မြန်မာ-အိန္ဒိယကုန်သွယ်မှု နှစ်ဝက်တာကာလအတွင်း ကန်ဒေါ်လာ သန်း ၇၀၀ ကျော်ထိရှိလာ

  မြန်မာ-အိန္ဒိယကုန်သွယ်မှု နှစ်ဝက်တာကာလအတွင်း ကန်ဒေါ်လာ သန်း ၇၀၀ ကျော်ထိရှိလာ

မြန်မာနှင့် အိန္ဒိယကြား ကုန်သွယ်မှုပမာဏမှာ ယခုဘဏ္ဍာနှစ် နှစ်ဝက်တာကာလအတွင်း ကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရှိလာပြီး ပြီးခဲ့သည့် မတ်လအတွင်း ကန်ဒေါ်လာ သန်း ၁၀၀ခန့် ကုန်သွယ်မှုရှိခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနကထုတ်ပြန်သည့် စာရင်းအချက်အလက် များအရသိရပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရ ခြောက်လတာအတွင်း နှစ် နိုင်ငံကြားစုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ကန်ဒေါ်လာ၇၈၂ ဒသမ၅၂၇ သန်းရှိခဲ့ကာပို့ကုန် ကန်ဒေါ်လာ ၃၃၇ ဒသမ ၆၁၁ သန်းရှိခဲ့ကာ သွင်းကုန် ကန်ဒေါ်လာ ၄၄၄ ဒသမ ၉၁၆ သန်းရှိခဲ့ပါတယ်။ပြီးခဲ့သည့် လအတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၁၀၁ ဒသမ ၉၅၆ သန်းရှိခဲ့ကာ ပို့ကုန် ကန်ဒေါ်လာ ၃၈ ဒသမ ၂၇၅ သန်း နှင့် သွင်းကုန် ဒေါ်လာ ၆၃ဒသမ ၆၈၁ သန်းကုန်သွယ်ခဲ့တယ်လို့ဆိုပါတယ်။

“ ကုန်သွယ်ရေးက တောက်လျှောက်ကျနေတာ။ခုချိန်က ရာသီကုန်ရော၊အခြား ပဲနှမ်းလို ဆန်လို ကုန် တွေရောသွက်တဲ့ အချိန်။ဒါပေမယ့် နယ်စပ်ဂိတ်က ပလက်ဝဘက် ဖြစ်ပြီးကတည်းက အစစ်အဆေးများလာ တယ်။ လမ်းတွေ ကောင်းပေမယ့် ဟိုဘက်က အရင်လိုမကောင်းတော့ ကုန်သွယ်မှုက အရင်ထက် ပိုကြန့်ကြာ လာတယ်။ ဆေးဆိုလည်း အရင်ကဆို ရန်ကုန်က ဆွဲတယ်။ ဒါပေမယ့် အခုကတော့ အရင်လိုမဟုတ်ဘူး။ အလှကုန်တို့ ဟိုဘက်က ကွမ်းနှပ်ဆေးတို့ဘာတို့ ပုံမှန်အရောင်းအဝယ်ရှိပေမယ့် အဓိက ပဲတို့ ဆန်တို့ ဒီဘက် က လွတ်လွတ်လပ်လပ် တင်ပို့နိုင်မှ ကောင်းမှာ”လို့ တမူးအခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။

ယခုဘဏ္ဍာနှစ်အတွင်း အိန္ဒိယ-မြန်မာကြားကုန်သွယ်မှုမှာ ကန်ဒေါ်လာ တစ်ဘီလျံအောက်သာရှိ သေး ပြီး ကျန်နှစ်ဝက်ကာလတွင် ယခုထက်ပိုအရောင်းအဝယ်ကောင်းလာရန် ကုန်သည်အများက အကောင်း ဘက်မှ ရှုမြင်ထားတယ်လို့ ဆိုပါတယ်။ငါး နှစ်တာကာလအတွင်း အိန္ဒိယ-မြန်မာကြားကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ၁၆၃၆ဒသမ၉၃၁သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၃၄၀ဒသမ ၅၈၁သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၇၁၁ဒသမ၅၁၈သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၉၄၃ဒသမ ၁၆၄သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၄၆၈ဒသမ၁၉၅သန်း၊ ၂၀၁၈ ကာလတိုဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၈၀၀ ဒသမ ၄၃၇ သန်းအ သီးသီးကုန်သွယ်ခဲ့ကြောင်းသိရပါတယ်။    

PWA
ရန်ကုန်၊မေ ၂၂

Photo Credit:E-Pao!

