မွန်ပြည်နယ်မှ တောင်များသို့ မိုးရာသီခရီးကြမ်း တောင်တက်လေ့ကျင့်မည်

မွန်ပြည်နယ်မှ တောင်များသို့ မိုးရာသီခရီးကြမ်း တောင်တက်လေ့ကျင့်မည်

ယခု ဇူလိုင်လအတွင်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ တောင်တွေကို မိုးရာသီခရီးကြမ်း တောင်တက်လေ့ကျင့်မှု အစီအစဉ်အဖြစ် လုပ်ဆောင်သွားရန် စီစဉ်ထားတယ်လို့ တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း၊ သဘာဝခေါ်သံဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးသန့် က ပြောကြားပါတယ်။

အဆိုပါခရီးစဉ်ဟာ နှစ်စဉ်သွားရောက်ကြတဲ့ တောင်တက်ခရီးစဉ်လည်းဖြစ်သလို တောင်တက်ခရီးကြမ်း လေ့ကျင့်ရင်း လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ကုသိုလ်ပြုလှူဒါန်းတာတွေ၊ ဆေးဝါးကုသပေးတာတွေကို လုပ်ဆောင်မယ့်အပြင် ဝါဆိုသင်္ကန်း ဆက်ကပ်တာတွေကိုလည်း လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“ဘီးလင်းမြို့နယ်ထဲက ဝေပုလ္လတောင်တို့ ကေလာဿတောင်တို့ စွန်တောင်တို့ကို တက်ရောက်ကြမှာဖြစ်ပါတယ်၊ မျိုးဆက်သစ် တောင်တက်ဝါသနာရှင် လူငယ်တွေအနေနဲ့ မိုးရာသီကာလ တောင်တက်ခရီးကြမ်း အတွေ့အကြုံရရှိစေဖို့ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

ထိုတောင်တက်ခရီးစဉ်အတွက် ရန်ကုန်တက္ကသိုလ်မှ ဇူလိုင်လ ၁၈ ရက်မှာ စတင်ထွက်ခွာကာ ဇူလိုင် ၂၁ ရက်မှာ ခရီးစဉ်ပြီးဆုံးကာ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာကြမှာဖြစ်ကြောင်း၊ ခရီးစဉ်ကို တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း၊ သဘာဝခေါ်သံဖောင်ဒေးရှင်းတို့က ပူးပေါင်းစီစဉ်ကြတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် - ၁၅

( Zawgyi )

ယခု ဇူလိုင္လအတြင္း မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္ရွိ ေတာင္ေတြကို မိုးရာသီခရီးၾကမ္း ေတာင္တက္ေလ့က်င့္မႈ အစီအစဥ္အျဖစ္ လုပ္ေဆာင္သြားရန္ စီစဥ္ထားတယ္လို႔ တကၠသိုလ္မ်ား ေျခလ်င္ႏွင့္ ေတာင္တက္အသင္း၊ သဘာဝေခၚသံေဖာင္ေဒးရွင္း ဥကၠ႒ ဦးမ်ိဳးသန႔္ က ေျပာၾကားပါတယ္။

အဆိုပါခရီးစဥ္ဟာ ႏွစ္စဥ္သြားေရာက္ၾကတဲ့ ေတာင္တက္ခရီးစဥ္လည္းျဖစ္သလို ေတာင္တက္ခရီးၾကမ္း ေလ့က်င့္ရင္း လမ္းတစ္ေလွ်ာက္မွာရွိတဲ့ ေက်း႐ြာေတြ၊ ဘုန္းႀကီးေက်ာင္းေတြမွာ ကုသိုလ္ျပဳလႉဒါန္းတာေတြ၊ ေဆးဝါးကုသေပးတာေတြကို လုပ္ေဆာင္မယ့္အျပင္ ဝါဆိုသကၤန္း ဆက္ကပ္တာေတြကိုလည္း လုပ္ေဆာင္သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

“ဘီးလင္းၿမိဳ႕နယ္ထဲက ေဝပုလႅေတာင္တို႔ ေကလာႆေတာင္တို႔ စြန္ေတာင္တို႔ကို တက္ေရာက္ၾကမွာျဖစ္ပါတယ္၊ မ်ိဳးဆက္သစ္ ေတာင္တက္ဝါသနာရွင္ လူငယ္ေတြအေနနဲ႔ မိုးရာသီကာလ ေတာင္တက္ခရီးၾကမ္း အေတြ႕အႀကဳံရရွိေစဖို႔ လုပ္ေဆာင္တာလည္း ျဖစ္ပါတယ္” လို႔ သူက ရွင္းျပပါတယ္။

ထိုေတာင္တက္ခရီးစဥ္အတြက္ ရန္ကုန္တကၠသိုလ္မွ ဇူလိုင္လ ၁၈ ရက္မွာ စတင္ထြက္ခြာကာ ဇူလိုင္ ၂၁ ရက္မွာ ခရီးစဥ္ၿပီးဆုံးကာ ရန္ကုန္သို႔ ျပန္လည္ေရာက္ရွိလာၾကမွာျဖစ္ေၾကာင္း၊ ခရီးစဥ္ကို တကၠသိုလ္မ်ား ေျခလ်င္ႏွင့္ ေတာင္တက္အသင္း၊ သဘာဝေခၚသံေဖာင္ေဒးရွင္းတို႔က ပူးေပါင္းစီစဥ္ၾကတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇူလိုင္ - ၁၅