မြို့ခံပြည်သူတွေမပါသည့် တောင်ဒဂုံ (၁၀၆)ရပ်ကွက် ဖြစ်စဉ် သက်ဆိုင်ရာအာဏာပိုင်များ သေချာစွာ လေ့လာသုံးသပ်စေလိုဟု လွှတ်တော် ကိုယ်စားလှယ်ပြော

မြို့ခံပြည်သူတွေမပါသည့် တောင်ဒဂုံ (၁၀၆)ရပ်ကွက် ဖြစ်စဉ် သက်ဆိုင်ရာအာဏာပိုင်များ သေချာစွာ လေ့လာသုံးသပ်စေလိုဟု  လွှတ်တော် ကိုယ်စားလှယ်ပြော

ပြည်သူတွေလုံခြုံစိတ်ချစွာနေထိုင်နိုင်ဖို့အတွက်ယခုရက်ပိုင်းအတွင်းကဖြစ်ပွားခဲ့တဲ့တောင်ဒဂုံ(၁၀၆)ရပ်ကွက်နှင့်(၂၆)ရပ်ကွက်ဖြစ်စဉ်များ အပေါ်သက်ဆိုင်ရာဒေသအာဏာပိုင်များက ယင်းကိစ္စရပ်များသည် မည်သို့မည်ပုံ မည်သည့်အကြောင်းအရင်း၊ မည်သည့်ရည်ရွယ်ချက်ဖြင့်ဖြစ် ရသည်ကိုသေချာစွာလေ့လာသုံးသပ်စေလိုတယ်လို့ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ်- ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ ကပြောကြားလိုက်ပါတယ်။

 ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အစ္စလမ်ဘာသာဝင်များ၏ ဥပုဒ်လအတွက် တရားဝင် ဝတ်ပြုခွင့်ပြုထားသော ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၆ ရပ်ကွက်နှင့် ၁၀၆ ရပ်ကွက် ယောက်ကော်နှင့် စစ်တောင်းလမ်းရှိဝတ်ပြုအဆောက်အအုံနေရာများကို မေလ ၁၄ ရက်နေ့ ညပိုင်းက လူအင်အား ၂၀၀ ခန့်ပါဝင်သော လူအုပ်စုဖြင့် ဝိုင်းဝန်းပြီး ဖိအားပေးသဖြင့်ဝတ်ပြုခွင့်ပိတ်ပင်ခံခဲ့ ရသလိုမြို့နယ် အတွင်းမှာလည်း လူစုလူဝေးနှင့်အချင်းများသည့် ကိစ္စရပ်များဖြစ်ပေါ်ခဲ့တာပါ။

“ဒါကိုတော့အံ့သြမိတာက ကိုယ်မြို့နယ်ကပြည်သူတွေကဖြစ်တာမဟုတ်ဘူး။ မြို့နယ်ကပြည်သူတွေပါတာကို မတွေ့ရဘူး။ သူတို့ဘယ်သူတွေ လည်းဆိုတာကိုလည်းမသိရဘူး။အကုန်လုံးကမျက်နှာစိမ်းတွေဖြစ်တယ်။သ က်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေအုပ်ချုပ်ရေး ပိုင်းတွေကဒါကိုသေချာလေးစိစစ်သင့်တယ်လို့ထင်တယ်၊ ဘာအကြောင်းကြောင့်ဒီလို မျိုးတွေဖြစ်ရတာလဲ။ ဘယ်လိုရည်ရွယ်ချက်တွေရှိလဲဆိုတဲ့အပေါ်မှာတော့ကျနော်ကတော့သေချာလေးလေ့လာသုံးသပ်သင့်တယ်လို့ပြောချင်ပါတယ်။နောက်မို့ဆိုပြည်သူတွေအနေနဲ့က ဒီအပေါ်မှာ စိတ်ချလုံခြုံစွာနဲ့နေထိုင်နိုင်ဖို့ အတွက်ကသိပ်အဆင်မပြေဘူးလို့ကျနော်ပြောချင်ပါတယ်။”လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ကပြောကြားခဲ့ပါတယ်။

