မြန်မာ-အိန္ဒိယနယ်စပ်တစ်လျှောက် နယ်စပ်ဈေးများဖွင့်လှစ်ရန်သဘောတူထားဟု စီးပွား/ကူးသန်း ဒုတိယဝန်ကြီးဆို

မြန်မာ-အိန္ဒိယနယ်စပ်တစ်လျှောက် နယ်စပ်ဈေးများဖွင့်လှစ်ရန်သဘောတူထားဟု စီးပွား/ကူးသန်း ဒုတိယဝန်ကြီးဆို

 မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း(၅)နေရာနှင့် ချင်းပြည်နယ်အတွင်း(၅)နေရာတို့တွင် နယ်စပ် ဈေးများ ဖွင့်လှစ်ရန်သဘောတူခဲ့ပြီးဖြစ်ဖြစ်ကြောင်း၊စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြောပါတယ်။   
                                     
ယနေ့ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန် အစည်းအဝေး သတ္တမနေ့တွင် နန်းယွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝမ်းလှမေးမြန်းသော နန်းယွန်းမြို့နယ်ရှိ ပြည်သူများ လူနေမှုဘဝ တိုးတက်မြင့်မား လာစေရန်မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဈေးအား ပန်ဆောင်မြို့တွင် ဖွင့်လှစ်ပေးမည့် အစီအမံများအား သိလိုခြင်း မေးခွန်းကို ရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

မြန်မာ-အိန္ဒယနှစ်နိုင်ငံနယ်စပ်တွင်နယ်စပ်ဈေးများဖွင့်လှစ်နိုင်ရေးနားလည်မှုစာချွန်လွှာ ကို၂၀၁၂ခုနှစ်၊ မေလ(၂၈ )ရက်နေ့ တွင် မြန်မာနိုင်ငံ၊နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ပါတယ်၊ ပထမအကြိမ် အိန္ဒိယ-မြန်မာ နယ်စပ်ဈေး ပူးတွဲကော်မတီ အစည်းအဝေးကို ၂၀၁၂ ခုနှစ် အောက်တိုဘာ လ ၈ ရက်နေ့ ကျင်းပခဲ့ပြီး သဘောတူညီချက်အရ မြန်မာ-အိန္ဒိယ နယ်စပ်တလျှောက် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း နေရာ(၅)နေရာနှင့် ချင်းပြည်နယ် အတွင်းနေရာ(၅) နေရာတို့တွင် နယ်စပ်ဈေးများ ဖွင့်လှစ်ရန် မူအားဖြင့် သဘော တူညီခဲ့ကြပါတယ် ဟုဒုတိယဝန်ကြီး ဦးအောင်ထူးမှပြောပါတယ်။  

အိန္ဒိယဖက်မှ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်၌ နယ်စပ်ဈေးများ ဖွင့်လှစ်နိုင်ရေး နားလည်မှု စာချွန်လွှာအရ အိန္ဒိယနိုင်ငံနှင့် စစ်ကိုင်းတိုင်း ဒေသကြီး ပန်ဆောင်မြို့တွင် နယ်စပ်ဈေးကနဦး ဖွင့်လှစ်ရန် အိန္ဒိယနိုင်ငံဖက်က အဆိုပြုလာခဲ့ကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် အိန္ဒိယနိုင်ငံ၊စစ်ကိုင်းတိုင်းဒေသကြီး ပန်းဆောင်တွင် နယ်စပ်ဈေးဖွင့်လှစ်ရန် ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြား နယ်စပ်ဈေး ဖွင့်လှစ်ရေးအတွက် လိုက်နာရမည့် နယ်စပ်ဈေးများ စီမံခန့်ခွဲရေး နည်းလမ်းများ မူကြမ်းကို နှစ်နိုင်ငံအပြန်အလှန် ညှိနှိုင်း ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း ပန်ဆောင်မြို့သည် နယ်စပ်ဈေးဖွင့်လှစ်ရန် လုံခြုံရေး ဆိုင်ရာ ကိစ္စများ အထူးဆောင်ရွက်ရန် မလိုအပ်ခြင်း၊အခြေခံအဆောက်အဦး များ တည်ဆောက်ပြီးရှိနေခြင်း၊ နယ်နိမိတ် တိကျစွာ တိုင်းတာပြီး ဖြစ်သဖြင့် နယ်စပ်ဈေးဖွင့်လှစ်ရန် အဆင်ပြေမှုရှိသည်ကို စိစစ်တွေ့ရှိရကြောင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဈေးအား ပန်ဆောင်မြို့တွင် ဖွင့်လှစ်ရန် ကိစ္စနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၂၀ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အစည်းအဝေး တစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး နယ်စပ်ဈေးထူထောင်ရေးနဲ့ ပတ်သက် သည့် အခြေခံမူ များအပေါ်ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ ကြောင်း၊မေးခွန်းနဲ့ပတ်သက်၍ ပန်ဆောင်မြို့တွင် နယ်စပ်ဈေး ဖွင့်လှစ်ရန် ရှိပါကြောင်းနှင့် နယ်စပ်ဈေးများ စီမံခန့် ခွဲမှု နည်းလမ်းကို နှစ်နိုင်ငံ အပြန်အလှန်အတည်ပြုပြီးသည်နှင့် အကောင်အထည် ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဒုတိယဝန်ကြီးမှရှင်းလင်းဖြေကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၄

