မြန်မာ အပါအဝင် ကမ္ဘာနှင့်နိုင်ငံတကာတွင်မမှန်သတင်းတွေဖြန့်ချီ သူတွေအင်မတန် မှပြန့်ပွားလာနေဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ပြောကြား

မြန်မာ အပါအဝင် ကမ္ဘာနှင့်နိုင်ငံတကာတွင်မမှန်သတင်းတွေဖြန့်ချီ သူတွေအင်မတန် မှပြန့်ပွားလာနေဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ပြောကြား

မြန်မာ အပါအဝင် ကမ္ဘာနှင့်နိုင်ငံတကာတွင်မမှန်သတင်းတွေဖြန့်ချီသူတွေအင်မတန်မှပြန့်ပွားလာနေပြီး ဒါကိုဘယ်လို ကာကွယ်တားဆီး မလဲဆိုတာသတင်းမီဒီယာသမားများသိရှိပြီးဖြစ်သလို နည်းလမ်းတွေ လည်းရှိကာ တချို့တွေလည်းယင်းကိစ္စနှင့် ပတ်သက်၍ စတင်ဆောင် ရွက်နေပြီဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ကပြောကြားခဲ့ပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့ မေ ၃ ရက်တွင် ရန်ကုန်မြို့ရှိ မြို့တော်ခန်းမတွင်ကျင်းပတဲ့ “ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့”အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။“ဒီလိုသတင်း အမှားတွေ ဟာပြောရရင်မမှန်သတင်းဖြစ်ပါတယ်။ပိုပြီးတော့တိကျအောင်ပြောမယ်ဆိုရင်တော့ မမှန်သတင်းပေးခြင်း၊ မမှန်သတင်းဖြန့်ချီခြင်းဖြစ် ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဖြန့်ချီတဲ့သတင်းဟာမှားယွင်းတာမဟုတ်ပါဘူး။

သတင်းလက်ခံရရှိမည့်သူကိုတမင်တကာကိုလိမ်ညာလှည့်ဖျားတာဖြစ်ပါတယ်။ ရည်ရွယ်ချက်နဲ့ မဟုတ်မှန်တာကို ဟုတ်မှန်သရောင် လုပ်ကြံဖန်တီးပြီးရေး တဲ့သတင်းဖြစ်တယ်။သတင်းလိမ် သတင်းတု၊သတင်းအမှားတွေကိုဖြန့်ချီခြင်းဖြစ်ပါတယ်။ အဲ့ဒီလိုမမှန်တဲ့ သတင်းများကို သတင်းတု၊သတင်းလိမ် Facke News ဆိုတဲ့နာမည်နဲ့အများသိနေကြပြီဖြစ်ပါတယ်။ကျနော်တို့တိုင်းပြည်မှာဒီလိုသတင်းတွေကြောင့်မို့ အရင်တုန်းကပြောဆိုဝေဖန်ထောက်ပြတာတွေရှိပါတယ်၊ရှိတဲ့အတွက်ကျနော်တို့မြန်မာမှာမသုံးတော့ပါဘူး။

ဒါကိုလန်ကြုတ်သတင်းလို့တချိန်တုန်းကကျနော်တို့ဒီလိုပြောလေ့ရှိပါတယ်။လုပ်ကြံဖန်တီးတဲ့သတင်းတွေလို့ ပြောလေ့ရှိပါတယ်။ လန်ကြုတ်တွေလို့ပြောရင်မဟုတ်မမှန်ပြောတာလိမ်ညာတာလို့အားလုံးသိပါတယ်။ ဒီကနေ့ကျမှလန်ကြုတ်သတင်းသည် Fake News ဆိုတဲ့နာမည်နဲ့ပြန်လည်ပေါ်ပေါက်ထွန်းကား လာတာဖြစ်ပါတယ်။တချိန်တုန်းက ကမ္ဘာရော၊မြန်မာမှာပါရှိတဲ့လန်ကြုတ်သတင်းကနေ Fake News ဖြစ်တယ်။ နောက်တစ်ချက်ကဒီလိုသတင်းအမှားတွေဟာမသမာတဲ့ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ဖြန့်ချီတာဖြစ်လို့ ပိုပြီးတော့ အန္တရာယ်ကြီးမားမှာဖြစ်ပါတယ်။