 
ယင်းဖြစ်စဉ်တွေဖြစ်ပွားခဲ့မှုအပေါ် သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အားဖြစ်ပွားပုံအကြောင်းအရာကိုအကြောင်းကြားသတင်းပေးပို့ထားသလိုမြို့နယ်အတွင်းရှိပြည်သူများငြိမ်း အေးကောင်းမွန်စွာနေထိုင်နိုင်ရေး အတွက်ကို လည်းကူညီဆောင်ရွက်ပေးဖို့ အကူအညီတောင်းခံထားတယ်လို့လည်း ၎င်းကဆက်လက်ပြောပြခဲ့ပါတယ်။

ဒါ့အပြင် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကလည်း “ကိုယ်တို့ တိုင်းပြည်မှာက ဖွဲ့စည်းပုံကိုကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဖွဲ့စည်းပုံထဲမှာလွတ်လပ်စွာ ကိုးကွယ်ခွင့်ပေး ထားတာရှိ ပါတယ် ။နောက်တစ်ခုကအခန်း(၈)မှာလည်းထည့်သွင်းဖော်ပြထားပါတယ်။နိုင်ငံသားတွေရဲ့အခွင့်အရေးကိုဖော်ပြထားတယ်။ ပုဒ်မနဲ့ပြောရင် ၃၆၃၊၃၆၄ ပေါေ့လ ဘာပဲပြောပြော ဘာသာသာသနာတွေကိုကာကွယ်စောင့်ရှောက်ရမှာပါပဲ။နောက်နိုင်ငံရေးအလို့ငှာ ဘာသာရေး ကိုအသုံးမချဘူး ဆိုတာပါပါတယ်။

တိုင်းအစိုးရအဖွဲ့ရဲ့ခွင့်ပြုမိန့်တွေကိုသူတို့ကလက်မခံဘူး သဘော မတူ ဘူးဆိုပြီး သက်ဆိုင်ရာကခွင့်ပြုပေးထားတဲ့ဝတ်ပြုနေရာ ၃ နေရာကိုဖိအားပေးပြီးလုပ်ခိုင်းတယ်။ တကယ်လို့ မပိတ်ဘူးဆိုရင်ဒီအဆောက်အဦးတွေကိုဖျက်ဆီးမယ်လို့ခြိမ်းခြောက်တယ်။ အကြောင်းမဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးပုံစံဖန်တီးပြီးတော့ မြို့နယ်အာဏာပိုင်တွေ ရပ်ကွက်အာဏာပိုင်တွေ နောက်တစ်ခုက မြို့နယ်ရဲတပ် ဖွဲ့တွေ ကိုသူတို့ကဖိအားပေးတယ်။

ဒီဟာကိုဆက်ပြီးတော့မတားဆီးနိုင်ဘူး၊မကာကွယ်နိုင်ဘူးဆိုရင်အစ္စလာမ်ဘာသာဝင်တွေနဲ့နိုင်ငံသူ၊နိုင်ငံသားတွေအပါအအဝင်တောင်ဒဂုံမှာမှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံရဲ့လုံခြုံရေးအတွက်ကတော့ စိုးရိမ်ဖွယ်ရာပါပဲ။ပြောရရင် ဒီမိုကရေစီခြိမ်းခြောက်ခံရတယ် တရားဥပဒေစိုးမိုးမှု ကိုဗြောင်ကျကျစိန်ခေါ်လာတာတွေ့ ရတယ်အကိုတို့ကတော့ဒီလိုပဲသုံးသပ်ထားတယ်။ပြောရရင် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ခွင့်ပြုအမိန့်ကို အမျိုးသားအင်အားစုတွေကချိုးဖောက်လိုက်တာပါပဲ။”လို့ ၎င်း၏သဘောထားအမြင်ကို ဆိုပါတယ်။

ပြေသိမ်း
ရန်ကုန်၊မေ ၁၆

(  Zawgyi   )