(  Zawgyi  )

 ျမန္မာႏွင့္ အိႏၵိယၾကား ကုန္သြယ္မႈပမာဏမွာ ယခုဘ႑ာႏွစ္ ႏွစ္ဝက္တာကာလအတြင္း ကန္ေဒၚလာ သန္း ၇၀၀ ေက်ာ္ရွိလာၿပီး ၿပီးခဲ့သည့္ မတ္လအတြင္း ကန္ေဒၚလာ သန္း ၁၀၀ခန႔္ ကုန္သြယ္မႈရွိခဲ့ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနကထုတ္ျပန္သည့္ စာရင္းအခ်က္အလက္ မ်ားအရသိရပါတယ္။

အဆိုပါစာရင္းအခ်က္အလက္မ်ားအရ ေျခာက္လတာအတြင္း ႏွစ္ ႏိုင္ငံၾကားစုစုေပါင္းကုန္သြယ္မႈ ပမာဏမွာ ကန္ေဒၚလာ၇၈၂ ဒသမ၅၂၇ သန္းရွိခဲ့ကာပို႔ကုန္ ကန္ေဒၚလာ ၃၃၇ ဒသမ ၆၁၁ သန္းရွိခဲ့ကာ သြင္းကုန္ ကန္ေဒၚလာ ၄၄၄ ဒသမ ၉၁၆ သန္းရွိခဲ့ပါတယ္။ၿပီးခဲ့သည့္ လအတြင္း ႏွစ္ႏိုင္ငံကုန္သြယ္မႈမွာ ကန္ေဒၚလာ ၁၀၁ ဒသမ ၉၅၆ သန္းရွိခဲ့ကာ ပို႔ကုန္ ကန္ေဒၚလာ ၃၈ ဒသမ ၂၇၅ သန္း ႏွင့္ သြင္းကုန္ ေဒၚလာ ၆၃ဒသမ ၆၈၁ သန္းကုန္သြယ္ခဲ့တယ္လို႔ဆိုပါတယ္။

“ ကုန္သြယ္ေရးက ေတာက္ေလွ်ာက္က်ေနတာ။ခုခ်ိန္က ရာသီကုန္ေရာ၊အျခား ပဲႏွမ္းလို ဆန္လို ကုန္ ေတြေရာသြက္တဲ့ အခ်ိန္။ဒါေပမယ့္ နယ္စပ္ဂိတ္က ပလက္ဝဘက္ ျဖစ္ၿပီးကတည္းက အစစ္အေဆးမ်ားလာ တယ္။ လမ္းေတြ ေကာင္းေပမယ့္ ဟိုဘက္က အရင္လိုမေကာင္းေတာ့ ကုန္သြယ္မႈက အရင္ထက္ ပိုၾကန႔္ၾကာ လာတယ္။ ေဆးဆိုလည္း အရင္ကဆို ရန္ကုန္က ဆြဲတယ္။ ဒါေပမယ့္ အခုကေတာ့ အရင္လိုမဟုတ္ဘူး။ အလွကုန္တို႔ ဟိုဘက္က ကြမ္းႏွပ္ေဆးတို႔ဘာတို႔ ပုံမွန္အေရာင္းအဝယ္ရွိေပမယ့္ အဓိက ပဲတို႔ ဆန္တို႔ ဒီဘက္ က လြတ္လြတ္လပ္လပ္ တင္ပို႔ႏိုင္မွ ေကာင္းမွာ”လို႔ တမူးအေျခစိုက္ ကုန္သည္တစ္ဦးက ဆိုပါတယ္။

ယခုဘ႑ာႏွစ္အတြင္း အိႏၵိယ-ျမန္မာၾကားကုန္သြယ္မႈမွာ ကန္ေဒၚလာ တစ္ဘီလ်ံေအာက္သာရွိ ေသး ၿပီး က်န္ႏွစ္ဝက္ကာလတြင္ ယခုထက္ပိုအေရာင္းအဝယ္ေကာင္းလာရန္ ကုန္သည္အမ်ားက အေကာင္း ဘက္မွ ရႈျမင္ထားတယ္လို႔ ဆိုပါတယ္။ငါး ႏွစ္တာကာလအတြင္း အိႏၵိယ-ျမန္မာၾကားကုန္သြယ္မႈမွာ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ၁၆၃၆ဒသမ၉၃၁သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၁၃၄၀ဒသမ ၅၈၁သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၁၇၁၁ဒသမ၅၁၈သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၁၉၄၃ဒသမ ၁၆၄သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၁၄၆၈ဒသမ၁၉၅သန္း၊ ၂၀၁၈ ကာလတိုဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၈၀၀ ဒသမ ၄၃၇ သန္းအ သီးသီးကုန္သြယ္ခဲ့ေၾကာင္းသိရပါတယ္။    

PWA
ရန္ကုန္၊ေမ ၂၂

Photo Credit:E-Pao!