မြန်မာ - အိန္ဒိယ နယ်စပ်မျဉ်း အနီးတွင် ရစ်(ခ်)တာစကေး ၄.၀ အင်းအားရှိ ငလျင်လှုပ်ခတ်

မြန်မာ - အိန္ဒိယ နယ်စပ်မျဉ်း အနီးတွင် ရစ်(ခ်)တာစကေး ၄.၀ အင်းအားရှိ ငလျင်လှုပ်ခတ်

တမူးမြေငလျင် စခန်းမှ တောင်- အနောက်တောင်ဘက် ၂၅ မိုင် ခန့်ကွာဝေးသော မြန်မာ - အိန္ဒိယ နယ်စပ်မျဉ်း အနီးတွင် ယနေ့ မေလ ၁၆ ရက် နံနက် ၁၀ နာရီ ၃၁ မိနစ် က ရစ်(ခ်)တာစကေး ၄.၀ အင်းအားရှိ ငလျင်လှုပ် ခတ်ခဲ့တယ်လို့ မိုး/ဇလ မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြေငလျင်စခန်းမှ ၂၅ မိုင်ခန့်ကွာဝေးသော အဆိုပါနေရာတွင် မြေအောက်အနက် ၂၇ ကီလိုမီတာ (၁၇ မိုင်ခန့်) တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မေလအတွင်း လှုပ်ခဲ့သည့် ငလျင်များအနက် တတိယ အကြိမ် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ယခုလှုပ်ခတ်ခဲ့ သည့်နေရာသည် အိန္ဒိယကျောက်ထုချပ် နှင့် မြန်မာကျောက်ထိုချပ်တို့ ထိုးစိုက် ဆင်းနေသည့် အနီးတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ပုဂံဘုရားများ ပြိုကျပျက်စီးခဲ့ ငလျင်သည် ထိုးစိုက်ဇုန်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါ ထိုးစိုက် ဇုန်သည် အိန္ဒိယ- မြန်မာ နယ်စပ်မှ အင်ဒိုနီးရှား ကျွန်းများအထိ ရှည်လျားပြီး ငလျင်ကြီးများ အကြိမ်ကြိမ် လှုပ်ခတ်လေ့ရှိပါတယ်။

မင်းထွန်း(အုတ်ကျင်း)
တမူး၊ မေ ၁၆ 

(  Zawgyi  )

 တမူးေျမငလ်င္ စခန္းမွ ေတာင္- အေနာက္ေတာင္ဘက္ ၂၅ မိုင္ ခန႔္ကြာေဝးေသာ ျမန္မာ - အိႏၵိယ နယ္စပ္မ်ဥ္း အနီးတြင္ ယေန႔ ေမလ ၁၆ ရက္ နံနက္ ၁၀ နာရီ ၃၁ မိနစ္ က ရစ္(ခ္)တာစေကး ၄.၀ အင္းအားရွိ ငလ်င္လႈပ္ ခတ္ခဲ့တယ္လို႔ မိုး/ဇလ မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး တမူးေျမငလ်င္စခန္းမွ ၂၅ မိုင္ခန႔္ကြာေဝးေသာ အဆိုပါေနရာတြင္ ေျမေအာက္အနက္ ၂၇ ကီလိုမီတာ (၁၇ မိုင္ခန႔္) တြင္ လႈပ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ေမလအတြင္း လႈပ္ခဲ့သည့္ ငလ်င္မ်ားအနက္ တတိယ အႀကိမ္ လႈပ္ခတ္ခဲ့ျခင္းျဖစ္ပါတယ္။ယခုလႈပ္ခတ္ခဲ့ သည့္ေနရာသည္ အိႏၵိယေက်ာက္ထုခ်ပ္ ႏွင့္ ျမန္မာေက်ာက္ထိုခ်ပ္တို႔ ထိုးစိုက္ ဆင္းေနသည့္ အနီးတြင္ ျဖစ္ေပၚခဲ့ျခင္းျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္က ပုဂံဘုရားမ်ား ၿပိဳက်ပ်က္စီးခဲ့ ငလ်င္သည္ ထိုးစိုက္ဇုန္ေၾကာင့္ ျဖစ္ေပၚလာျခင္းျဖစ္ၿပီး အဆိုပါ ထိုးစိုက္ ဇုန္သည္ အိႏၵိယ- ျမန္မာ နယ္စပ္မွ အင္ဒိုနီးရွား ကြၽန္းမ်ားအထိ ရွည္လ်ားၿပီး ငလ်င္ႀကီးမ်ား အႀကိမ္ႀကိမ္ လႈပ္ခတ္ေလ့ရွိပါတယ္။

မင္းထြန္း(အုတ္က်င္း)
တမူး၊ ေမ ၁၆