 ျပည္သူေတြလုံၿခဳံစိတ္ခ်စြာေနထိုင္ႏိုင္ဖို႔အတြက္ယခုရက္ပိုင္းအတြင္းကျဖစ္ပြားခဲ့တဲ့ေတာင္ဒဂုံ(၁၀၆)ရပ္ကြက္ႏွင့္(၂၆)ရပ္ကြက္ျဖစ္စဥ္မ်ား အေပၚသက္ဆိုင္ရာေဒသအာဏာပိုင္မ်ားက ယင္းကိစၥရပ္မ်ားသည္ မည္သို႔မည္ပုံ မည္သည့္အေၾကာင္းအရင္း၊ မည္သည့္ရည္႐ြယ္ခ်က္ျဖင့္ျဖစ္ ရသည္ကိုေသခ်ာစြာေလ့လာသုံးသပ္ေစလိုတယ္လို႔ရန္ကုန္တိုင္းေဒသႀကီး၊ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္- ၁ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးညီညီ ကေျပာၾကားလိုက္ပါတယ္။

 ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က အစၥလမ္ဘာသာဝင္မ်ား၏ ဥပုဒ္လအတြက္ တရားဝင္ ဝတ္ျပဳခြင့္ျပဳထားေသာ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္၊ ၂၆ ရပ္ကြက္ႏွင့္ ၁၀၆ ရပ္ကြက္ ေယာက္ေကာ္ႏွင့္ စစ္ေတာင္းလမ္းရွိဝတ္ျပဳအေဆာက္အအုံေနရာမ်ားကို ေမလ ၁၄ ရက္ေန႔ ညပိုင္းက လူအင္အား ၂၀၀ ခန႔္ပါဝင္ေသာ လူအုပ္စုျဖင့္ ဝိုင္းဝန္းၿပီး ဖိအားေပးသျဖင့္ဝတ္ျပဳခြင့္ပိတ္ပင္ခံခဲ့ ရသလိုၿမိဳ႕နယ္ အတြင္းမွာလည္း လူစုလူေဝးႏွင့္အခ်င္းမ်ားသည့္ ကိစၥရပ္မ်ားျဖစ္ေပၚခဲ့တာပါ။

“ဒါကိုေတာ့အံ့ၾသမိတာက ကိုယ္ၿမိဳ႕နယ္ကျပည္သူေတြကျဖစ္တာမဟုတ္ဘူး။ ၿမိဳ႕နယ္ကျပည္သူေတြပါတာကို မေတြ႕ရဘူး။ သူတို႔ဘယ္သူေတြ လည္းဆိုတာကိုလည္းမသိရဘူး။အကုန္လုံးကမ်က္ႏွာစိမ္းေတြျဖစ္တယ္။သ က္ဆိုင္ရာတာဝန္ရွိတဲ့ သူေတြအုပ္ခ်ဳပ္ေရး ပိုင္းေတြကဒါကိုေသခ်ာေလးစိစစ္သင့္တယ္လို႔ထင္တယ္၊ ဘာအေၾကာင္းေၾကာင့္ဒီလို မ်ိဳးေတြျဖစ္ရတာလဲ။ ဘယ္လိုရည္႐ြယ္ခ်က္ေတြရွိလဲဆိုတဲ့အေပၚမွာေတာ့က်ေနာ္ကေတာ့ေသခ်ာေလးေလ့လာသုံးသပ္သင့္တယ္လို႔ေျပာခ်င္ပါတယ္။ေနာက္မို႔ဆိုျပည္သူေတြအေနနဲ႔က ဒီအေပၚမွာ စိတ္ခ်လုံၿခဳံစြာနဲ႔ေနထိုင္ႏိုင္ဖို႔ အတြက္ကသိပ္အဆင္မေျပဘူးလို႔က်ေနာ္ေျပာခ်င္ပါတယ္။”လို႔ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီ ကေျပာၾကားခဲ့ပါတယ္။

