုပ်ငန်းရှင်များအခက်အခဲဖြစ်ပေ ါ်နေကြောင်း၊ ယခင်နှစ်က ပင်လယ်ပြင်အတွင်း ငါးမဖမ်းရသည့်ကာလ သတ်မှတ်မည်ဆိုသော်လည်း ၂၀ ရာခိုင်နှုန်း ဖမ်းခွင့်ပြုခဲ့သည့်အတွက် ငါး ဝယ်ယူသိုလှောင်သူများ အခက်အခဲများ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

 “ဒီနှစ်လုံးဝပိတ်တယ်ဆိုရင်လည်း ဘယ်အချိန်ကနေ ဘယ်အချိန်အထိပိတ်တယ်လို့ ကျွန်တော်တို့ကိုပြော။ ကုန် ကြမ်းအတွက် စီစဉ်ရတဲ့ အပြင် ကျွန်တော်တို့ မှာ မှီခိုအားထားနေရတဲ့ ဝန်ထမ်းတွေအတွက် စီစဉ်ရတာ ခက်တယ်”လို့ ပြောကြားခဲ့ပါတယ်။ရေထွက်ပို့ကုန်အသင်း မှ ဦးမျိုးညွှန့်က ငါးဖမ်းဆီးမှု ပိတ်ပင်မည်ဆိုပါက ပိတ်သည့်ကာလအတွက် ကုန်ပစ္စည်း များ ဝယ်ယူစု ဆောင်ရမှာ ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ပိတ်သည့်ကာလကို သိရှိရခြင်းမရှိတဲ့ အတွက် သိရှိလိုကြောင်းနဲ့ ဝန်ထမ်းများ အတွက်လည်း အခက်အခဲများ ဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။
 
“ဒီနှစ်က လုံးပိတ်မယ်လို့ကြားတယ်။ပုဇွန်ဆိုရင် တန်ချိန် ၁၀၀ ၊ ၁၅၀ လောက် စုထားနိုင်မှ လုံလောက်မှုရှိမယ်။ တန်ချိန် ၁၅၀ လောက်စုထား တယ်ဆိုရင်လည်း ဒေါ်လာ ၁ သန်းလောက်လိုတယ်။ပုံမှန်လည်ပတ်နေတာက ဝယ်လိုက်၊ထုတ်လိုက်၊ရောင်းလိုက် ဆိုတော့ လည်နေတယ်။ အခုက စုရမှာဆိုတော့ ပိုက်ဆံက သွားပြီးအိပ်နေ မယ့်သဘော ၊အဲလိုမှ မစုဆောင်းပြန်တော့လည်း ကုန်လည်ပတ်ဖို့က ၃ လဆိုတော့လည်း ၁ နှစ်ရဲ့ ၂၅ ရာခိုင်နှုန်း ဆိုတော့ တော်တော်လေး အချိန်ကာလ ကြာမြင့်ပါတယ်တစ်နှစ်တစ်နှစ်ဘယ်အချိန်ပိတ်မှာလဲ မေ ပိတ်မှာလား၊ဇွန် ပိတ်မှာလား နောက်ဆုံး အချိန်မှ သိတော့ အချိန်အားဖြင့် ကုန်စုဆောင်းရတာ နည်းသွားပြီ။ဘာဖြစ်လို့လည်းဆိုတော့ ဒီအချိန်ကလည်း ကုန်ရဲ့ နောက်ဆုံးအချိန်တွေဖြစ်တယ်။ကုန်က ရှားသွားတဲ့ အချိန်မှာမှ ကုန်ကိုပြန်စုဖို့ ဆိုတာ အကယ်၍များ ၃ လဆိုရင် ၁ လ ၁ လခွဲ ကုန်ပြတ်ရင် ဝန်ထမ်းတွေ အတွက်လည်း အခက်အခဲရှိတယ်” လို့ဆိုပါတယ်။

