ရခိုင်ပြည်နယ်မြို့နယ်အချို့တွင် အင်တာနက်လိုင်းဖြတ်တောက်ထားမှုကြောင့်စီးပွားရေး လုပ်ငန်းပိုင်းမှာနှောင့်နှေးကြန့်ကြာမှုတွေရှိလာဟု ဆို

ရခိုင်ပြည်နယ်မြို့နယ်အချို့တွင် အင်တာနက်လိုင်းဖြတ်တောက်ထားမှုကြောင့်စီးပွားရေး လုပ်ငန်းပိုင်း မှာနှောင့်နှေး ကြန့်ကြာမှုတွေရှိလာဟု ဆို

ရခိုင်ပြည်နယ်မြို့နယ်အချို့တွင် အင်တာနက်လိုင်းဖြတ်တောက်ထားမှုကြောင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်တဲ့ အပိုင်းတွေ မှာနှောင့်နှေးကြန့်ကြာ မှုတွေရှိလာတယ်လို့ စစ်တွေမြို့အခြေစိုက်ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော် ကပြောပါတယ်။

“မောင်တောတို့ ကျောက်ဖြူတို့ မင်းပြား၊ မြောက်ဦးတို့ကစီးပွားရေးမြို့တွေလေ ဘဏ်လုပ်ငန်းတို့ အခြား စီးပွားရေး လုပ်ငန်းတွေ လည်းရှိတယ်။ အဲ့ဒါကိုအင်တာနက် လိုင်းဖြတ်လို က်တော့ စီးပွားရေးလုပ်ငန်းတွေနှောင့်နှေးသွားတယ်။ အားလုံး ဒုက္ခရော က်သွားတာပေါ့။နောက်ဒီထက်ကြာရင်တော့ပိုပြီးတော့အခြေအနေစိုးမယ့်အနေအထားမှာရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့လွှတ်တော်မှာကျနော်တို့ကတင်သင့်တင်ထိုက်တာကိုတော့တင်လိုက်ပြီ၊အရေးကြီးအဆိုကိုတင်လိုက်ပါပြီ။ဒါပေမယ့်လွှတ်တော်ကပြောပေမယ့်ပြည်နယ်အစိုးရအပိုင်းကပါရမယ့်အပိုင်းရှိတယ်။

ဒီလုပ်ငန်းကိုအကောင်အထည်ဖော်ရမှာကပြည်နယ်အစိုးရပါ။အဲ့လိုကျနော်တို့လွှတ်တော်မှာအဆိုတွေတင်ပြီးဘယ်လောက်ပဲအောင်အောင်မြင်မြင်နဲ့လုပ်လုပ်ပေါ့လေ ပြည်နယ်အစိုးရပိုင်းကတော့လုပ်ချင်မှလုပ်မှာပါ။”လို့ ဦးထွန်းအောင်ကျော် က Opinion Leaders Media သို့ပြောကြား ခဲ့ပါတယ်။

လတ်တလောတွင် ရခိုင်ပြည်နယ်ရှိ အင်တာနက်ဖြတ်တောက်ခံထားရသော မြို့နယ် ရှစ်မြို့နယ်အထိရှိပြီးအင်တာနက်အမြန်ဆုံးပြန်လည် သုံးစွဲခွင့်ပြုရန်အရေးကြီးအဆိုကိုလည်း ရခိုင်ပြည်နယ်လွှတ်တော်တွင် ဇွန် ၂၆ ရက်နေ့ကတင်သွင်းခဲ့ရာကန့်ကွက်သူမရှိ ယင်းအဆိုကို အတည်ပြုခဲ့ တယ်လို့ သိရပါတယ်။ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားရာနယ်မြေများဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊မြောက်ဦး၊မင်းပြားနှင့် မြေပုံမြို့နယ်တို့ကို ပြည်ထောင်စုအစိုးရက အင်တာနက် ဖြတ်တောက်ထားခြင်းဖြစ်ပြီး ယင်းမြို့နယ်များအပြင် ချင်းပြည်နယ်၊ပလက်ဝ မြို့နယ်လည်း အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။
 
ပြေသိမ်း
ရန်ကုန်၊ဇွန် ၂၇
 

(  Zawgyi  )

