မြောက်ကိုရီးယားသံအမတ်နှင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့်တွေ့ဆုံ

မြောက်ကိုရီးယားသံအမတ်နှင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့်တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာမြောက်ကိုရီးယားသံအမတ်ကြီးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးေ ရးပါတီ၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ကိုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတွေ့ဆုံမှုကို ဇွန် ၁၂ ရက်နေ့က  နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှာပြုလုပ်ခဲ့တာဖြစ်ပြီး ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာမြောက်ကိုရီးယားသံအမတ်ကြီး H.E Mr. Jong Ho Bom ဦးဆောင်သောအဖွဲ့နှင့် ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ဗဟိုကော်မတီဝင် ဦးသိန်းထွန်းဦး တို့ကတက်ရောက်ခဲ့ကြ တာပါ။

ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့သည့်အပေါ် ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က “ထွေထွေထူးထူးတော့မရှိပါဘူး။နှစ်နိုင်ငံ ဆက်ဆံရေးမိတ်ဝတ်မပျက်လာရောက်တွေ့ဆုံတဲ့သဘောပါပဲ။ ကျနော်တို့ကတော့နိုင်ငံတကာအဖွဲ့အစည်း တွေသံတမန်တွေနဲ့ဆက်ဆံရာ မှာကျနော်တို့ရဲ့ ပါတီမူဝါဒရှိထားပြီးသားပေါ့။ ကျနော်တို့ကဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်းပြဌာန်းပေးထားတဲ့အတိုင်းပါပဲ။ကျနော်တို့အနေနဲ့ကတော့ပွင့်လင်းမြင်သာတဲ့ဆက်ဆံရေးပေါ့လေအဲ့လိုဆက်ဆံကြတယ်။ဘယ်လိုပြောမလဲဘက်မလိုက်ဘူးဆိုတဲ့မူဝါဒပေါ့နော်။အဲ့အပေါ်မှာလည်းထိတွေ့ပြီးဆက်ဆံကြပါတယ်။အခုဆိုလို့ရှိရင်နိုင်ငံတကာကနေပြည်ခိုင်ဖြိုးပါတီကိုစိတ်ဝင်တစားနှင့်လာရောက်ဆက်သွယ်ဆက်ဆံကြတဲ့အဖွဲ့တွေတော်တော်များပါတယ်။ဒီနေ့ဆိုရင်လည်းဆွစ်ဇာလန်နိုင်ငံကအဖွဲ့နဲ့တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ဒါကိုလည်းမကြာခင်မှာသတင်းထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်”လို့  Opinion Leaders Media သို့ပြောကြားခဲ့ပါတယ်။

ပြေသိမ်း
နေပြည်တော်၊ဇွန် ၁၃
ဓါတ်ပုံ - ပြည်ခိုင်ဖြိုးပါတီ။

( Zawgyi )

 ျမန္မာႏိုင္ငံဆိုင္ရာေျမာက္ကိုရီးယားသံအမတ္ႀကီးသည္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေ ရးပါတီ၊ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈ တစ္ရပ္ကိုျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါေတြ႕ဆုံမႈကို ဇြန္ ၁၂ ရက္ေန႔က  ေနျပည္ေတာ္ရွိ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဌာနခ်ဳပ္မွာျပဳလုပ္ခဲ့တာျဖစ္ၿပီး ယင္းေတြ႕ဆုံေဆြးေႏြးပြဲသို႔ ျမန္မာႏိုင္ငံဆိုင္ရာေျမာက္ကိုရီးယားသံအမတ္ႀကီး H.E Mr. Jong Ho Bom ဦးေဆာင္ေသာအဖြဲ႕ႏွင့္ ျပည္ခိုင္ၿဖိဳးပါတီမွ ဗဟိုအလုပ္အမႈေဆာင္ ဦးဝဏၰေမာင္လြင္ႏွင့္အတူ ဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္း၊ဗဟိုေကာ္မတီဝင္ ဦးသိန္းထြန္းဦး တို႔ကတက္ေရာက္ခဲ့ၾက တာပါ။

ယင္းကဲ့သို႔ ေတြ႕ဆုံေဆြးေႏြးခဲ့သည့္အေပၚ ျပည္ခိုင္ၿဖိဳးပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦး က “ေထြေထြထူးထူးေတာ့မရွိပါဘူး။ႏွစ္ႏိုင္ငံ ဆက္ဆံေရးမိတ္ဝတ္မပ်က္လာေရာက္ေတြ႕ဆုံတဲ့သေဘာပါပဲ။ က်ေနာ္တို႔ကေတာ့ႏိုင္ငံတကာအဖြဲ႕အစည္း ေတြသံတမန္ေတြနဲ႔ဆက္ဆံရာ မွာက်ေနာ္တို႔ရဲ႕ ပါတီမူဝါဒရွိထားၿပီးသားေပါ့။ က်ေနာ္တို႔ကဖြဲ႕စည္းပုံ အေျခခံဥပေဒမွာလည္းျပဌာန္းေပးထားတဲ့အတိုင္းပါပဲ။က်ေနာ္တို႔အေနနဲ႔ကေတာ့ပြင့္လင္းျမင္သာတဲ့ဆက္ဆံေရးေပါ့ေလအဲ့လိုဆက္ဆံၾကတယ္။ဘယ္လိုေျပာမလဲဘက္မလိုက္ဘူးဆိုတဲ့မူဝါဒေပါ့ေနာ္။အဲ့အေပၚမွာလည္းထိေတြ႕ၿပီးဆက္ဆံၾကပါတယ္။အခုဆိုလို႔ရွိရင္ႏိုင္ငံတကာကေနျပည္ခိုင္ၿဖိဳးပါတီကိုစိတ္ဝင္တစားႏွင့္လာေရာက္ဆက္သြယ္ဆက္ဆံၾကတဲ့အဖြဲ႕ေတြေတာ္ေတာ္မ်ားပါတယ္။ဒီေန႔ဆိုရင္လည္းဆြစ္ဇာလန္ႏိုင္ငံကအဖြဲ႕နဲ႔ေတြ႕ဆုံေဆြးေႏြးဖို႔ရွိပါတယ္။ဒါကိုလည္းမၾကာခင္မွာသတင္းထုတ္ျပန္ေပးသြားမွာျဖစ္ပါတယ္”လို႔  Opinion Leaders Media သို႔ေျပာၾကားခဲ့ပါတယ္။

ေျပသိမ္း
ေနျပည္ေတာ္၊ဇြန္ ၁၃
ဓါတ္ပုံ - ျပည္ခိုင္ၿဖိဳးပါတီ။