ပင်လယ်ငါးဖမ်းလုပ်ငန်းများရှိသည့် ပြည်နယ်နှင့် တိုင်းများမှ ဒေသခံ လုပ်ငန်းရှင်များ အနေဖြင့် ခရိုင်အလိုက် တွေ့ဆုံံဆွေး နွေးခဲ့ပြီး ရရှိလာသည့် ရလဒ်များကို မတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ဆွေးနွေးပွဲတွင် ထပ်မံဆွေးနွေးခဲ့ကြပါတယ်။ လုပ်ငန်းရှင် များက ပင်လယ်ပြင်တွင် ငါးဖမ်းခွင့်ပိတ်သည်ကို ကန့်ကွက်ခြင်းမရှိခဲ့ဘဲ ပိတ်သည့်ကာလကို လျော့ချပေးရန်တောင်းဆိုမှုများရှိခဲ့ပါတယ်။ပင်လယ်ငါးဖမ်းအသင်း ဒုက္ကဌ ဖြစ်သူ ဦးကျော်နိုင်က  ရခိုင် နှင့် ဧရာဝတီ တွင် ၄၅ ရက် ၊မွန် နှင့် တနင်္သာရီ တွင် ရက် ပေါင်း ၆၀ ပိတ်ရန် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။၂၀၁၈  ခုနှစ်က ပင်လယ်ပြင် ငါးမဖမ်းရ ရာသီကို မေလ ၁၅ ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့အထိ သတ်မှတ်ပြီး ၂၀ ရာခိုင်နှုန်း ဖမ်းဆီးခွင့်ပြုခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဧပြီ ၉ 

(   Zawgyi  )

  ျမန္မာ့ပင္လယ္ျပင္အတြင္း ငါးဖမ္းဆီးခြင့္ပိတ္ပင္သည့္ကာလကို ထုတ္ျပန္ျခင္းမရွိသည့္အတြက္ လုပ္ငန္းရွင္ မ်ား အခက္အခဲ ျဖစ္ေပၚေန တယ္လို႔ ယေန႔ ဧၿပီလ ၉ ရက္ နံနက္ပိုင္းက ျမန္မာႏိုင္ငံ ငါးလုပ္ငန္း အဖြဲ႕ခ်ဳပ္႐ုံး မွာက်င္းပ ျပဳလုပ္တဲ့ လစဥ္ပုံမွန္ အစည္းအေဝးမွာ ငါးပိ၊ငါးေျခာက္ ေရာင္းဝယ္ေရး အဖြဲ႕ခ်ဳပ္ အတြင္းေရးမႉး ျဖစ္သူ ဦးထြန္းစိန္က ေျပာၾကားခဲ့ပါတယ္။

ပင္လယ္ျပင္အတြင္း ငါးမဖမ္းရသည့္ကာလကို အစိုးရမွ တရားဝင္ ထုတ္ျပန္ျခင္းမရွိေသးသည့္အတြက္ လုပ္ငန္းရွင္မ်ားအခက္အခဲျဖစ္ေပ ၚေနေၾကာင္း၊ ယခင္ႏွစ္က ပင္လယ္ျပင္အတြင္း ငါးမဖမ္းရသည့္ကာလ သတ္မွတ္မည္ဆိုေသာ္လည္း ၂၀ ရာခိုင္ႏႈန္း ဖမ္းခြင့္ျပဳခဲ့သည့္အတြက္ ငါး ဝယ္ယူသိုေလွာင္သူမ်ား အခက္အခဲမ်ား ျဖစ္ေပၚခဲ့တယ္လို႔ ဆိုပါတယ္။

 “ဒီႏွစ္လုံးဝပိတ္တယ္ဆိုရင္လည္း ဘယ္အခ်ိန္ကေန ဘယ္အခ်ိန္အထိပိတ္တယ္လို႔ ကြၽန္ေတာ္တို႔ကိုေျပာ။ ကုန္ ၾကမ္းအတြက္ စီစဥ္ရတဲ့ အျပင္ ကြၽန္ေတာ္တို႔ မွာ မွီခိုအားထားေနရတဲ့ ဝန္ထမ္းေတြအတြက္ စီစဥ္ရတာ ခက္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ေရထြက္ပို႔ကုန္အသင္း မွ ဦးမ်ိဳးၫႊန႔္က ငါးဖမ္းဆီးမႈ ပိတ္ပင္မည္ဆိုပါက ပိတ္သည့္ကာလအတြက္ ကုန္ပစၥည္း မ်ား ဝယ္ယူစု ေဆာင္ရမွာ ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္အထိ ပိတ္သည့္ကာလကို သိရွိရျခင္းမရွိတဲ့ အတြက္ သိရွိလိုေၾကာင္းနဲ႔ ဝန္ထမ္းမ်ား အတြက္လည္း အခက္အခဲမ်ား ျဖစ္ေပၚႏိုင္တယ္လို႔ဆိုပါတယ္။
 