 ရခိုင္ျပည္နယ္ၿမိဳ႕နယ္အခ်ိဳ႕တြင္ အင္တာနက္လိုင္းျဖတ္ေတာက္ထားမႈေၾကာင့္ စီးပြားေရးလုပ္ငန္းေဆာင္႐ြက္တဲ့ အပိုင္းေတြ မွာေႏွာင့္ေႏွးၾကန႔္ၾကာ မႈေတြရွိလာတယ္လို႔ စစ္ေတြၿမိဳ႕အေျခစိုက္ရခိုင္အမ်ိဳးသားပါတီ(ANP)ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးထြန္းေအာင္ေက်ာ္ ကေျပာပါတယ္။

“ေမာင္ေတာတို႔ ေက်ာက္ျဖဴတို႔ မင္းျပား၊ ေျမာက္ဦးတို႔ကစီးပြားေရးၿမိဳ႕ေတြေလ ဘဏ္လုပ္ငန္းတို႔ အျခား စီးပြားေရး လုပ္ငန္းေတြ လည္းရွိတယ္။ အဲ့ဒါကိုအင္တာနက္ လိုင္းျဖတ္လို က္ေတာ့ စီးပြားေရးလုပ္ငန္းေတြေႏွာင့္ေႏွးသြားတယ္။ အားလုံး ဒုကၡေရာ က္သြားတာေပါ့။ေနာက္ဒီထက္ၾကာရင္ေတာ့ပိုၿပီးေတာ့အေျခအေနစိုးမယ့္အေနအထားမွာရွိပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔လႊတ္ေတာ္မွာက်ေနာ္တို႔ကတင္သင့္တင္ထိုက္တာကိုေတာ့တင္လိုက္ၿပီ၊အေရးႀကီးအဆိုကိုတင္လိုက္ပါၿပီ။ဒါေပမယ့္လႊတ္ေတာ္ကေျပာေပမယ့္ျပည္နယ္အစိုးရအပိုင္းကပါရမယ့္အပိုင္းရွိတယ္။

ဒီလုပ္ငန္းကိုအေကာင္အထည္ေဖာ္ရမွာကျပည္နယ္အစိုးရပါ။အဲ့လိုက်ေနာ္တို႔လႊတ္ေတာ္မွာအဆိုေတြတင္ၿပီးဘယ္ေလာက္ပဲေအာင္ေအာင္ျမင္ျမင္နဲ႔လုပ္လုပ္ေပါ့ေလ ျပည္နယ္အစိုးရပိုင္းကေတာ့လုပ္ခ်င္မွလုပ္မွာပါ။”လို႔ ဦးထြန္းေအာင္ေက်ာ္ က Opinion Leaders Media သို႔ေျပာၾကား ခဲ့ပါတယ္။

လတ္တေလာတြင္ ရခိုင္ျပည္နယ္ရွိ အင္တာနက္ျဖတ္ေတာက္ခံထားရေသာ ၿမိဳ႕နယ္ ရွစ္ၿမိဳ႕နယ္အထိရွိၿပီးအင္တာနက္အျမန္ဆုံးျပန္လည္ သုံးစြဲခြင့္ျပဳရန္အေရးႀကီးအဆိုကိုလည္း ရခိုင္ျပည္နယ္လႊတ္ေတာ္တြင္ ဇြန္ ၂၆ ရက္ေန႔ကတင္သြင္းခဲ့ရာကန႔္ကြက္သူမရွိ ယင္းအဆိုကို အတည္ျပဳခဲ့ တယ္လို႔ သိရပါတယ္။ရခိုင္ျပည္နယ္အတြင္းရွိ တိုက္ပြဲျဖစ္ပြားရာနယ္ေျမမ်ားျဖစ္တဲ့ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ေျမာက္ဦး၊မင္းျပားႏွင့္ ေျမပုံၿမိဳ႕နယ္တို႔ကို ျပည္ေထာင္စုအစိုးရက အင္တာနက္ ျဖတ္ေတာက္ထားျခင္းျဖစ္ၿပီး ယင္းၿမိဳ႕နယ္မ်ားအျပင္ ခ်င္းျပည္နယ္၊ပလက္ဝ ၿမိဳ႕နယ္လည္း အပါအဝင္ ျဖစ္တယ္လို႔ ဆိုပါတယ္။
 
ေျပသိမ္း
ရန္ကုန္၊ဇြန္ ၂၇