ယာဉ်မတော်တဆမှုကြောင့် အမြန်လမ်းတွင် သြဂုတ်လအတွင်း (၆) ဦး သေဆုံးခဲ့

ယာဉ်မတော်တဆမှုကြောင့် အမြန်လမ်းတွင် သြဂုတ်လအတွင်း (၆) ဦး သေဆုံးခဲ့

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် သြဂုတ်လ အတွင်း ယာဉ်မတော်တဆမှု (၃၅) ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၆) ဦး၊ ဒဏ်ရာရရှိသူ (၃၂) ဦး ရှိခဲ့တယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့မှ သိရပါတယ်။ ယာဉ်မတော်တဆဖြစ်စဉ်များတွင် အိမ်စီးကားဖြစ်ပွားမှု (၂၅)ကြိမ်၊Express ယာဉ်ဖြစ်ပွားမှု ၄ ကြိမ်၊ ကုန်တင် ယာဉ်ဖြစ်ပွားမှု ၂ ကြိမ်၊ဆိုင်ကယ်ဖြစ်ပွားမှု ၄ ကြိမ် စုစုပေါင်း ၃၅ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်မတော်တဆမှုကြောင့် ကျား(၆) ဦးသေဆုံးခဲ့ပြီး ကျား (၂၁) ဦး၊မ (၁၁) ဦး စုစုပေါင်း ၃၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

 သြဂုတ်လအတွင်း လူသေဆုံးမှုအများဆုံး ယာဉ်မတော်တဆမှုအဖြစ် သြဂုတ်လ ၂၅ ရက်နေ့က မိုင်တိုင် အမှတ် ၁၇၀/၆-၇ ကြားတွင် Surf ခဲရောင်ယာဉ်သည် နောက်ဘီးပြုတ်ထွက် ပြီး လမ်းဘေးမြေသားလမ်းပေါ် တိမ်း မှောက်ခဲ့သဖြင့် အမျိုးသား(၃)ဦး၊သံဃ(၁)ပါး ပျံလွန်တော် မူခဲ့ပါတယ်။

၂၀၁၅ ခုနှစ်တွင် ယာဉ်မတော်တဆမှု (၄၅၃)မှု ဖြစ်ပွားခဲ့ပြီး(၁၀၃၃) ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ယာဉ်မတော်တဆမှု(၇၄၄) မှု ဖြစ်ပွားခဲ့ပြီး (၁၃၀၄)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။၂၀၁၇ ခုနှစ် ယာဉ်မတော်တဆမှု ( ၅၅၅) မှု ဖြစ်ပွားခဲ့ပြီး(၈၆၃)ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ယာဉ်မတော်တဆမှု (၄၇၃)မှုဖြစ်ပွားခဲ့ပြီး (၈၇၇)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ စက်တင်ဘာ ၂

(  Zawgyi  )

ရန္ကုန္-မႏၲေလး အျမန္လမ္းတြင္ ၾသဂုတ္လ အတြင္း ယာဥ္မေတာ္တဆမႈ (၃၅) ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ေသဆုံးသူ (၆) ဦး၊ ဒဏ္ရာရရွိသူ (၃၂) ဦး ရွိခဲ့တယ္လို႔ အျမန္လမ္း ရဲတပ္ဖြဲ႕မွ သိရပါတယ္။ ယာဥ္မေတာ္တဆျဖစ္စဥ္မ်ားတြင္ အိမ္စီးကားျဖစ္ပြားမႈ (၂၅)ႀကိမ္၊Express ယာဥ္ျဖစ္ပြားမႈ ၄ ႀကိမ္၊ ကုန္တင္ ယာဥ္ျဖစ္ပြားမႈ ၂ ႀကိမ္၊ဆိုင္ကယ္ျဖစ္ပြားမႈ ၄ ႀကိမ္ စုစုေပါင္း ၃၅ ႀကိမ္ျဖစ္ပြားခဲ့ပါတယ္။ ယာဥ္မေတာ္တဆမႈေၾကာင့္ က်ား(၆) ဦးေသဆုံးခဲ့ၿပီး က်ား (၂၁) ဦး၊မ (၁၁) ဦး စုစုေပါင္း ၃၂ ဦး ဒဏ္ရာ ရရွိခဲ့ပါတယ္။

 ၾသဂုတ္လအတြင္း လူေသဆုံးမႈအမ်ားဆုံး ယာဥ္မေတာ္တဆမႈအျဖစ္ ၾသဂုတ္လ ၂၅ ရက္ေန႔က မိုင္တိုင္ အမွတ္ ၁၇၀/၆-၇ ၾကားတြင္ Surf ခဲေရာင္ယာဥ္သည္ ေနာက္ဘီးျပဳတ္ထြက္ ၿပီး လမ္းေဘးေျမသားလမ္းေပၚ တိမ္း ေမွာက္ခဲ့သျဖင့္ အမ်ိဳးသား(၃)ဦး၊သံဃ(၁)ပါး ပ်ံလြန္ေတာ္ မူခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္တြင္ ယာဥ္မေတာ္တဆမႈ (၄၅၃)မႈ ျဖစ္ပြားခဲ့ၿပီး(၁၀၃၃) ဦးဒဏ္ရာရရွိခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္ ယာဥ္မေတာ္တဆမႈ(၇၄၄) မႈ ျဖစ္ပြားခဲ့ၿပီး (၁၃၀၄)ဦး ဒဏ္ရာရရွိခဲ့ပါတယ္။၂၀၁၇ ခုႏွစ္ ယာဥ္မေတာ္တဆမႈ ( ၅၅၅) မႈ ျဖစ္ပြားခဲ့ၿပီး(၈၆၃)ဦးဒဏ္ရာရရွိခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ယာဥ္မေတာ္တဆမႈ (၄၇၃)မႈျဖစ္ပြားခဲ့ၿပီး (၈၇၇)ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ စက္တင္ဘာ ၂