 
ယင္းျဖစ္စဥ္ေတြျဖစ္ပြားခဲ့မႈအေပၚ သက္ဆိုင္ရာတာဝန္ရွိတဲ့သူေတြနဲ႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး အားျဖစ္ပြားပုံအေၾကာင္းအရာကိုအေၾကာင္းၾကားသတင္းေပးပို႔ထားသလိုၿမိဳ႕နယ္အတြင္းရွိျပည္သူမ်ားၿငိမ္း ေအးေကာင္းမြန္စြာေနထိုင္ႏိုင္ေရး အတြက္ကို လည္းကူညီေဆာင္႐ြက္ေပးဖို႔ အကူအညီေတာင္းခံထားတယ္လို႔လည္း ၎ကဆက္လက္ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ အစၥလာမ္ဘာသာဝင္တစ္ဦးျဖစ္သူ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕ ဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းၾကည္ကလည္း “ကိုယ္တို႔ တိုင္းျပည္မွာက ဖြဲ႕စည္းပုံကိုႀကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ ဖြဲ႕စည္းပုံထဲမွာလြတ္လပ္စြာ ကိုးကြယ္ခြင့္ေပး ထားတာရွိ ပါတယ္ ။ေနာက္တစ္ခုကအခန္း(၈)မွာလည္းထည့္သြင္းေဖာ္ျပထားပါတယ္။ႏိုင္ငံသားေတြရဲ႕အခြင့္အေရးကိုေဖာ္ျပထားတယ္။ ပုဒ္မနဲ႔ေျပာရင္ ၃၆၃၊၃၆၄ ေပါေ့လ ဘာပဲေျပာေျပာ ဘာသာသာသနာေတြကိုကာကြယ္ေစာင့္ေရွာက္ရမွာပါပဲ။ေနာက္ႏိုင္ငံေရးအလို႔ငွာ ဘာသာေရး ကိုအသုံးမခ်ဘူး ဆိုတာပါပါတယ္။

တိုင္းအစိုးရအဖြဲ႕ရဲ႕ခြင့္ျပဳမိန႔္ေတြကိုသူတို႔ကလက္မခံဘူး သေဘာ မတူ ဘူးဆိုၿပီး သက္ဆိုင္ရာကခြင့္ျပဳေပးထားတဲ့ဝတ္ျပဳေနရာ ၃ ေနရာကိုဖိအားေပးၿပီးလုပ္ခိုင္းတယ္။ တကယ္လို႔ မပိတ္ဘူးဆိုရင္ဒီအေဆာက္အဦးေတြကိုဖ်က္ဆီးမယ္လို႔ၿခိမ္းေျခာက္တယ္။ အေၾကာင္းမဲ့ ေဒါသထြက္ေနတဲ့ လူအုပ္ႀကီးပုံစံဖန္တီးၿပီးေတာ့ ၿမိဳ႕နယ္အာဏာပိုင္ေတြ ရပ္ကြက္အာဏာပိုင္ေတြ ေနာက္တစ္ခုက ၿမိဳ႕နယ္ရဲတပ္ ဖြဲ႕ေတြ ကိုသူတို႔ကဖိအားေပးတယ္။

ဒီဟာကိုဆက္ၿပီးေတာ့မတားဆီးႏိုင္ဘူး၊မကာကြယ္ႏိုင္ဘူးဆိုရင္အစၥလာမ္ဘာသာဝင္ေတြနဲ႔ႏိုင္ငံသူ၊ႏိုင္ငံသားေတြအပါအအဝင္ေတာင္ဒဂုံမွာမွီတင္းေနထိုင္ၾကတဲ့ လူမ်ိဳးေပါင္းစုံ ဘာသာေပါင္းစုံရဲ႕လုံၿခဳံေရးအတြက္ကေတာ့ စိုးရိမ္ဖြယ္ရာပါပဲ။ေျပာရရင္ ဒီမိုကေရစီၿခိမ္းေျခာက္ခံရတယ္ တရားဥပေဒစိုးမိုးမႈ ကိုေျဗာင္က်က်စိန္ေခၚလာတာေတြ႕ ရတယ္အကိုတို႔ကေတာ့ဒီလိုပဲသုံးသပ္ထားတယ္။ေျပာရရင္ ရန္ကုန္တိုင္း အစိုးရ အဖြဲ႕ခြင့္ျပဳအမိန႔္ကို အမ်ိဳးသားအင္အားစုေတြကခ်ိဳးေဖာက္လိုက္တာပါပဲ။”လို႔ ၎၏သေဘာထားအျမင္ကို ဆိုပါတယ္။

ေျပသိမ္း
ရန္ကုန္၊ေမ ၁၆