မြို့တွင်းခြောက်မြို့နယ်တွင် ဘတ်စ်ကားမှတ်တိုင် ၅၀၀ ဆောက်ရန်လျာထားရာမှ မှတ်တိုင် ၂၇၀ တည်ဆောက်ပြီးစီးထား

 
မြို့တွင်းခြောက်မြို့နယ်တွင် ဘတ်စ်ကားမှတ်တိုင် ၅၀၀ ဆောက်ရန်လျာထားရာမှ မှတ်တိုင် ၂၇၀ တည်ဆောက်ပြီးစီးထား

ရန်ကုန်မြို့ရဲ့ ဘတ်စ်ကား မှတ်တိုင်တွေကို အဆင့်မြှင့်တင်ကာ အသစ်တည်ဆောက်လုပ်ဆောင်လျက်ရှိရာ မြို့တွင်း ခြောက်မြို့နယ်မှာ မှတ်တိုင်ပေါင်း ၅၀၀ ဆောက်ဖို့လျာထားရာမှ လက်ရှိကာလအထိ မှတ်တိုင်ပေါင်း ၂၇၀ ကျော်ကို တည်ဆောက်ပြီးစီးခဲ့တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန(လမ်းတံတား)မှ သိရပါတယ်။

"မြို့တွင်းခြောက်မြို့နယ်ထဲမှာတော့ တည်ဆောက်ဖို့ လျာထားတဲ့ ဘတ်စ်ကားမှတ်တိုင်တွေဟာ စုစုပေါင်း ၅၀၀ ရှိပါတယ်၊ လောလော ဆယ်တော့ စာရင်းတွေအရဆိုရင် ၂၇၀ လောက် တည်ဆောက်ပြီးစီးခဲ့ပါတယ်၊ ကျန်ရှိသေးတဲ့ မှတ်တိုင်တွေကိုလည်း လျာထားချက်အတိုင်း ဆောက်လုပ်သွားကြမှာ ဖြစ်ပါတယ်"လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန (လမ်းတံတား) ဌာနမှူး ဦးလင်းခိုင်က ပြောပါတယ်။ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်ဖြစ်တဲ့ မြို့နယ်ပေါင်း ၃၀ ကျော်မှာ ဘတ်စ်ကားမှတ်တိုင်များ တည်ဆောက် တာကို ဇုန် သုံးဇုန်ခွဲကာ လုပ်ဆောင်ဖို့စီစဉ်ထားပြီး တည်ဆောက်မှုအပိုင်းကို မြို့တော်စည်ပင်က ပုဂ္ဂလိက ကုမ္ပဏီများထံ တင်ဒါခေါ်ယူ လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ၎င်းက "ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံဆိပ်ကမ်း၊ သာကေတ၊ ဒေါပုံ စတဲ့ မြို့နယ်တွေပါတဲ့ ဇုန်ထဲမှာတော့ မှတ်တိုင်ပေါင်း ၄၀၀ ကျော် တည်ဆောက်ဖို့ လျာထားပါတယ်၊ အဲ့ဒါကိုတော့ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေ က ဆောက်ဖို့ရှိသလို တခြားမြို့နယ်တွေကျတော့ မြို့တော် စည်ပင်က တာဝန်ယူတည်ဆောက်မှာ ဖြစ်ပါတယ်"လို့ သူကရှင်းပြပါတယ်။

"ဘတ်စ်ကားမှတ်တိုင်တွေဟာ အရင်တုန်းကတော့ စနစ်တကျ မရှိခဲ့ပါဘူး၊ ဥပမာအားဖြင့် ဒဂုံတောင်တို့ ဘာတို့မှာ ဆိုရင် အရင်မထသခေတ်မှာ ကတည်းက အဲ့ဒီနားမှာ နေထိုင် တဲ့သူတွေက သူ့ဟာသူသတ်မှတ်ပြီး ဘတ်စ်ကားစီးနင်းတဲ့ မှတ်တိုင်လို နေရာတွေရှိသလို ကားသမားတွေက သတ်မှတ် ထားတဲ့ မှတ်တိုင်လိုနေရာတွေရှိပါတယ်၊ ဒါတွေကိုလည်း စိစစ်ပြီး ဘတ်စ်ကားမှတ်တိုင်အဖြစ် စနစ်တကျနဲ့ လုပ်ပေး နိုင်ဖို့ ကွင်းဆင်းစစ်ဆေးပြီး လုပ်ဆောင်နေတာ တွေလည်း ရှိပါတယ်"လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူးဖြစ်သလို ဘတ်စ်ကားမှတ်တိုင်များ စိစစ်သတ်မှတ်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ ဦးလှအောင်က ရှင်းပြပါတယ်။

ထို့အပြင် ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန် အစရှိတဲ့ ရန်ကုန် မြောက်ပိုင်းခရိုင်အတွင်းက မြို့နယ်တွေမှာ ဘတ်စ်ကား မှတ်တိုင်ပေါင်း ၂၅၀ ကို ဆောက်ဖို့ လျာထားတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဩဂုတ် ၃

(  Zawgyi  )