(  Zawgyi  )

  ျမန္မာ-အိႏၵိယ နယ္စပ္တစ္ေလွ်ာက္ စစ္ကိုင္းတိုင္းေဒသႀကီး အတြင္း(၅)ေနရာႏွင့္ ခ်င္းျပည္နယ္အတြင္း(၅)ေနရာတို႔တြင္ နယ္စပ္ ေဈးမ်ား ဖြင့္လွစ္ရန္သေဘာတူခဲ့ၿပီးျဖစ္ျဖစ္ေၾကာင္း၊စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦးေအာင္ထူး က ေျပာပါတယ္။   
                                     
ယေန႔ က်င္းပျပဳလုပ္သည့္ ဒုတိယအႀကိမ္၊ ျပည္ေထာင္စုလႊတ္ေတာ္ ၁၅ ႀကိမ္ေျမာက္ ပုံမွန္ အစည္းအေဝး သတၱမေန႔တြင္ နန္းယြန္း မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝမ္းလွေမးျမန္းေသာ နန္းယြန္းၿမိဳ႕နယ္ရွိ ျပည္သူမ်ား လူေနမႈဘဝ တိုးတက္ျမင့္မား လာေစရန္ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံနယ္စပ္ေဈးအား ပန္ေဆာင္ၿမိဳ႕တြင္ ဖြင့္လွစ္ေပးမည့္ အစီအမံမ်ားအား သိလိုျခင္း ေမးခြန္းကို ရွင္းလင္းေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

ျမန္မာ-အိႏၵယႏွစ္ႏိုင္ငံနယ္စပ္တြင္နယ္စပ္ေဈးမ်ားဖြင့္လွစ္ႏိုင္ေရးနားလည္မႈစာခြၽန္လႊာ ကို၂၀၁၂ခုႏွစ္၊ ေမလ(၂၈ )ရက္ေန႔ တြင္ ျမန္မာႏိုင္ငံ၊ေနျပည္ေတာ္၌ လက္မွတ္ေရးထိုးခဲ့ပါတယ္၊ ပထမအႀကိမ္ အိႏၵိယ-ျမန္မာ နယ္စပ္ေဈး ပူးတြဲေကာ္မတီ အစည္းအေဝးကို ၂၀၁၂ ခုႏွစ္ ေအာက္တိုဘာ လ ၈ ရက္ေန႔ က်င္းပခဲ့ၿပီး သေဘာတူညီခ်က္အရ ျမန္မာ-အိႏၵိယ နယ္စပ္တေလွ်ာက္ စစ္ကိုင္းတိုင္း ေဒသႀကီး အတြင္း ေနရာ(၅)ေနရာႏွင့္ ခ်င္းျပည္နယ္ အတြင္းေနရာ(၅) ေနရာတို႔တြင္ နယ္စပ္ေဈးမ်ား ဖြင့္လွစ္ရန္ မူအားျဖင့္ သေဘာ တူညီခဲ့ၾကပါတယ္ ဟုဒုတိယဝန္ႀကီး ဦးေအာင္ထူးမွေျပာပါတယ္။  