ပြောရရင်မုသားသတင်း၊သတင်းအမှားကိုလက်နက်အဖြစ်အသုံးပြုတာဖြစ်ပါတယ်။လက်နက်အဖြစ်အသုံးပြုပြီးတော့မိမိရဲ့ဆန့်ကျင်ဘက်ကိုတိုက်ခိုက်ဖို့ကြိုးပမ်းတာဖြစ်ပါတယ်။ မုသားသတင်းနဲ့လူ့အဖွဲ့အစည်းကိုနှောင့်ယှက်ဖျက်ဆီးတာဖြစ်ပါတယ်။”လို့ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေမြင့် ကပြောကြားခဲ့တာပါ။

ဒါ့အပြင် ဒီကနေ့ကမ္ဘာမှာရောနိုင်ငံတကာ အပါအဝင် မြန်မာပြည်မှာပါ မမှန်သတင်းတွေဖြန့်ချီတဲ့ သူတွေအင်မတန်မှပြန့်ပွားလာနေသည့်အတွက် အဲ့ဒီသတင်းအမှားပုံဖျက်တိုက်ခိုက်မှု တွေသည်နိုင်ငံရဲ့တည်ငြိမ်မှုကိုထိပါးစေနိုင်ပြီး အများစုကလုပ်ကြံသတင်းတွေဖြစ်ပါက အများပြည်သူ ကိုယ်တိုင်ကသတင်းမီဒီယာကိုယုံကြည်မှုလျော့နည်းလာမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ထောက်ပြပြောကြားခဲ့ပါတယ်။
“ဒါကိုဘယ်လိုကာကွယ်တားဆီးမလဲဆိုတာကိုမီဒီယာသမားတွေသိကြပါတယ်။နည်းလမ်းတွေလည်းရှိပါတယ်၊တချို့တွေလည်းစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ဒါကြောင့်သတင်းသမားများသည်သတင်းအမှန်များဖြင့်ပြန်လည်စိစစ်ဖို့လိုပါတယ်။

ရုတ်တရက်ရေးသားဖြန့်ဝေတဲ့သတင်းများကိုမှန်ကန်ဖို့အတွက်ဂရုစိုက်ဆောင်ရွက်ဖို့လိုပါတယ်။ဒါသည်လည်း အမှန်စင်စစ်တော့ သတင်း မီဒီယာသမားရဲ့မူလလုပ်အထဲမှာပါပါတယ်။သတင်းသမားသည် အချက်အလက်မှန်၊မမှန်ပေးတာကို ကိုင်ဆွဲရတာဖြစ်ပြီး ဘယ်သတင်းက ဘယ်လိုမှားတယ်ဆိုတာကိုဖော်ထုတ်ပြီးတော့အများပြည်သူသိအောင်ကိုကြေညာပေးရတဲ့အလုပ်လည်းပါပါတယ်။”လို့ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဖေမြင့် က ဆက်လက်ပြောပြခဲ့ပါတယ်။

ဒါကြောင့်လည်း ၂၀၁၉ ခုနှစ်၊ဒီကနေ့ မေ ၃ ရက်မှာကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို “ဒီမိုကရေစီအတွက် မီဒီယာ၊လုပ်ကြံသတင်းခေတ်အတွင်းမှ သတင်းအတတ်ပညာနှင့်ရွေးကောက်ပွဲများ” (Journalism and Elections in Time of Disinformation) ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ၎င်း၏ မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊မေ ၃

(  Zawgyi  )









ပြေသိမ်း
ရန်ကုန်၊မေ ၃