မြို့သာစက်မှုဇုန်အတွင်း ဆေးခြောက်စိုက်ခင်း ကိစ္စ စက်မှုဇုန် တာဝန်ရှိသ ူကိုယ်တိုင် တာဝန်ယူမ ှုရှိရန်လိုကြောင်း ငါန်းဇွန် လွှတ်တော်ကိုယ်စားလှယ်ပြော၊ ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဟု မန်းဝန်ကြီးချုပ်ဆို

 
မြို့သာစက်မှုဇုန်အတွင်း ဆေးခြောက်စိုက်ခင်း ကိစ္စ စက်မှုဇုန် တာဝန်ရှိသ ူကိုယ်တိုင် တာဝန်ယူမ ှုရှိရန်လိုကြောင်း ငါန်းဇွန် လွှတ်တော်ကိုယ်စားလှယ်ပြော၊ ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဟု မန်းဝန်ကြီးချုပ်ဆို

မြို့သာစက်မှုဇုန်အတွင်းတွေ့ရှိရတဲ့ ဆေးခြောက်စိုက်ခင်းလို့ယူဆရတဲ့အပင်တွေနဲ့ပတ်သက်ပြီး စက်မှုဇုန်တာဝန်ရှိသူတွေဘက်က တာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုတယ်လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်သဲစုေ၀ (ငါန်းဇွန်မြို့နယ်မဲဆန္ဒနယ်အမှတ် ၁) ကပြောဆိုလိုက်ပါတယ်။

"ဒီကိစ္စမှာ တာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုအပ်တယ်၊ ကုမ္ပဏီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ သူ့စီမံကိန်းဇုန်ကြီးထဲမှာ ဘယ်သူက ဘာလာလုပ်တယ် ဆိုတာ သိကိုသိနေရမယ်၊ လုပ်ငန်းအခြေခအမြစ်ကအစ သိကိုသိနေရမယ်" လို့ ၎င်းကဆိုပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ ဆေးခြောက်စိုက်ခင်းလို့နာမည်ထွက်ပေါ်နေတဲ့ မြို့သာစက်မှုဇုန်အတွင်းစိုက်ပျိုးထားတဲ့စိုက်ခင်းဧက ၃၀ ကျော်နဲ့ပတ်သက်ပြီး ဒေါ်သဲစုဝေက မနေ့ကပြောဆိုလိုက်တာပါ။

ဒီစိုက်ခင်းတွေဟာ ၁ နှစ်နီးပါးရှိနေပြီဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ဧပြီလ ၂၂ ရက်နေ့ကမှ ဒေသခံတစ်ဦးရဲ့ဖော်ကောင်လုပ်မှုကြောင့် လူမှုကွန်ရက်စာမျက်နှာပေါ်သတင်းပျံ့နံှ့ခဲ့တာပါ။

သတင်းထွက်ပေါ်ခါစတုန်းကတော့ ဒီစိုက်ခင်းဟာ ဆေးခြောက်စိုက်ခင်းမဟုတ်ဘူး ဆေးခြောက်အပင်တွေစိုက်ထားတယ်ဆိုတာမဟုတ်ဘူးလို့ မြို့သာစက်မှုဥယျာဉ်မြို့တော်တည်ဆောက်ရေးစီမံကိန်းတာဝန်ရှိသူကငြင်းဆိုထားပါတယ်။

ဒါပေမယ့် လည်း ဧပြီ ၂၂ ရက်မှာတော့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြင်းခြံခရိုင် အုပ်ချုပ်ရေးမှူး၊ ဓာတုဗေဒစစ်ဆေးရေးဌာနခွဲ(မန္တလေး)တို့က သွားရောက်စစ်ဆေးခဲ့ပြီးစိုက်ခင်းစိုက်ပျိုး သူ အမေရိကန်နိုင်ငံသားနှစ်ဦးနဲ့ စိုက်ခင်းတာဝန်ခံမြန်မာနိုင်ငံသားနှစ်ဦးကို ဧပြီ ၂၃ ရက်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေတွေ နဲ့ အမှုဖွင့်အရေးယူ လိုပ်တယ်လို့ မူးယစ်ဆေးဝါးသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ ကသတင်းထုတ်ပြန်ပါတယ်။