“ဒီႏွစ္က လုံးပိတ္မယ္လို႔ၾကားတယ္။ပုဇြန္ဆိုရင္ တန္ခ်ိန္ ၁၀၀ ၊ ၁၅၀ ေလာက္ စုထားႏိုင္မွ လုံေလာက္မႈရွိမယ္။ တန္ခ်ိန္ ၁၅၀ ေလာက္စုထား တယ္ဆိုရင္လည္း ေဒၚလာ ၁ သန္းေလာက္လိုတယ္။ပုံမွန္လည္ပတ္ေနတာက ဝယ္လိုက္၊ထုတ္လိုက္၊ေရာင္းလိုက္ ဆိုေတာ့ လည္ေနတယ္။ အခုက စုရမွာဆိုေတာ့ ပိုက္ဆံက သြားၿပီးအိပ္ေန မယ့္သေဘာ ၊အဲလိုမွ မစုေဆာင္းျပန္ေတာ့လည္း ကုန္လည္ပတ္ဖို႔က ၃ လဆိုေတာ့လည္း ၁ ႏွစ္ရဲ႕ ၂၅ ရာခိုင္ႏႈန္း ဆိုေတာ့ ေတာ္ေတာ္ေလး အခ်ိန္ကာလ ၾကာျမင့္ပါတယ္တစ္ႏွစ္တစ္ႏွစ္ဘယ္အခ်ိန္ပိတ္မွာလဲ ေမ ပိတ္မွာလား၊ဇြန္ ပိတ္မွာလား ေနာက္ဆုံး အခ်ိန္မွ သိေတာ့ အခ်ိန္အားျဖင့္ ကုန္စုေဆာင္းရတာ နည္းသြားၿပီ။ဘာျဖစ္လို႔လည္းဆိုေတာ့ ဒီအခ်ိန္ကလည္း ကုန္ရဲ႕ ေနာက္ဆုံးအခ်ိန္ေတြျဖစ္တယ္။ကုန္က ရွားသြားတဲ့ အခ်ိန္မွာမွ ကုန္ကိုျပန္စုဖို႔ ဆိုတာ အကယ္၍မ်ား ၃ လဆိုရင္ ၁ လ ၁ လခြဲ ကုန္ျပတ္ရင္ ဝန္ထမ္းေတြ အတြက္လည္း အခက္အခဲရွိတယ္” လို႔ဆိုပါတယ္။

ပင္လယ္ငါးဖမ္းလုပ္ငန္းမ်ားရွိသည့္ ျပည္နယ္ႏွင့္ တိုင္းမ်ားမွ ေဒသခံ လုပ္ငန္းရွင္မ်ား အေနျဖင့္ ခ႐ိုင္အလိုက္ ေတြ႕ဆုံံေဆြး ေႏြးခဲ့ၿပီး ရရွိလာသည့္ ရလဒ္မ်ားကို မတ္လ ၂၂ ရက္ေန႔က ေနျပည္ေတာ္တြင္ က်င္းပသည့္ ေဆြးေႏြးပြဲတြင္ ထပ္မံေဆြးေႏြးခဲ့ၾကပါတယ္။ လုပ္ငန္းရွင္ မ်ားက ပင္လယ္ျပင္တြင္ ငါးဖမ္းခြင့္ပိတ္သည္ကို ကန႔္ကြက္ျခင္းမရွိခဲ့ဘဲ ပိတ္သည့္ကာလကို ေလ်ာ့ခ်ေပးရန္ေတာင္းဆိုမႈမ်ားရွိခဲ့ပါတယ္။ပင္လယ္ငါးဖမ္းအသင္း ဒုကၠဌ ျဖစ္သူ ဦးေက်ာ္ႏိုင္က  ရခိုင္ ႏွင့္ ဧရာဝတီ တြင္ ၄၅ ရက္ ၊မြန္ ႏွင့္ တနသၤာရီ တြင္ ရက္ ေပါင္း ၆၀ ပိတ္ရန္ ေဆြးေႏြးခဲ့တယ္လို႔ ဆိုပါတယ္။၂၀၁၈  ခုႏွစ္က ပင္လယ္ျပင္ ငါးမဖမ္းရ ရာသီကို ေမလ ၁၅ ရက္ေန႔မွ ၾသဂုတ္လ ၁၅ ရက္ေန႔အထိ သတ္မွတ္ၿပီး ၂၀ ရာခိုင္ႏႈန္း ဖမ္းဆီးခြင့္ျပဳခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဧၿပီ ၉