မြရည်နန္ဒာ တိုက်ခန်းများ တစ်ဆင့်ပြန်ရောင်းချနေမှု မန်းစည်ပင် ကိုင်တွယ်ဖြေရှင်းတော့မည်

မြရည်နန္ဒာ တိုက်ခန်းများ တစ်ဆင့်ပြန်ရောင်းချနေမှု မန်းစည်ပင် ကိုင်တွယ်ဖြေရှင်းတော့မည်
 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ရောင်းချပေးထားတဲ့ တန်ဖိုးနည်း/မျှတ တိုက်ခန်းတွေနဲ့ ပတ်သက်လို့ ငှားရမ်းအသုံးချခြင်း တစ်ဆင့်ပြန်လည်ရောင်းချနေခြင်းတွေကို ဥပဒေကြောင်းအရ ကိုင်တွယ်ဖြေရှင်းသွားတော့မှာ ဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်း က ပြောပါတယ်။

"ဒါတွေကို ကျွန်တော်တို့လည်းကြားပါတယ် အသွင်ယူပြီး သွားစုံစမ်းထားတာတွေလည်းရှိပါတယ် မကြာခင်မှာဘဲ (ဥပဒေအရ) ဆောင်ရွက်သွားတော့ပါမယ်" လို့ ၎င်းက ပြောပါတယ်။

မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာအတွင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက နိုင်ငံ့ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေအတွက် ရောင်းချပေးထားတဲ့ တန်ဖိုးနည်း/မျှတ တိုက်ခန်းတွေကို ငှားရမ်းခြင်း တစ်ဆင့်ပြန်လာရောင်းချခြင်းတွေ ရှိနေတာနဲ့ ပတ်သက်လို့ Opinion leaders Media ရဲ့ မေးမြန်းမှုအပေါ် ၎င်းက ဖြေကြားပေးတာလည်း ဖြစ်ပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အဆိုပါတိုက်ခန်းတွေကို စာချုပ်စာတမ်းနဲ့တကွ ရောင်းချပေးခဲ့တာမှာ စာချုပ်ပါအချက်တွေမှာ ငှားရမ်းခြင်း တစ်ဆင့်ပြန်လည်ရောင်းချခြင်း မပြုရဘူးလို့ ပါရှိပေမယ့်လည်း ငှားရမ်းခြင်း တစ်ဆင့်ပြန်လည်ရောင်းချခြင်းတွေ ရှိနေတာပါ။

"ရောင်းချတဲ့လူကိုပဲ အရေးယူရမယ့် အခြေအနေပါ၊ ဒါပေမယ့်လည်း ကျွန်တော်တို့မှာက လုပ်လိုက်ရင် သူတို့တွေပဲ ဆုံးရှုံးရမှာဆိုတော့ ငဲ့ညှာနေရတာလည်းရှိပါတယ် ဒါပေမယ့် ကျွန်တော်တို့ မကြာမီမှာဘဲ ဆောင်ရွက်သွားတော့မှာပါ" လို့လည်း ၎င်းက ပြောပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ လက်ရှိမှာလည်း နိုင်ငံဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေအတွက် တန်ဖိုးမျှတ တိုက်ခန်းတွေ စီစဉ်ရောင်းချပေးလျက်ရှိပါတယ်။

"ဝယ်ယူခွင့်ရသူတွေအနေနဲ့ အဲဒီတိုက်ခန်းတွေမှာ နေစေချင်တယ်ဗျာ၊ အခက်အခဲရှိလို့ မဲနှိုက်ဝယ်ထားပြီးမှ ရောင်းကုန်တစ်ခုအနေနဲ့ မလုပ်စေချင်ဘူး" လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ညွှန်ကြားရေးမှူး ဦးဇော်ဝင်း (ဌာနမှူး) က ပြောပါတယ်။

KT
မန္တလေး၊ ဇူလိုင် - ၃၁

( Zawgyi )

မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ေရာင္းခ်ေပးထားတဲ့ တန္ဖိုးနည္း/မွ်တ တိုက္ခန္းေတြနဲ႔ ပတ္သက္လို႔ ငွားရမ္းအသုံးခ်ျခင္း တစ္ဆင့္ျပန္လည္ေရာင္းခ်ေနျခင္းေတြကို ဥပေဒေၾကာင္းအရ ကိုင္တြယ္ေျဖရွင္းသြားေတာ့မွာ ျဖစ္တယ္လို႔ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ ၫႊန္ၾကားေရးမႉး ဦးေဇာ္ဝင္း က ေျပာပါတယ္။

"ဒါေတြကို ကြၽန္ေတာ္တို႔လည္းၾကားပါတယ္ အသြင္ယူၿပီး သြားစုံစမ္းထားတာေတြလည္းရွိပါတယ္ မၾကာခင္မွာဘဲ (ဥပေဒအရ) ေဆာင္႐ြက္သြားေတာ့ပါမယ္" လို႔ ၎က ေျပာပါတယ္။

မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ျမရည္နႏၵာအိမ္ရာအတြင္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ႏိုင္ငံ့ဝန္ထမ္းေတြနဲ႔ အၿငိမ္းစားဝန္ထမ္းေတြအတြက္ ေရာင္းခ်ေပးထားတဲ့ တန္ဖိုးနည္း/မွ်တ တိုက္ခန္းေတြကို ငွားရမ္းျခင္း တစ္ဆင့္ျပန္လာေရာင္းခ်ျခင္းေတြ ရွိေနတာနဲ႔ ပတ္သက္လို႔ Opinion leaders Media ရဲ႕ ေမးျမန္းမႈအေပၚ ၎က ေျဖၾကားေပးတာလည္း ျဖစ္ပါတယ္။

မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက အဆိုပါတိုက္ခန္းေတြကို စာခ်ဳပ္စာတမ္းနဲ႔တကြ ေရာင္းခ်ေပးခဲ့တာမွာ စာခ်ဳပ္ပါအခ်က္ေတြမွာ ငွားရမ္းျခင္း တစ္ဆင့္ျပန္လည္ေရာင္းခ်ျခင္း မျပဳရဘူးလို႔ ပါရွိေပမယ့္လည္း ငွားရမ္းျခင္း တစ္ဆင့္ျပန္လည္ေရာင္းခ်ျခင္းေတြ ရွိေနတာပါ။

"ေရာင္းခ်တဲ့လူကိုပဲ အေရးယူရမယ့္ အေျခအေနပါ၊ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔မွာက လုပ္လိုက္ရင္ သူတို႔ေတြပဲ ဆုံးရႈံးရမွာဆိုေတာ့ ငဲ့ညႇာေနရတာလည္းရွိပါတယ္ ဒါေပမယ့္ ကြၽန္ေတာ္တို႔ မၾကာမီမွာဘဲ ေဆာင္႐ြက္သြားေတာ့မွာပါ" လို႔လည္း ၎က ေျပာပါတယ္။

မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီအေနနဲ႔ လက္ရွိမွာလည္း ႏိုင္ငံဝန္ထမ္းေတြနဲ႔ အၿငိမ္းစားဝန္ထမ္းေတြအတြက္ တန္ဖိုးမွ်တ တိုက္ခန္းေတြ စီစဥ္ေရာင္းခ်ေပးလ်က္ရွိပါတယ္။

"ဝယ္ယူခြင့္ရသူေတြအေနနဲ႔ အဲဒီတိုက္ခန္းေတြမွာ ေနေစခ်င္တယ္ဗ်ာ၊ အခက္အခဲရွိလို႔ မဲႏႈိက္ဝယ္ထားၿပီးမွ ေရာင္းကုန္တစ္ခုအေနနဲ႔ မလုပ္ေစခ်င္ဘူး" လို႔ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ၫႊန္ၾကားေရးမႉး ဦးေဇာ္ဝင္း (ဌာနမႉး) က ေျပာပါတယ္။

KT
မႏၲေလး၊ ဇူလိုင္ - ၃၁