ရန်ကုန်ဈေးကွက်အတွင်း အထက်ပိုင်းမှ ဆန်များလည်း ဝင်ရောက်နေ

ရန်ကုန်ဈေးကွက်အတွင်း အထက်ပိုင်းမှ ဆန်များလည်း ဝင်ရောက်နေ

ရန်ကုန်ဆန်ဈေးကွက်ထဲကို မြန်မာနိုင်ငံ အထက်ပိုင်းက ဆန်များလည်း ဝင်ရောက်လာတာတွေရှိတယ်လို့ ဝါးတန်းဆန်စပါးကုန်စည်ဒိုင်မှာ ရောင်းဝယ်နေတဲ့ ဆန်ကုန်သည်တွေဆီက သိရပါတယ်။

“အဓိက ကတော့ နယ်စပ်ကုန်သွယ်ရေးကနေ ရောင်းမယ့်ဆန်တွေဟာ တရုတ်ဘက်ကို ပို့ရတာ အခက်အခဲတွေရယ် ဟိုဘက်ဈေးကွက်မှာလည်း အေးနေတဲ့ အခြေအနေတွေကြောင့် ရန်ကုန်ဈေးကွက်ထဲကို ရောက်လာကြတာများပါတယ်၊ ဒီမှာကျတော့ ပင်လယ်ရေကြောင်းကနေ Export ထွက်တာတွေလည်းရှိသလို Export ဝယ်လက်တွေရဲ့ အဝယ်ဆွဲတာတွေလည်း ရှိတာကြောင့် ဖြစ်ပါတယ်” လို့ ဆန်ကုန်သည် ဦးအောင်သူ က ရှင်းပြပါတယ်။

ထိုသို့ အထက်ပိုင်းမှ ဝင်ရောက်တဲ့ ဆန်တွေမှာ စစ်ကိုင်း၊ ရွှေဘိုဘက်က ထွက်သော ၇၄၇၊ ဘီဂျီနဲ့ ၇၂ ဆန် အမျိုးအစားတွေဖြစ်ပြီး တစ်အိတ်ကို ၁၈၈၀၀ ကျပ်နှုန်းနဲ့ အရောင်းအဝယ်လုပ်နေတယ်လို့ သိရပါတယ်။

“စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းကလာတဲ့ ချင်းသုံးဆန်နဲ့ အောက်ပိုင်းကလာတဲ့ ငစိန်ဆန် နှစ်မျိုးလောက်ပဲ တရုတ်ဈေးကွက်မှာ တရားဝင်ပါမစ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်၊ ကျန်တဲ့ဆန်တွေကတော့ အရောင်းအဝယ်မဖြစ်သလောက် လျော့နည်းနေပါတယ်” လို့လည်း မန္တလေး ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးကျော်ကျော်နိုင် က ဆိုပါတယ်။

ဆန်လက္ကားဈေးကွက်ထဲမှာ ရွှေဘိုခရိုင်ဘက်က ဧရာမင်းဆန်နဲ့ ရွှေဘိုဘေးကြားဆန်တွေဟာ ယခုအပတ်ထဲမှာ တစ်အိတ်ကို ငွေကျပ် ၂၀၀၀ ဝန်းကျင်လောက် ဈေးတက်လာခဲ့ပြီး တစ်ချို့ ဆန်ကြမ်းအုပ်စုဝင်တွေမှာတော့ တစ်အိတ်ကို ငွေ ၅၀၀ ကျပ် ဝန်းကျင်လောက်သာ မြင့်တက်တဲ့ အခြေအနေမျိုး ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် - ၃၀

( Zawgyi )

ရန္ကုန္ဆန္ေဈးကြက္ထဲကို ျမန္မာႏိုင္ငံ အထက္ပိုင္းက ဆန္မ်ားလည္း ဝင္ေရာက္လာတာေတြရွိတယ္လို႔ ဝါးတန္းဆန္စပါးကုန္စည္ဒိုင္မွာ ေရာင္းဝယ္ေနတဲ့ ဆန္ကုန္သည္ေတြဆီက သိရပါတယ္။

“အဓိက ကေတာ့ နယ္စပ္ကုန္သြယ္ေရးကေန ေရာင္းမယ့္ဆန္ေတြဟာ တ႐ုတ္ဘက္ကို ပို႔ရတာ အခက္အခဲေတြရယ္ ဟိုဘက္ေဈးကြက္မွာလည္း ေအးေနတဲ့ အေျခအေနေတြေၾကာင့္ ရန္ကုန္ေဈးကြက္ထဲကို ေရာက္လာၾကတာမ်ားပါတယ္၊ ဒီမွာက်ေတာ့ ပင္လယ္ေရေၾကာင္းကေန Export ထြက္တာေတြလည္းရွိသလို Export ဝယ္လက္ေတြရဲ႕ အဝယ္ဆြဲတာေတြလည္း ရွိတာေၾကာင့္ ျဖစ္ပါတယ္” လို႔ ဆန္ကုန္သည္ ဦးေအာင္သူ က ရွင္းျပပါတယ္။

ထိုသို႔ အထက္ပိုင္းမွ ဝင္ေရာက္တဲ့ ဆန္ေတြမွာ စစ္ကိုင္း၊ ေ႐ႊဘိုဘက္က ထြက္ေသာ ၇၄၇၊ ဘီဂ်ီနဲ႔ ၇၂ ဆန္ အမ်ိဳးအစားေတြျဖစ္ၿပီး တစ္အိတ္ကို ၁၈၈၀၀ က်ပ္ႏႈန္းနဲ႔ အေရာင္းအဝယ္လုပ္ေနတယ္လို႔ သိရပါတယ္။

“စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္းကလာတဲ့ ခ်င္းသုံးဆန္နဲ႔ ေအာက္ပိုင္းကလာတဲ့ ငစိန္ဆန္ ႏွစ္မ်ိဳးေလာက္ပဲ တ႐ုတ္ေဈးကြက္မွာ တရားဝင္ပါမစ္နဲ႔ အေရာင္းအဝယ္ျဖစ္ေနပါတယ္၊ က်န္တဲ့ဆန္ေတြကေတာ့ အေရာင္းအဝယ္မျဖစ္သေလာက္ ေလ်ာ့နည္းေနပါတယ္” လို႔လည္း မႏၲေလး ဆန္ကုန္စည္ဒိုင္ ဥကၠ႒ ဦးေက်ာ္ေက်ာ္ႏိုင္ က ဆိုပါတယ္။

ဆန္လကၠားေဈးကြက္ထဲမွာ ေ႐ႊဘိုခ႐ိုင္ဘက္က ဧရာမင္းဆန္နဲ႔ ေ႐ႊဘိုေဘးၾကားဆန္ေတြဟာ ယခုအပတ္ထဲမွာ တစ္အိတ္ကို ေငြက်ပ္ ၂၀၀၀ ဝန္းက်င္ေလာက္ ေဈးတက္လာခဲ့ၿပီး တစ္ခ်ိဳ႕ ဆန္ၾကမ္းအုပ္စုဝင္ေတြမွာေတာ့ တစ္အိတ္ကို ေငြ ၅၀၀ က်ပ္ ဝန္းက်င္ေလာက္သာ ျမင့္တက္တဲ့ အေျခအေနမ်ိဳး ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇူလိုင္ - ၃၀