 ရန္ကုန္ၿမိဳ႕ရဲ႕ ဘတ္စ္ကား မွတ္တိုင္ေတြကို အဆင့္ျမႇင့္တင္ကာ အသစ္တည္ေဆာက္လုပ္ေဆာင္လ်က္ရွိရာ ၿမိဳ႕တြင္း ေျခာက္ၿမိဳ႕နယ္မွာ မွတ္တိုင္ေပါင္း ၅၀၀ ေဆာက္ဖို႔လ်ာထားရာမွ လက္ရွိကာလအထိ မွတ္တိုင္ေပါင္း ၂၇၀ ေက်ာ္ကို တည္ေဆာက္ၿပီးစီးခဲ့တယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာ ဌာန(လမ္းတံတား)မွ သိရပါတယ္။

"ၿမိဳ႕တြင္းေျခာက္ၿမိဳ႕နယ္ထဲမွာေတာ့ တည္ေဆာက္ဖို႔ လ်ာထားတဲ့ ဘတ္စ္ကားမွတ္တိုင္ေတြဟာ စုစုေပါင္း ၅၀၀ ရွိပါတယ္၊ ေလာေလာ ဆယ္ေတာ့ စာရင္းေတြအရဆိုရင္ ၂၇၀ ေလာက္ တည္ေဆာက္ၿပီးစီးခဲ့ပါတယ္၊ က်န္ရွိေသးတဲ့ မွတ္တိုင္ေတြကိုလည္း လ်ာထားခ်က္အတိုင္း ေဆာက္လုပ္သြားၾကမွာ ျဖစ္ပါတယ္"လို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာ ဌာန (လမ္းတံတား) ဌာနမႉး ဦးလင္းခိုင္က ေျပာပါတယ္။ ရန္ကုန္ စည္ပင္သာယာ နယ္နိမိတ္ျဖစ္တဲ့ ၿမိဳ႕နယ္ေပါင္း ၃၀ ေက်ာ္မွာ ဘတ္စ္ကားမွတ္တိုင္မ်ား တည္ေဆာက္ တာကို ဇုန္ သုံးဇုန္ခြဲကာ လုပ္ေဆာင္ဖို႔စီစဥ္ထားၿပီး တည္ေဆာက္မႈအပိုင္းကို ၿမိဳ႕ေတာ္စည္ပင္က ပုဂၢလိက ကုမၸဏီမ်ားထံ တင္ဒါေခၚယူ လုပ္ေဆာင္ ခဲ့တာျဖစ္ပါတယ္။

ဆက္လက္ၿပီး ၎က "ဒဂုံေတာင္၊ ဒဂုံေျမာက္၊ ဒဂုံဆိပ္ကမ္း၊ သာေကတ၊ ေဒါပုံ စတဲ့ ၿမိဳ႕နယ္ေတြပါတဲ့ ဇုန္ထဲမွာေတာ့ မွတ္တိုင္ေပါင္း ၄၀၀ ေက်ာ္ တည္ေဆာက္ဖို႔ လ်ာထားပါတယ္၊ အဲ့ဒါကိုေတာ့ တင္ဒါေအာင္တဲ့ ကုမၸဏီေတြ က ေဆာက္ဖို႔ရွိသလို တျခားၿမိဳ႕နယ္ေတြက်ေတာ့ ၿမိဳ႕ေတာ္ စည္ပင္က တာဝန္ယူတည္ေဆာက္မွာ ျဖစ္ပါတယ္"လို႔ သူကရွင္းျပပါတယ္။

"ဘတ္စ္ကားမွတ္တိုင္ေတြဟာ အရင္တုန္းကေတာ့ စနစ္တက် မရွိခဲ့ပါဘူး၊ ဥပမာအားျဖင့္ ဒဂုံေတာင္တို႔ ဘာတို႔မွာ ဆိုရင္ အရင္မထသေခတ္မွာ ကတည္းက အဲ့ဒီနားမွာ ေနထိုင္ တဲ့သူေတြက သူ႔ဟာသူသတ္မွတ္ၿပီး ဘတ္စ္ကားစီးနင္းတဲ့ မွတ္တိုင္လို ေနရာေတြရွိသလို ကားသမားေတြက သတ္မွတ္ ထားတဲ့ မွတ္တိုင္လိုေနရာေတြရွိပါတယ္၊ ဒါေတြကိုလည္း စိစစ္ၿပီး ဘတ္စ္ကားမွတ္တိုင္အျဖစ္ စနစ္တက်နဲ႔ လုပ္ေပး ႏိုင္ဖို႔ ကြင္းဆင္းစစ္ေဆးၿပီး လုပ္ေဆာင္ေနတာ ေတြလည္း ရွိပါတယ္"လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕မွ တြဲဖက္အတြင္းေရးမႉးျဖစ္သလို ဘတ္စ္ကားမွတ္တိုင္မ်ား စိစစ္သတ္မွတ္ေရး လုပ္ငန္းအဖြဲ႕ေခါင္းေဆာင္ အျဖစ္ တာဝန္ယူထားတဲ့ ဦးလွေအာင္က ရွင္းျပပါတယ္။

ထို႔အျပင္ ေ႐ႊျပည္သာ၊ လႈိင္သာယာ၊ အင္းစိန္ အစရွိတဲ့ ရန္ကုန္ ေျမာက္ပိုင္းခ႐ိုင္အတြင္းက ၿမိဳ႕နယ္ေတြမွာ ဘတ္စ္ကား မွတ္တိုင္ေပါင္း ၂၅၀ ကို ေဆာက္ဖို႔ လ်ာထားတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဩဂုတ္ ၃