မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ စုံစမ်းတွေ့ရှိမှု အစီရင်ခံစာကို ယခုလကုန်ပိုင်းတွင် အစိုးရအဖွဲ့ထံသို့ တင်ပြမည်ဟု ဆို

မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ စုံစမ်းတွေ့ရှိမှု အစီရင်ခံစာကို ယခုလကုန်ပိုင်းတွင် အစိုးရအဖွဲ့ထံသို့ တင်ပြမည်ဟု ဆို

မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ မြေပြင်ကွင်းဆင်း စစ်ဆေးစုံစမ်းတွေ့ရှိမှု အစီရင်ခံစာကို ယခုဧပြီလ ကုန်ပိုင်းတွင် အစိုးရအဖွဲ့ထံသို့တင်ပြသွားမှာဖြစ်တယ်လို့  အဆိုပါ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူထံမှသိရပါတယ်။

“ကျနော်တို့က အချက်အလက်တွေစုစည်းထားပြီးပြီ၊အပြည့်အစုံရရှိထားပြီးပြီ။ဒီလ ၂၅ ရက်နေ့မှာပါတီ CEC   တွေ့ဆုံပါမယ်၊ အစည်းအဝေး လုပ်ပါမယ်။CEC အဖွဲ့ဆုံးဖြတ်ချက်အတိုင်းသဘောတူညီမှုရရင် အစိုးရပိုင်းဘက်ကို ဆက်လက်တင်ပြပေးသွား မှာဖြစ်ပါတယ်။ အစိုးရပိုင်း ကတော့ဘယ်လိုဆုံးဖြတ်မလဲကျနော်တို့မသိပါဘူး။ကျနော်တို့ကတော့ ပြည်သူလူထုခံစားနေရတာတွေ နစ်နာနေရတာတွေ အားလုံးကို ထိထိရောက်ရောက် အစီရင်ခံမှာထည့်သွင်းဖော်ပြပေးထားပါတယ်။ဒါပေမယ့်အစိုးရဘက်ကသိပ်အဆင်မပြေလောက်ဘူးထင်တယ်။   

ကျနော်တို့လုပ်နေရတာသိပ်အားမရှိဘူး။အခုလည်းမြောက်ဦးနဲ့ဘူးသီးတောင်မှာပစ်နေကြပြီ၊  လက်နက်ကြီးတွေပါတယ်လို့ကြားတယ်။ပြောရရင် ကြားထဲကပြည်သူလူထုဘဲနစ်နာပါတယ်။ဒါဟာအင်မတန်ဝမ်းနည်းစရာကောင်းပါတယ်။ကျနော်တို့ကတော့တစ်နေ့မှစိတ်မချမ်းသာပါဘူး။လက်ရှိ စစ်ဘေးရှောင် အရေအတွက် ကလည်းကျနော် တို့ ရခိုင်မှာ သုံးသောင်းကျော်သွားပါပြီ။အစီရင်ခံစာထဲမှာတော့ ကျနော်တို့အကြောင်း အရာပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။”လို့ ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော် ကပြောပါတယ်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောစစ်ဘေးဒဏ်ကြောင့် အရပ်ဖက်ပြည်သူများ ထိခိုက်နစ်နာ ဆုံးရှုံး မှုများ၊ ရပ်ရွာစွန့်ခွာတိမ်းရှောင်ရမှုများ၊ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်များထိခိုက်မှု၊အသက်ဆုံးရှုံးမှုများကိုစုံစမ်းရန် အဆိုပါ ပါတီ ဒု - ဥက္ကဌ ဒေါ်အေးနုစိန် ဦးဆောင်သောအဖွဲ့ကို ပြီးခဲ့တဲ့မတ်လ ၂၀ ရက်နေ့ကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။   

 ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာမြောက်ဦးမြို့နယ်တွင် စစ်ဘေးဒဏ်ကြောင့်ရှောင်တိမ်းရသူများ၊ဒဏ်ရာရသူများ  ထိခိုက်နစ်နာဆုံးရှုံးသူများ ၊တွေ့သင့်ေ တွ့ထိုက်သူများ အပါအဝင် လူမှုရေးအကူအညီပေးနေသော   အဖွဲ့တွေကိုတွေ့ဆုံပြီးစုံစမ်းစစ်ဆေးမှုတွေ ကိုပြုလုပ်ခဲ့ တာပဲဖြစ်ပါ တယ်။အဆိုပါ အစီရင်ခံစာကိုလည်း နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လူ့အခွင့်အရေးကော်မရှင်နှင့်အခြားအဖွဲ့အစည်းများသို့တင်ပြသွားမှာဖြစ်တယ်လို့လည်း ရခိုင်အမျိုးသားပါတီထံမှသိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဧပြီ ၁၉

(  Zawgyi  )

 ေျမာက္ဦးျဖစ္စဥ္ႏွင့္ပတ္သက္၍ ရခိုင္အမ်ိဳးသားပါတီ၏ ေျမျပင္ကြင္းဆင္း စစ္ေဆးစုံစမ္းေတြ႕ရွိမႈ အစီရင္ခံစာကို ယခုဧၿပီလ ကုန္ပိုင္းတြင္ အစိုးရအဖြဲ႕ထံသို႔တင္ျပသြားမွာျဖစ္တယ္လို႔  အဆိုပါ ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူထံမွသိရပါတယ္။

