ရန်ကုန်တွင် ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်စားစေမယ့် အဆောက်အအုံနေရာ ၁၀ခုခန့် ဖော်ထုတ်မည်

ရန်ကုန်တွင် ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်စားစေမယ့် အဆောက်အအုံနေရာ ၁၀ခုခန့် ဖော်ထုတ်မည်

ရန်ကုန်မြို့ထဲ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားစေမယ့် အဆောက်အအုံနေရာ ၁၀ ခုကို ဖော်ထုတ်သွားဖို့ ဆွေးနွေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောပါတယ်။

ရန်ကုန်မြို့မှာ ဗိသုကာတန်ဖိုးအရနဲ့ သမိုင်းကြောင်းအရ မှတ်တမ်းတင်ထားတဲ့ အဆောက်အအုံ ၂၀၀ လောက်ရှိသလို သက်တမ်းရင့်သော ရှေးဟောင်းအဆောက်အအုံပေါင်း ၂၀၀၀ လောက်ရှိနေတယ်လို့ သိရပါတယ်။

 “လောလောဆယ်တော့ ဝန်ကြီးချုပ်ကြီး ဦးဆောင်တဲ့ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ မှာ လိုအပ်တဲ့ ဆွေးနွေး တာတွေ လုပ်ဆောင်နေပါတယ်၊ ကမ္ဘာလှည့်ဧည့်သည် တွေအနေနဲ့ ရန်ကုန်ကို ရောက်လာရင် အဲ့ဒီအဆောက်အအုံနေရာ ၁၀ ခုမှာ ဓာတ်ပုံရိုက်ဖြစ်မှ ဆိုတာမျိုးပေါ့၊ စိတ်ဝင်စားမှုရှိအောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ အဲ့ဒီအတွက်လည်း လိုအပ်တဲ့အခြေအနေကို အစိုးရတာဝန်ရှိသူတွေ၊ ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးနေတဲ့ အနေအထားမျိုးဖြစ်ပါတယ်”လို့ သူက ရှင်းပြပါတယ်။

 မြန်မာနိုင်ငံသို့ လာရောက်ကြတဲ့ ကမ္ဘာလှည့်ဧည့်သည်တိုင်းလိုလိုအနေနဲ့ ရန်ကုန်မြို့မှာ တစ်ရက်ပိုမိုနေထိုင်ရာ လည်ပတ်သွားစေဖို့ အခြေအနေမျိုး ကိုလည်း ဖန်တီးနေကြောင်း၊ ရန်ကုန်တွင် ကမ္ဘာသိထင်ရှားကျော်ကြားတဲ့ ရွှေတိဂုံစေတီတော်ကြီးတည်ရှိသော်လည်း ဗုဒ္ဓဘာသာမဟုတ်တဲ့နိုင်ငံတွေအနေနဲ့ လာရောက်တဲ့အခါ ၎င်းဧည့်သည်တွေကို စွဲဆောင်နိုင်ဖို့ စိတ်ဝင်စားစရာနေရာအဖြစ် ဖော်ထုတ်ရန် အဆောက်အအုံ ၁၀ ခုကို သတ်မှတ်သွားဖို့ စီစဉ်ထားကြတာဖြစ်ပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ စက်တင်ဘာ ၂

(  Zawgyi  )

 ရန္ကုန္ၿမိဳ႕ထဲ ကမာၻလွည့္ခရီးသြားဧည့္သည္ေတြ စိတ္ဝင္စားေစမယ့္ အေဆာက္အအုံေနရာ ၁၀ ခုကို ေဖာ္ထုတ္သြားဖို႔ ေဆြးေႏြးေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဟိုတယ္ႏွင့္ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးႏိုင္ဝင္းက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ဗိသုကာတန္ဖိုးအရနဲ႔ သမိုင္းေၾကာင္းအရ မွတ္တမ္းတင္ထားတဲ့ အေဆာက္အအုံ ၂၀၀ ေလာက္ရွိသလို သက္တမ္းရင့္ေသာ ေရွးေဟာင္းအေဆာက္အအုံေပါင္း ၂၀၀၀ ေလာက္ရွိေနတယ္လို႔ သိရပါတယ္။

 “ေလာေလာဆယ္ေတာ့ ဝန္ႀကီးခ်ဳပ္ႀကီး ဦးေဆာင္တဲ့ တိုင္းေဒသႀကီးေဒသဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီ မွာ လိုအပ္တဲ့ ေဆြးေႏြး တာေတြ လုပ္ေဆာင္ေနပါတယ္၊ ကမာၻလွည့္ဧည့္သည္ ေတြအေနနဲ႔ ရန္ကုန္ကို ေရာက္လာရင္ အဲ့ဒီအေဆာက္အအုံေနရာ ၁၀ ခုမွာ ဓာတ္ပုံ႐ိုက္ျဖစ္မွ ဆိုတာမ်ိဳးေပါ့၊ စိတ္ဝင္စားမႈရွိေအာင္ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္၊ အဲ့ဒီအတြက္လည္း လိုအပ္တဲ့အေျခအေနကို အစိုးရတာဝန္ရွိသူေတြ၊ ပညာရွင္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးေနတဲ့ အေနအထားမ်ိဳးျဖစ္ပါတယ္”လို႔ သူက ရွင္းျပပါတယ္။

 ျမန္မာႏိုင္ငံသို႔ လာေရာက္ၾကတဲ့ ကမာၻလွည့္ဧည့္သည္တိုင္းလိုလိုအေနနဲ႔ ရန္ကုန္ၿမိဳ႕မွာ တစ္ရက္ပိုမိုေနထိုင္ရာ လည္ပတ္သြားေစဖို႔ အေျခအေနမ်ိဳး ကိုလည္း ဖန္တီးေနေၾကာင္း၊ ရန္ကုန္တြင္ ကမာၻသိထင္ရွားေက်ာ္ၾကားတဲ့ ေ႐ႊတိဂုံေစတီေတာ္ႀကီးတည္ရွိေသာ္လည္း ဗုဒၶဘာသာမဟုတ္တဲ့ႏိုင္ငံေတြအေနနဲ႔ လာေရာက္တဲ့အခါ ၎ဧည့္သည္ေတြကို စြဲေဆာင္ႏိုင္ဖို႔ စိတ္ဝင္စားစရာေနရာအျဖစ္ ေဖာ္ထုတ္ရန္ အေဆာက္အအုံ ၁၀ ခုကို သတ္မွတ္သြားဖို႔ စီစဥ္ထားၾကတာျဖစ္ပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ စက္တင္ဘာ ၂