မြို့သာစက်မှုဇုန်နေရာဆိုတာက အများကြီးဖွံ့ဖြိုးတိုးတက်နေတဲ့နေရာမဟုတ်ဘူး၊ ဆယ်ဂဏန်းတောင်မပြည့်တဲ့စက်ရုံတွေရှိတဲ့နေရာမှာ ဒါတွေကိုသိနေရမယ်လေ ဒီအခင်းတွေဖြစ်နေတယ်ဆိုရင်ဘယ်လိုကိုင်တွယ်ရမယ် အစိုးရကိုဘယ် လိုတင်ပြရမယ်ဆိုတာ သူတို့လုပ်ကို လုပ်နေရမယ့်ကိစ္စပါ တာဝန်ရှိသူကိုယ်တိုင် ဒါကိုသေချာလုပ်မယ်ဆိုရင် ဒီအခင်းကြီးဒီလောက်ဖြစ်လာမှာမဟုတ်ဘူး" လို့လည်း ဒေါ်သဲစုဝေကပြောပါတယ်။

ဒီကိစ္စအပေါ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဥပဒေ အတိုင်းသာ ဆက်လုပ်သွား မှာဖြစ်တယ်လို့ ပြောပါတယ်။

"သူတို့တောင်းဆိုစဉ်က လျှော်ပင်လို့တောင်းဆိုတာပါ၊ ဒါကိုမြို့သာတာဝန်ရှိသူကပဲပိုသိမှာပါ ကျွန်တော်တို့ကဥပဒေအတိုင်းပဲသွားမှာပါ" လို့ဝန်ကြီးချုပ်ကပြောပါတယ်။  

KT                                                                      
မန္တလေး၊ ဧပြီ ၃၀ 

(  Zawgyi )

ၿမိဳ႕သာစက္မႈဇုန္အတြင္းေတြ႕ရွိရတဲ႔ ေဆးေျခာက္စုိက္ခင္းလို႔ယူဆရတဲ႔အပင္ေတြနဲ႔ပတ္သက္ၿပီး စက္မႈဇုန္တာ၀န္ရိွသူေတြဘက္က တာ၀န္ယူမႈတာ၀န္ခံမႈရိွဖို႔လိုတယ္လို႔ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေဒၚသဲစုေ၀ (ငါန္းဇြန္ၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္ ၁) ကေျပာဆိုလိုက္ပါတယ္။

"ဒီကိစၥမွာ တာ၀န္ယူမႈတာ၀န္ခံမႈရိွဖို႔လိုအပ္တယ္၊ ကုမၸဏီဥကၠ႒တစ္ေယာက္အေနနဲ႔ သူ႔စီမံကိန္းဇုန္ႀကီးထဲမွာ ဘယ္သူက ဘာလာလုပ္တယ္ ဆိုတာ သိကိုသိေနရမယ္၊ လုပ္ငန္းအေျခခအျမစ္ကအစ သိကိုသိေနရမယ္" လို႔ ၎ကဆိုပါတယ္။

လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဆးေျခာက္စိုက္ခင္းလို႔နာမည္ထြက္ေပၚေနတဲ႔ ၿမိဳ႕သာစက္မႈဇုန္အတြင္းစိုက္ပ်ိဳးထားတဲ႔စိုက္ခင္းဧက ၃၀ ေက်ာ္နဲ႔ပတ္သက္ၿပီး ေဒၚသဲစုေ၀က မေန႔ကေျပာဆိုလိုက္တာပါ။

ဒီစိုက္ခင္းေတြဟာ ၁ ႏွစ္နီးပါးရွိေနၿပီျဖစ္ေပမယ္႔လည္း ၿပီးခဲ႔တဲ႔ဧၿပီလ ၂၂ ရက္ေန႔ကမွ ေဒသခံတစ္ဦးရဲ႕ေဖာ္ေကာင္လုပ္မႈေၾကာင့္ လူမႈကြန္ရက္စာမ်က္ႏွာေပၚသတင္းပ်ံ႕ႏံွ႔ခဲ႔တာပါ။