“က်ေနာ္တို႔က အခ်က္အလက္ေတြစုစည္းထားၿပီးၿပီ၊အျပည့္အစုံရရွိထားၿပီးၿပီ။ဒီလ ၂၅ ရက္ေန႔မွာပါတီ CEC   ေတြ႕ဆုံပါမယ္၊ အစည္းအေဝး လုပ္ပါမယ္။CEC အဖြဲ႕ဆုံးျဖတ္ခ်က္အတိုင္းသေဘာတူညီမႈရရင္ အစိုးရပိုင္းဘက္ကို ဆက္လက္တင္ျပေပးသြား မွာျဖစ္ပါတယ္။ အစိုးရပိုင္း ကေတာ့ဘယ္လိုဆုံးျဖတ္မလဲက်ေနာ္တို႔မသိပါဘူး။က်ေနာ္တို႔ကေတာ့ ျပည္သူလူထုခံစားေနရတာေတြ နစ္နာေနရတာေတြ အားလုံးကို ထိထိေရာက္ေရာက္ အစီရင္ခံမွာထည့္သြင္းေဖာ္ျပေပးထားပါတယ္။ဒါေပမယ့္အစိုးရဘက္ကသိပ္အဆင္မေျပေလာက္ဘူးထင္တယ္။   

က်ေနာ္တို႔လုပ္ေနရတာသိပ္အားမရွိဘူး။အခုလည္းေျမာက္ဦးနဲ႔ဘူးသီးေတာင္မွာပစ္ေနၾကၿပီ၊  လက္နက္ႀကီးေတြပါတယ္လို႔ၾကားတယ္။ေျပာရရင္ ၾကားထဲကျပည္သူလူထုဘဲနစ္နာပါတယ္။ဒါဟာအင္မတန္ဝမ္းနည္းစရာေကာင္းပါတယ္။က်ေနာ္တို႔ကေတာ့တစ္ေန႔မွစိတ္မခ်မ္းသာပါဘူး။လက္ရွိ စစ္ေဘးေရွာင္ အေရအတြက္ ကလည္းက်ေနာ္ တို႔ ရခိုင္မွာ သုံးေသာင္းေက်ာ္သြားပါၿပီ။အစီရင္ခံစာထဲမွာေတာ့ က်ေနာ္တို႔အေၾကာင္း အရာျပည့္ျပည့္စုံစုံေဖာ္ျပထားပါတယ္။”လို႔ ရခိုင္အမ်ိဳးသားပါတီ(ANP)ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးထြန္းေအာင္ေက်ာ္ ကေျပာပါတယ္။

ရခိုင္အမ်ိဳးသားပါတီအေနျဖင့္ ရခိုင္ျပည္နယ္အတြင္းျဖစ္ပြားခဲ့ေသာစစ္ေဘးဒဏ္ေၾကာင့္ အရပ္ဖက္ျပည္သူမ်ား ထိခိုက္နစ္နာ ဆုံးရႈံး မႈမ်ား၊ ရပ္႐ြာစြန႔္ခြာတိမ္းေရွာင္ရမႈမ်ား၊ေရွးေဟာင္းယဥ္ေက်းမႈအေမြ အႏွစ္မ်ားထိခိုက္မႈ၊အသက္ဆုံးရႈံးမႈမ်ားကိုစုံစမ္းရန္ အဆိုပါ ပါတီ ဒု - ဥကၠဌ ေဒၚေအးႏုစိန္ ဦးေဆာင္ေသာအဖြဲ႕ကို ၿပီးခဲ့တဲ့မတ္လ ၂၀ ရက္ေန႔ကစတင္ဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။   

 ယင္းစုံစမ္းစစ္ေဆးေရးအဖြဲ႕ဟာေျမာက္ဦးၿမိဳ႕နယ္တြင္ စစ္ေဘးဒဏ္ေၾကာင့္ေရွာင္တိမ္းရသူမ်ား၊ဒဏ္ရာရသူမ်ား  ထိခိုက္နစ္နာဆုံးရႈံးသူမ်ား ၊ေတြ႕သင့္ေ တြ႕ထိုက္သူမ်ား အပါအဝင္ လူမႈေရးအကူအညီေပးေနေသာ   အဖြဲ႕ေတြကိုေတြ႕ဆုံၿပီးစုံစမ္းစစ္ေဆးမႈေတြ ကိုျပဳလုပ္ခဲ့ တာပဲျဖစ္ပါ တယ္။အဆိုပါ အစီရင္ခံစာကိုလည္း ႏိုင္ငံေတာ္သမၼတ အပါအဝင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ လူ႔အခြင့္အေရးေကာ္မရွင္ႏွင့္အျခားအဖြဲ႕အစည္းမ်ားသို႔တင္ျပသြားမွာျဖစ္တယ္လို႔လည္း ရခိုင္အမ်ိဳးသားပါတီထံမွသိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဧၿပီ ၁၉