ယာဉ်မတော်တဆမှုကြောင့် အမြန်လမ်းတွင် ၂၀၁၉ ခုနှစ်အတွင်း လူ ၅၀ သေဆုံး

ယာဉ်မတော်တဆမှုကြောင့် အမြန်လမ်းတွင် ၂၀၁၉ ခုနှစ်အတွင်း လူ ၅၀ သေဆုံး

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် ၂၀၁၉ ခုနှစ်အတွင်း လူ ၅၀ သေဆုံး ခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလတွင် ယာဉ်မတော်တဆမှု ၄၃ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၅ ဦးသေဆုံးကာ ၅၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလတွင် ယာဉ်မတော်တဆ မှု ၄၀ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၉ ဦးသေဆုံးကာ ၅၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မတ်လတွင် ယာဉ်မတော်တဆမှု ၅၂ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၂၀ ဦးသေဆုံးကာ ၁၂၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဧပြီ လတွင် ယာဉ်မတော်တဆမှု ၅၈ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၉ ဦးသေဆုံးကာ ၁၄၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မေလတွင် ယာဉ်မတော်တဆမှု ၄၁ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၆ ဦးသေဆုံးကာ ၇၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဇွန်လ ၂၆ ရက်နေ့ အထိ ယာဉ်မတော်တဆမှု ၂၄ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၁ ဦးသေဆုံးကာ ၂၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်အတွင်း အမြန်လမ်းတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများအနက် မတ်လ ၅ ရက် နံနက် ပိုင်းက မိုင်တိုင် ၇၇/၃-၇၇/၄  အကြားတွင် High class.  Express ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ် သည် လူ အသေအပျောက်အများဆုံးဖြစ်ခဲ့ပြီး သံဃာ ၄ ပါး ၊အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦၤး စုစုပေါင်း ၁၁ ဦးသေ ဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇွန် ၂၇

(  Zawgyi  )

 ရန္ကုန္ - မႏၲေလး အျမန္လမ္းမႀကီးေပၚတြင္ ယာဥ္မေတာ္တဆမႈေၾကာင့္ ၂၀၁၉ ခုႏွစ္အတြင္း လူ ၅၀ ေသဆုံး ခဲ့တယ္လို႔ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဇန္နဝါရီလတြင္ ယာဥ္မေတာ္တဆမႈ ၄၃ ႀကိမ္ျဖစ္ေပၚခဲ့ၿပီး ၅ ဦးေသဆုံးကာ ၅၉ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။ ေဖေဖာ္ဝါရီလတြင္ ယာဥ္မေတာ္တဆ မႈ ၄၀ ႀကိမ္ျဖစ္ေပၚခဲ့ၿပီး ၉ ဦးေသဆုံးကာ ၅၄ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။ မတ္လတြင္ ယာဥ္မေတာ္တဆမႈ ၅၂ ႀကိမ္ျဖစ္ေပၚခဲ့ၿပီး ၂၀ ဦးေသဆုံးကာ ၁၂၂ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။ ဧၿပီ လတြင္ ယာဥ္မေတာ္တဆမႈ ၅၈ ႀကိမ္ျဖစ္ေပၚခဲ့ၿပီး ၉ ဦးေသဆုံးကာ ၁၄၄ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။ ေမလတြင္ ယာဥ္မေတာ္တဆမႈ ၄၁ ႀကိမ္ျဖစ္ေပၚခဲ့ၿပီး ၆ ဦးေသဆုံးကာ ၇၀ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။ ဇြန္လ ၂၆ ရက္ေန႔ အထိ ယာဥ္မေတာ္တဆမႈ ၂၄ ႀကိမ္ျဖစ္ေပၚခဲ့ၿပီး ၁ ဦးေသဆုံးကာ ၂၃ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ဆိုပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း အျမန္လမ္းတြင္ ျဖစ္ပြားခဲ့သည့္ ယာဥ္မေတာ္တဆမႈမ်ားအနက္ မတ္လ ၅ ရက္ နံနက္ ပိုင္းက မိုင္တိုင္ ၇၇/၃-၇၇/၄  အၾကားတြင္ High class.  Express ယာဥ္တိမ္းေမွာက္မႈ ျဖစ္စဥ္ သည္ လူ အေသအေပ်ာက္အမ်ားဆုံးျဖစ္ခဲ့ၿပီး သံဃာ ၄ ပါး ၊အမ်ိဳးသား ၃ ဦး၊ အမ်ိဳးသမီး ၄ ဦၤး စုစုေပါင္း ၁၁ ဦးေသ ဆုံးခဲ့ၿပီး ၂၄ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇြန္ ၂၇