သတင္းထြက္ေပၚခါစတုန္းကေတာ့ ဒီစိုက္ခင္းဟာ ေဆးေျခာက္စိုက္ခင္းမဟုတ္ဘူး ေဆးေျခာက္အပင္ေတြစိုက္ထားတယ္ဆိုတာမဟုတ္ဘူးလို႔ ၿမိဳ႕သာစက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္တည္ေဆာက္ေရးစီမံကိန္းတာ၀န္ရိွသူကျငင္းဆိုထားပါတယ္။

ဒါေပမယ္႔ လည္း ဧၿပီ ၂၂ ရက္မွာေတာ့ မႏၲေလးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕၊ အစားအေသာက္ႏွင့္ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန၊ ျမင္းၿခံခရုိင္ အုပ္ခ်ဳပ္ေရးမွဴး၊ ဓာတုေဗဒစစ္ေဆးေရးဌာနခြဲ(မႏၲေလး)တုိ႔က သြားေရာက္စစ္ေဆးခဲ႔ၿပီးစိုက္ခင္းစိုက္ပ်ိဳး သူ အေမရိကန္ႏုိင္ငံသားႏွစ္ဦးနဲ႔ စုိက္ခင္းတာ၀န္ခံျမန္မာႏုိင္ငံသားႏွစ္ဦးကို ဧၿပီ ၂၃ ရက္က မူးယစ္ေဆး၀ါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆး၀ါးမ်ားဆုိင္ရာဥပေဒေတြ နဲ႔ အမႈဖြင့္အေရးယူ လိုပ္တယ္လို႔ မူးယစ္ေဆး၀ါးသံုးစြဲမႈထိန္းခ်ဳပ္ေရးဗဟိုေကာ္မတီ ကသတင္းထုတ္ျပန္ပါတယ္။

ၿမိဳ႕သာစက္မႈဇုန္ေနရာဆိုတာက အမ်ားႀကီးဖြံ႕ျဖိဳးတိုးတက္ေနတဲ႔ေနရာမဟုတ္ဘူး၊ ဆယ္ဂဏန္းေတာင္မျပည့္တဲ႔စက္ရံုေတြရိွတဲ႔ေနရာမွာ ဒါေတြကိုသိေနရမယ္ေလ ဒီအခင္းေတြျဖစ္ေနတယ္ဆိုရင္ဘယ္လိုကိုင္တြယ္ရမယ္ အစိုးရကိုဘယ္ လိုတင္ျပရမယ္ဆိုတာ သူတို႔လုပ္ကို လုပ္ေနရမယ္႔ကိစၥပါ တာ၀န္ရိွသူကိုယ္တိုင္ ဒါကိုေသခ်ာလုပ္မယ္ဆိုရင္ ဒီအခင္းႀကီးဒီေလာက္ျဖစ္လာမွာမဟုတ္ဘူး" လို႔လည္း ေဒၚသဲစုေ၀ကေျပာပါတယ္။

ဒီကိစၥအေပၚ မႏၲေလးတိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး တရားဥပေဒ အတိုင္းသာ ဆက္လုပ္သြား မွာျဖစ္တယ္လို႔ ေျပာပါတယ္။

"သူတို႔ေတာင္းဆိုစဥ္က ေလွ်ာ္ပင္လို႔ေတာင္းဆိုတာပါ၊ ဒါကိုၿမိဳ႕သာတာ၀န္ရိွသူကပဲပိုသိမွာပါ ကြ်န္ေတာ္တို႔ကဥပေဒအတိုင္းပဲသြားမွာပါ" လို႔၀န္ႀကီးခ်ဳပ္ကေျပာပါတယ္။  

KT                                                                      
မႏၲေလး၊ ဧၿပီ ၃၀