ရခိုင်သြင်္ကန် ရေသဘင်ပွဲ ယခုနှစ်၌မလုပ်ဆောင်သော်လည်း နံ့သာသွေးပွဲနှင့် ဘုရားရေးသပ္ပာယ်ပွဲ အစဉ်အလာ မပျက်ကျင်းပမည်

ရခိုင်သြင်္ကန် ရေသဘင်ပွဲ ယခုနှစ်၌မလုပ်ဆောင်သော်လည်း နံ့သာသွေးပွဲနှင့် ဘုရားရေးသပ္ပာယ်ပွဲ အစဉ်အလာ မပျက်ကျင်းပမည်

ယခုနှစ်တွင်ကျရောက်မယ့် ၁၆ ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှုသြင်္ကန်ပွဲတော်(ရန်ကုန်)မှာ ရေသဘင် ပွဲတော်ကို ထည့်သွင်းကျင်းပမှာ မဟုတ်ပေမယ့် နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲတွေကို အစဉ်အလာ မပျက်ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ ရခိုင်ရိုးရာယဉ်ကျေးမှု သြင်္ကန်ပွဲတော်(ရန်ကုန်) ကျင်းပရေး ဗဟိုကော်မတီမှ သိရပါတယ်။

အဆိုပါ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲကို အခမ်းအနားကို ရွှေတိဂုံစေတီအနီးက ရခိုင်ဓမ္မာရုံမှာ ကျင်းပမှာဖြစ်ပြီး နံ့သာသွေးပွဲကို ဧပြီ ၁၂ရက် မွန်းတည့် ၁၂ နာရီမှ ညနေပိုင်းအထိပြုလုပ်ကာ ဘုရားရေသပ္ပာယ်ပွဲကို ဧပြီ ၁၃ ရက် နံနက် ၉ နာရီတွင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ “ဒီနှစ်မှာက ရေကစားမယ့်အစီအစဉ်တော့မပါပေမယ့် နံ့သာသွေးပွဲတွေရယ်၊ ဘုရားရေသပ္ပာယ်တာ တွေကို အစဉ်အလာမပျက် ကျင်းပသွားမှာဖြစ်ပါတယ်၊ ရခိုင်သြင်္ကန်ရေသဘင်ပွဲတော်ကို သုဝဏ္ဏအားကစားကွင်းမှာ စီစဉ်ပြီးကာမှ ဗဟိုကော်မတီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ မလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတာကြောင့်လည်း ဖြစ်ပါတယ်”လို့ ရခိုင်ရိုးရာယဉ်ကျေးမှုသြင်္ကန်ပွဲတော်(ရန်ကုန်) ကျင်းပရေး ဗဟိုကော်မတီရဲ့ နာယကဖြစ်သူ ဒေါ်စောခင်တင့်က ပြောကြားပါတယ်။

ရခိုင်သြင်္ကန်ပွဲတော်ကို ၂၀၀၄ခုနှစ်လောက်ကတည်းက ကျင်းပခဲ့သလို ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ် အထိ ကာလတွေမှာ သိမ်ဖြူက ယာဉ်မောင်းသင်ကွင်းမှာ ပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှစတင်ကာ ၂၀၁၈ ခုနှစ်အထိ သုဝဏ္ဏအားကစားကွင်းမှာကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း မူလကစီစဉ်ပြီးဖြစ်သော်လည်း ဗဟိုကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ရေပက်ဆော့ကစားတာတွေကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

 ဇွဲမာန်
 ရန်ကုန်၊ ဧပြီ ၉ 

(   Zawgyi  )

 ယခုႏွစ္တြင္က်ေရာက္မယ့္ ၁၆ ႀကိမ္ေျမာက္ ရခိုင္႐ိုးရာယဥ္ေက်းမႈၾသကၤန္ပြဲေတာ္(ရန္ကုန္)မွာ ေရသဘင္ ပြဲေတာ္ကို ထည့္သြင္းက်င္းပမွာ မဟုတ္ေပမယ့္ နံ႔သာေသြးပြဲနဲ႔ ဘုရားေရသပၸာယ္ပြဲေတြကို အစဥ္အလာ မပ်က္က်င္းပသြားဖို႔ စီစဥ္ထားတယ္လို႔ ရခိုင္႐ိုးရာယဥ္ေက်းမႈ ၾသကၤန္ပြဲေတာ္(ရန္ကုန္) က်င္းပေရး ဗဟိုေကာ္မတီမွ သိရပါတယ္။

အဆိုပါ နံ႔သာေသြးပြဲနဲ႔ ဘုရားေရသပၸာယ္ပြဲကို အခမ္းအနားကို ေ႐ႊတိဂုံေစတီအနီးက ရခိုင္ဓမၼာ႐ုံမွာ က်င္းပမွာျဖစ္ၿပီး နံ႔သာေသြးပြဲကို ဧၿပီ ၁၂ရက္ မြန္းတည့္ ၁၂ နာရီမွ ညေနပိုင္းအထိျပဳလုပ္ကာ ဘုရားေရသပၸာယ္ပြဲကို ဧၿပီ ၁၃ ရက္ နံနက္ ၉ နာရီတြင္ လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ “ဒီႏွစ္မွာက ေရကစားမယ့္အစီအစဥ္ေတာ့မပါေပမယ့္ နံ႔သာေသြးပြဲေတြရယ္၊ ဘုရားေရသပၸာယ္တာ ေတြကို အစဥ္အလာမပ်က္ က်င္းပသြားမွာျဖစ္ပါတယ္၊ ရခိုင္ၾသကၤန္ေရသဘင္ပြဲေတာ္ကို သုဝဏၰအားကစားကြင္းမွာ စီစဥ္ၿပီးကာမွ ဗဟိုေကာ္မတီရဲ႕ အစည္းအေဝး ဆုံးျဖတ္ခ်က္ အရ မလုပ္ဖို႔ဆုံးျဖတ္ခဲ့ၾကတာေၾကာင့္လည္း ျဖစ္ပါတယ္”လို႔ ရခိုင္႐ိုးရာယဥ္ေက်းမႈၾသကၤန္ပြဲေတာ္(ရန္ကုန္) က်င္းပေရး ဗဟိုေကာ္မတီရဲ႕ နာယကျဖစ္သူ ေဒၚေစာခင္တင့္က ေျပာၾကားပါတယ္။

ရခိုင္ၾသကၤန္ပြဲေတာ္ကို ၂၀၀၄ခုႏွစ္ေလာက္ကတည္းက က်င္းပခဲ့သလို ၂၀၀၄ ခုႏွစ္မွ ၂၀၁၂ ခုႏွစ္ အထိ ကာလေတြမွာ သိမ္ျဖဴက ယာဥ္ေမာင္းသင္ကြင္းမွာ ျပဳလုပ္ခဲ့ၿပီး ၂၀၁၃ ခုႏွစ္မွစတင္ကာ ၂၀၁၈ ခုႏွစ္အထိ သုဝဏၰအားကစားကြင္းမွာက်င္းပခဲ့ေၾကာင္း၊ ယခုႏွစ္တြင္လည္း မူလကစီစဥ္ၿပီးျဖစ္ေသာ္လည္း ဗဟိုေကာ္မတီရဲ႕ အစည္းအေဝးဆုံးျဖတ္ခ်က္အရ ေရပက္ေဆာ့ကစားတာေတြကို ပယ္ဖ်က္ခဲ့တာ ျဖစ္ပါတယ္။

 ဇြဲမာန္
 ရန္ကုန္၊ ဧၿပီ ၉