ယခုဘဏ္ဍာနှစ်သစ် ပထမလအတွင်း တရုတ်နှင့် နယ်စပ်မှကုန်သွယ်မှု ကန်ဒေါ်လာ သန်းငါးရာကျော်ရှိ

ယခုဘဏ္ဍာနှစ်သစ် ပထမလအတွင်း တရုတ်နှင့် နယ်စပ်မှကုန်သွယ်မှု ကန်ဒေါ်လာ သန်းငါးရာကျော်ရှိ

ကုန်သွယ်ရေးဦးစီးဌာနမှ ယခု နိုဝင်ဘာလအတွင်း ထုတ်ပြန်သည့် နယ်စခန်းများအလိုက် ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ နှိုင်းယှဉ်စာရင်းအရ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး စသည့် တရုတ်-မြန်မာ နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းလေးခုမှ ယခုဘဏ္ဍာနှစ်သစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နိုဝင်ဘာ ၁ ရက်အထိ ကုန်သွယ်မှုတန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရှိခဲ့ကြောင်း သိရပါတယ်။

၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုမှ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၅၀၃ ဒသမ ၁၈ သန်းရှိခဲ့ကာ တရုတ်ဘက်သို့ ကန်ဒေါ်လာ ၃၃၈ ဒသမ ၈၆ သန်း တင်ပို့ခဲ့ပြီး တရုတ်ဘက်မှ ကန်ဒေါ်လာ ၁၆၄ ဒသမ ၃၂ သန်း ပြန်လည်တင်သွင်းခဲ့ကြောင်း သိရပါတယ်။    

၂၀၁၉ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁ ရက်အထိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမကာလအတွင်း မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် ကန်ဒေါ်လာ ၂၆၆  ဒသမ ၉၄၆ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၁၅၄ ဒသမ၂၈၉ သန်း၊ ကန်ပိုက်တီစခန်းမှ ပို့ကုန် ကန်ဒေါ်လာ ၁၈ ဒသမ ၄၅၀ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၁ ဒသမ ၉၀၄ သန်း၊ ချင်းရွှေဟော်စခန်းမှ ပို့ကုန်  ကန်ဒေါ်လာ ၅၀ ဒသမ ၈၀၉ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၆ ဒသမ ၅၀၇ သန်း၊ လွယ်ဂျယ်စခန်းမှ ပို့ကုန် ကန်ဒေါ်လာ၂ ဒသမ ၆၅၅ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၁ ဒသမ ၆၂၃ သန်း ရောင်းဝယ်ခဲ့ရာ စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ ၅၀၃ ဒသမ ၁၈ သန်းဖိုး ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုမှ ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၅၈၈၁ ဒသမ ၇၄၄ သန်းရှိခဲ့ပြီး ပို့ကုန် ကန်ဒေါ်လာ ၃၉၈၄ ဒသမ ၉၁ သန်းနှင့် သွင်းကုန် ၁၈၉၆ ဒသမ ၈၃၄ သန်း ပြန်လည်တင်သွင်းခဲ့သဖြင့် ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ ၂၀၈၈ ဒသမ ၀၇၆ သန်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

PWA
ရန်ကုန်၊ နိုဝင်ဘာ - ၁၆

( Zawgyi )

ကုန္သြယ္ေရးဦးစီးဌာနမွ ယခု ႏိုဝင္ဘာလအတြင္း ထုတ္ျပန္သည့္ နယ္စခန္းမ်ားအလိုက္ ပို႔ကုန္သြင္းကုန္ ကုန္သြယ္မႈအေျခအေန ႏႈိင္းယွဥ္စာရင္းအရ မူဆယ္၊ လြယ္ဂ်ယ္၊ ခ်င္းေ႐ႊေဟာ္၊ ကန္ပိုက္တီး စသည့္ တ႐ုတ္-ျမန္မာ နယ္စပ္ရွိ ကုန္သြယ္ေရးစခန္းေလးခုမွ ယခုဘ႑ာႏွစ္သစ္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ႏိုဝင္ဘာ ၁ ရက္အထိ ကုန္သြယ္မႈတန္ဖိုးမွာ ကန္ေဒၚလာ သန္း ၅၀၀ ေက်ာ္ ရွိခဲ့ေၾကာင္း သိရပါတယ္။

၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ၁ ရက္မွ ႏိုဝင္ဘာ ၁ ရက္အထိ နယ္စပ္ကုန္သြယ္ေရးစခန္း ၄ ခုမွ ကုန္သြယ္မႈတန္ဖိုး ကန္ေဒၚလာ ၅၀၃ ဒသမ ၁၈ သန္းရွိခဲ့ကာ တ႐ုတ္ဘက္သို႔ ကန္ေဒၚလာ ၃၃၈ ဒသမ ၈၆ သန္း တင္ပို႔ခဲ့ၿပီး တ႐ုတ္ဘက္မွ ကန္ေဒၚလာ ၁၆၄ ဒသမ ၃၂ သန္း ျပန္လည္တင္သြင္းခဲ့ေၾကာင္း သိရပါတယ္။    

၂၀၁၉ခုႏွစ္ ေအာက္တိုဘာမွ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာ ၁ ရက္အထိ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ပထမကာလအတြင္း မူဆယ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ပို႔ကုန္ ကန္ေဒၚလာ ၂၆၆  ဒသမ ၉၄၆ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၁၅၄ ဒသမ၂၈၉ သန္း၊ ကန္ပိုက္တီစခန္းမွ ပို႔ကုန္ ကန္ေဒၚလာ ၁၈ ဒသမ ၄၅၀ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၁ ဒသမ ၉၀၄ သန္း၊ ခ်င္းေ႐ႊေဟာ္စခန္းမွ ပို႔ကုန္  ကန္ေဒၚလာ ၅၀ ဒသမ ၈၀၉ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၆ ဒသမ ၅၀၇ သန္း၊ လြယ္ဂ်ယ္စခန္းမွ ပို႔ကုန္ ကန္ေဒၚလာ၂ ဒသမ ၆၅၅ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၁ ဒသမ ၆၂၃ သန္း ေရာင္းဝယ္ခဲ့ရာ စုစုေပါင္းကုန္သြယ္မႈ ကန္ေဒၚလာ ၅၀၃ ဒသမ ၁၈ သန္းဖိုး ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

ၿပီးခဲ့သည့္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြင္း တ႐ုတ္ႏိုင္ငံႏွင့္ ထိစပ္ေနသည့္ နယ္စပ္ကုန္သြယ္ေရးစခန္း ၄ ခုမွ ကုန္သြယ္မႈပမာဏမွာ ကန္ေဒၚလာ ၅၈၈၁ ဒသမ ၇၄၄ သန္းရွိခဲ့ၿပီး ပို႔ကုန္ ကန္ေဒၚလာ ၃၉၈၄ ဒသမ ၉၁ သန္းႏွင့္ သြင္းကုန္ ၁၈၉၆ ဒသမ ၈၃၄ သန္း ျပန္လည္တင္သြင္းခဲ့သျဖင့္ ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ ၂၀၈၈ ဒသမ ၀၇၆ သန္း ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

PWA
ရန္ကုန္၊ ႏိုဝင္ဘာ - ၁၆