ယနေ့ဖွင့်သည့် မန်း ၃၈ လမ်း အောင်ဆန်းစုကြည်လမ်းဟုခေါ်နိုင်ရန် မန်းစည်ပင်ကကြိုးပမ်းပေးသွားမည်

ယနေ့ဖွင့်သည့် မန်း  ၃၈ လမ်း အောင်ဆန်းစုကြည်လမ်းဟုခေါ်နိုင်ရန် မန်းစည်ပင်ကကြိုးပမ်းပေးသွားမည်

မန္တလေးမြို့ကနိုင်ငံတကာအဆင့်မီ ၃၈ လမ်းမကြီးကို ဒီကနေ့မနက်ပိုင်းမှာပဲ အခမ်းအနားနဲ့တစ်ကွဖွင့်လှစ်ပြိး အသုံးပြုခွင့်ပေး လိုက်ပြီဖြစ် ပါတယ်။"မြို့သူမြို့သားတွေအတွက် ကျွန်တော်တို့ကြိုးပမ်းခဲ့တာပါ ဒီလမ်းမကြိးအသုံးပြုနိုင်ပြီဆိုတော့ အရင်ကထက် ယာဉ်ကြောသွား လာ ရတာအဆင်ပြေသွားပြီပေါ့ ဒီအတွက် ကျွန်တော်တို့စည်ပင်အနေနဲ့ဂုဏ်ယူဝမ်းမြောက်နေမှာပါ လို့ မန္တလေးမြို့တော်ဝနါဒေါက်တာရဲလွင် ကပြောပါတယ်။

အဆိုပါလမ်းမကြီးက တပ်မတော်မြေနေရာ(မဟာအောင်မြေမြို့နယ် ၇၃ လမ်း နဲ့ ၇၈ လမ်းကြား)ကို တပ်မတော်ရဲ့ခွင့်ပြုချက်နဲ့ဖောက်လုပ်ခဲ့တဲ့ လမ်းမကြီးပဲဖြစ်ပြီး ဒီလမ်းမကြီးပြီးစီးသွားပြီဖြစ်တာကြောင့် မန္တလေးမြို့ရဲ့အရှေ့နဲ့အနောက်ကို အရင်ကထက် အလွယ်တကူဖြတ်သန်းသွားလာနိုင်တော့ မှာဖြစ်တယ်လို့သိရပါတယ်။

ဒီလမ်းမကြိးကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂုလ်မွေးနေ့နဲ့တိုက်ဆိုင်စွာပဲ ဒီကနေ့ မနက်ပိုင်း ကဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး မြို့သူမြို့သားအများစုကတော့ ဒီလမ်းမကြီးကို အောင်ဆန်းစုကြည်လမ်း လို့ ခေါ်ဝေါ်နေကြပါတယ်။ ဒါနဲ့ ပတ်သက် လို့တော့ မန္တလေးမြို့တော်စည်ပင်သာယာကော်မတီဝင်ဦးကျော်ဆန်းမြင့်က ပြည်သူလူထုကတောင်းဆိုလာရင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂိုလ်ဒေါ်အောင်ဆန်းစု ကြည်ရဲ့အမည်နဲ့ လမ်းနာမည်တပ်ပေးသွားမယ်လို့ ပြောပါတယ်။

အဆင့်ဆင့်လုပ်ရမှာပါ တိုင်းအစိုးရကိုတင်ပြရမယ် ပြည်သူကဒီလိုသဘောထားရှိတယ်ဆိုရင်လည်း စည်ပင်အနေနဲ့က ငြင်းစရာမရှိပါဘူး လို့ ၎င်းကဆိုပါတယ်။ဒီလမ်းသစ်ဖောက်လုပ်ဖို့အတွက် အရင်အစိုးရလက်ထက်ကတည်းကကြိုးပမ်းခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်ဇန်နဝါရီလကတော့ ခွင့်ပြုချက်ရခဲ့တာလို့သိရပါတယ်။

"အခုလည်း အောင်ဆန်းစုကြည်လမ်းလို့ခေါ်နေတာပါပဲ၊ ကျွန်တာ်ကတော့ ကျွန်တော့ရင်ထဲမှာ ဒီနာမည်ပေးထားပြီးသားပါ ၃၈လမ်းပဲခေါ်ခေါ် အောင်ဆန်းစုကြည်လမ်းပဲခေါ်ခေါ် ခေါ်ချင်သလိုခေါ်လို့ရပါတယ် လို့ မန္တလေးမြို့တော်ဝန်ကဆိုပါတယ်။

KT
မန္တလေး ဇွန် ၁၇

(  Zawgyi  )