အိႏၵိယဖက္မွ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံနယ္စပ္၌ နယ္စပ္ေဈးမ်ား ဖြင့္လွစ္ႏိုင္ေရး နားလည္မႈ စာခြၽန္လႊာအရ အိႏၵိယႏိုင္ငံႏွင့္ စစ္ကိုင္းတိုင္း ေဒသႀကီး ပန္ေဆာင္ၿမိဳ႕တြင္ နယ္စပ္ေဈးကနဦး ဖြင့္လွစ္ရန္ အိႏၵိယႏိုင္ငံဖက္က အဆိုျပဳလာခဲ့ေၾကာင္း၊ စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရး ဝန္ႀကီးဌာန အေနျဖင့္ အိႏၵိယႏိုင္ငံ၊စစ္ကိုင္းတိုင္းေဒသႀကီး ပန္းေဆာင္တြင္ နယ္စပ္ေဈးဖြင့္လွစ္ရန္ ကိစၥႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံတို႔ အၾကား နယ္စပ္ေဈး ဖြင့္လွစ္ေရးအတြက္ လိုက္နာရမည့္ နယ္စပ္ေဈးမ်ား စီမံခန႔္ခြဲေရး နည္းလမ္းမ်ား မူၾကမ္းကို ႏွစ္ႏိုင္ငံအျပန္အလွန္ ညႇိႏႈိင္း ျပင္ဆင္ေရးဆြဲလ်က္ရွိပါေၾကာင္း ပန္ေဆာင္ၿမိဳ႕သည္ နယ္စပ္ေဈးဖြင့္လွစ္ရန္ လုံၿခဳံေရး ဆိုင္ရာ ကိစၥမ်ား အထူးေဆာင္႐ြက္ရန္ မလိုအပ္ျခင္း၊အေျခခံအေဆာက္အဦး မ်ား တည္ေဆာက္ၿပီးရွိေနျခင္း၊ နယ္နိမိတ္ တိက်စြာ တိုင္းတာၿပီး ျဖစ္သျဖင့္ နယ္စပ္ေဈးဖြင့္လွစ္ရန္ အဆင္ေျပမႈရွိသည္ကို စိစစ္ေတြ႕ရွိရေၾကာင္း ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံနယ္စပ္ေဈးအား ပန္ေဆာင္ၿမိဳ႕တြင္ ဖြင့္လွစ္ရန္ ကိစၥႏွင့္ ပတ္သက္၍ ႏိုင္ငံျခားေရးဝန္ႀကီးဌာနတြင္ စီးပြားေရး ႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနတို႔ ပူးေပါင္း၍ ၂၀၂၀ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔တြင္ အစည္းအေဝး တစ္ရပ္ က်င္းပျပဳလုပ္ခဲ့ၿပီး နယ္စပ္ေဈးထူေထာင္ေရးနဲ႔ ပတ္သက္ သည့္ အေျခခံမူ မ်ားအေပၚညႇိႏႈိင္းေဆြးေႏြးႏိုင္ခဲ့ ေၾကာင္း၊ေမးခြန္းနဲ႔ပတ္သက္၍ ပန္ေဆာင္ၿမိဳ႕တြင္ နယ္စပ္ေဈး ဖြင့္လွစ္ရန္ ရွိပါေၾကာင္းႏွင့္ နယ္စပ္ေဈးမ်ား စီမံခန႔္ ခြဲမႈ နည္းလမ္းကို ႏွစ္ႏိုင္ငံ အျပန္အလွန္အတည္ျပဳၿပီးသည္ႏွင့္ အေကာင္အထည္ ေဖာ္ ေဆာင္႐ြက္ သြားမည္ျဖစ္ပါေၾကာင္း ဒုတိယဝန္ႀကီးမွရွင္းလင္းေျဖၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ ေဖေဖၚဝါရီ ၁၄