ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး အဖြစ် ဒေါ်မိုးမိုးစုကြည် အား လွှတ်တော် မှ အတည်ပြုခန့်အပ်

ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး အဖြစ် ဒေါ်မိုးမိုးစုကြည် အား လွှတ်တော် မှ အတည်ပြုခန့်အပ်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကန့်ကွက်သူမရှိခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး အဖြစ် ဒေါ်မိုးမိုးစုကြည်အား လွှတ်တော်မှ အတည်ပြုခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

ဒုတိယအကြိမ်၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန” ဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်က တင်ပြလာခဲ့တာဖြစ်ပါတယ်။

အဆိုပါတင်ပြလာမှုကို ဇူလိုင် ၁ ရက်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေး သတ္တမနေ့တွင် ကြေညာခဲ့ပြီး ယင်းပုဂ္ဂိုလ်နှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက် နိုင်ကြောင်း ကြေညာခဲ့သော်လည်း အမည်စာရင်းပေးပို့လာခြင်း မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး “လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန” ဝန်ကြီးအဖြစ် ဒေါ်မိုးမိုးစုကြည် အား ခန့်အပ်တာဝန်ပေးခြင်းကို တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ နှင့်အညီ လွှတ်တော်က သဘောတူကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ ကြေညာပေးခဲ့တာပါ။

ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၂
Photo Credit – Myo Thant Mg

(  Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္တြင္ ကန႔္ကြက္သူမရွိခဲ့သျဖင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအား အရင္းအျမစ္ ဝန္ႀကီး အျဖစ္ ေဒၚမိုးမိုးစုၾကည္အား လႊတ္ေတာ္မွ အတည္ျပဳခန႔္အပ္လိုက္တယ္လို႔ သိရပါတယ္။

ဒုတိယအႀကိမ္၊ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ နဝမပုံမွန္အစည္းအေဝး အ႒မေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕တြင္ “လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီးဌာန” ဝန္ႀကီးအျဖစ္ ခန႔္အပ္တာဝန္ ေပးလိုေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီး ခ်ဳပ္က တင္ျပလာခဲ့တာျဖစ္ပါတယ္။

အဆိုပါတင္ျပလာမႈကို ဇူလိုင္ ၁ ရက္ေန႔က က်င္းပသည့္ လႊတ္ေတာ္အစည္းအေဝး သတၱမေန႔တြင္ ေၾကညာခဲ့ၿပီး ယင္းပုဂၢိဳလ္ႏွင့္စပ္လ်ဥ္း၍ ကန႔္ကြက္လိုေသာ လႊတ္ေတာ္ကိုယ္စားလွယ္ရွိပါက ကန႔္ကြက္ ႏိုင္ေၾကာင္း ေၾကညာခဲ့ေသာ္လည္း အမည္စာရင္းေပးပို႔လာျခင္း မရွိသည့္အတြက္ ရန္ကုန္တိုင္းေဒသႀကီး “လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီးဌာန” ဝန္ႀကီးအျဖစ္ ေဒၚမိုးမိုးစုၾကည္ အား ခန႔္အပ္တာဝန္ေပးျခင္းကို တိုင္းေဒသႀကီး(သို႔မဟုတ္)ျပည္နယ္လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၅၂ ႏွင့္အညီ လႊတ္ေတာ္က သေဘာတူေၾကာင္း လႊတ္ေတာ္ဒုတိယဥကၠ႒မွ ေၾကညာေပးခဲ့တာပါ။

ေျပသိမ္း
ရန္ကုန္၊ဇူလိုင္ ၂
Photo Credit – Myo Thant Mg