 မႏၲေလးၿမိဳ႕ကႏိုင္ငံတကာအဆင့္မီ ၃၈ လမ္းမႀကီးကို ဒီကေန႔မနက္ပိုင္းမွာပဲ အခမ္းအနားနဲ႔တစ္ကြဖြင့္လွစ္ၿပိး အသုံးျပဳခြင့္ေပး လိုက္ၿပီျဖစ္ ပါတယ္။"ၿမိဳ႕သူၿမိဳ႕သားေတြအတြက္ ကြၽန္ေတာ္တို႔ႀကိဳးပမ္းခဲ့တာပါ ဒီလမ္းမႀကိးအသုံးျပဳႏိုင္ၿပီဆိုေတာ့ အရင္ကထက္ ယာဥ္ေၾကာသြား လာ ရတာအဆင္ေျပသြားၿပီေပါ့ ဒီအတြက္ ကြၽန္ေတာ္တို႔စည္ပင္အေနနဲ႔ဂုဏ္ယူဝမ္းေျမာက္ေနမွာပါ လို႔ မႏၲေလးၿမိဳ႕ေတာ္ဝနါေဒါက္တာရဲလြင္ ကေျပာပါတယ္။

အဆိုပါလမ္းမႀကီးက တပ္မေတာ္ေျမေနရာ(မဟာေအာင္ေျမၿမိဳ႕နယ္ ၇၃ လမ္း နဲ႔ ၇၈ လမ္းၾကား)ကို တပ္မေတာ္ရဲ႕ခြင့္ျပဳခ်က္နဲ႔ေဖာက္လုပ္ခဲ့တဲ့ လမ္းမႀကီးပဲျဖစ္ၿပီး ဒီလမ္းမႀကီးၿပီးစီးသြားၿပီျဖစ္တာေၾကာင့္ မႏၲေလးၿမိဳ႕ရဲ႕အေရွ႕နဲ႔အေနာက္ကို အရင္ကထက္ အလြယ္တကူျဖတ္သန္းသြားလာႏိုင္ေတာ့ မွာျဖစ္တယ္လို႔သိရပါတယ္။

ဒီလမ္းမႀကိးကို မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳလ္ေမြးေန႔နဲ႔တိုက္ဆိုင္စြာပဲ ဒီကေန႔ မနက္ပိုင္း ကဖြင့္လွစ္ေပးခဲ့တာျဖစ္ၿပီး ၿမိဳ႕သူၿမိဳ႕သားအမ်ားစုကေတာ့ ဒီလမ္းမႀကီးကို ေအာင္ဆန္းစုၾကည္လမ္း လို႔ ေခၚေဝၚေနၾကပါတယ္။ ဒါနဲ႔ ပတ္သက္ လို႔ေတာ့ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေကာ္မတီဝင္ဦးေက်ာ္ဆန္းျမင့္က ျပည္သူလူထုကေတာင္းဆိုလာရင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂိုလ္ေဒၚေအာင္ဆန္းစု ၾကည္ရဲ႕အမည္နဲ႔ လမ္းနာမည္တပ္ေပးသြားမယ္လို႔ ေျပာပါတယ္။

အဆင့္ဆင့္လုပ္ရမွာပါ တိုင္းအစိုးရကိုတင္ျပရမယ္ ျပည္သူကဒီလိုသေဘာထားရွိတယ္ဆိုရင္လည္း စည္ပင္အေနနဲ႔က ျငင္းစရာမရွိပါဘူး လို႔ ၎ကဆိုပါတယ္။ဒီလမ္းသစ္ေဖာက္လုပ္ဖို႔အတြက္ အရင္အစိုးရလက္ထက္ကတည္းကႀကိဳးပမ္းခဲ့တာျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ဇန္နဝါရီလကေတာ့ ခြင့္ျပဳခ်က္ရခဲ့တာလို႔သိရပါတယ္။

"အခုလည္း ေအာင္ဆန္းစုၾကည္လမ္းလို႔ေခၚေနတာပါပဲ၊ ကြၽန္တာ္ကေတာ့ ကြၽန္ေတာ့ရင္ထဲမွာ ဒီနာမည္ေပးထားၿပီးသားပါ ၃၈လမ္းပဲေခၚေခၚ ေအာင္ဆန္းစုၾကည္လမ္းပဲေခၚေခၚ ေခၚခ်င္သလိုေခၚလို႔ရပါတယ္ လို႔ မႏၲေလးၿမိဳ႕ေတာ္ဝန္ကဆိုပါတယ္။

KT
မႏၲေလး ဇြန္ ၁၇