ရန်ကုန်တွင် ရေကြီးရေလျှံမှုမဖြစ်အောင် စည်ပင်ကလုပ်ဆောင်ပေးမှု ပြည်သူများ လက်တွေ့ခံစားနေရဟုဆို

ရန်ကုန်တွင် ရေကြီးရေလျှံမှုမဖြစ်အောင် စည်ပင်ကလုပ်ဆောင်ပေးမှု ပြည်သူများ လက်တွေ့ခံစားနေရဟုဆို

ရန်ကုန်မြို့မှာ ရေကြီးရေလျှံတာတွေမကြုံအောင် စည်ပင်ကနေလုပ်ဆောင်လျက်ရှိရာ အကောင်းဆုံးလုပ်ဆောင် ပေးခဲ့တာကြောင့်လည်း အကျိုးကျေးဇူးတွေကို ပြည်သူတွေအနေနဲ့ လက်တွေ့ ခံစားနေရတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောပါတယ်။

“ဘယ်လိုအကျိုးကျေးဇူးတွေ ပြည်သူခံစားနေရတယ်ဆိုတာ ရန်ကုန်မြို့တော်မှာနေထိုင်တဲ့ပြည်သူတွေကို မေးကြည့်လိုက်ပါ၊ သူတို့က လက်တွေ့ ခံစားရတာဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ က ကျေနပ်မှုရှိလားလို့ မေးရင် ကိုယ့်ကိုယ်ကိုတော့ ကျေနပ်မှုရှိတယ်လို့ မပြောချင်ပါဘူး၊ အကောင်းဆုံးတော့လုပ်ဆောင်နေပါတယ်၊ ပြည်သူတွေအသိဆုံးဖြစ်မှာပါ”လို့ ဒေါ်လှိုင်မော်ဦးက စက်တင်ဘာ ၂ ရက် မြို့တော်စည်ပင် သတင်စာ ရှင်းလင်း ပွဲမှာ ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ မြစ်ရေထွက်ပေါက်တွေမှာ အမှိုက်ပိတ်ဆို့နေတာတွေကို ပြုပြင်တာတွေရှိသလို ရေထွက်ပေါက် တံခါးတွေကိုလည်း ပြင်ဆင်ထား တဲ့အပြင် ရေစီးရေလာကောင်းစေဖို့ လုပ်ဆောင်တာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ ထို့ကြောင့် ရေကြီးရေလျှံမှုအတွက် အကောင်းဆုံး လုပ်ဆောင်ပေးခဲ့တဲ့ အကျိုးကျေးဇူးအခြေအနေကို ပြည်သူများထံ မေးမြန်းနိုင်တယ်လို့ ၎င်းက ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ သဘာဝမြစ်ထွက်ပေါက်အနေနဲ့လည်း ၂၀ ကျော် ၃၀ လောက်ရှိနေတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ စက်တင်ဘာ ၃

(  Zawgyi  )

 ရန္ကုန္ၿမိဳ႕မွာ ေရႀကီးေရလွ်ံတာေတြမႀကဳံေအာင္ စည္ပင္ကေနလုပ္ေဆာင္လ်က္ရွိရာ အေကာင္းဆုံးလုပ္ေဆာင္ ေပးခဲ့တာေၾကာင့္လည္း အက်ိဳးေက်းဇူးေတြကို ျပည္သူေတြအေနနဲ႔ လက္ေတြ႕ ခံစားေနရတယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အတြင္းေရးမႉး ေဒၚလႈိင္ေမာ္ဦးက ေျပာပါတယ္။

“ဘယ္လိုအက်ိဳးေက်းဇူးေတြ ျပည္သူခံစားေနရတယ္ဆိုတာ ရန္ကုန္ၿမိဳ႕ေတာ္မွာေနထိုင္တဲ့ျပည္သူေတြကို ေမးၾကည့္လိုက္ပါ၊ သူတို႔က လက္ေတြ႕ ခံစားရတာျဖစ္တဲ့အတြက္ ကြၽန္မတို႔အေနနဲ႔ က ေက်နပ္မႈရွိလားလို႔ ေမးရင္ ကိုယ့္ကိုယ္ကိုေတာ့ ေက်နပ္မႈရွိတယ္လို႔ မေျပာခ်င္ပါဘူး၊ အေကာင္းဆုံးေတာ့လုပ္ေဆာင္ေနပါတယ္၊ ျပည္သူေတြအသိဆုံးျဖစ္မွာပါ”လို႔ ေဒၚလႈိင္ေမာ္ဦးက စက္တင္ဘာ ၂ ရက္ ၿမိဳ႕ေတာ္စည္ပင္ သတင္စာ ရွင္းလင္း ပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕ရဲ႕ ျမစ္ေရထြက္ေပါက္ေတြမွာ အမႈိက္ပိတ္ဆို႔ေနတာေတြကို ျပဳျပင္တာေတြရွိသလို ေရထြက္ေပါက္ တံခါးေတြကိုလည္း ျပင္ဆင္ထား တဲ့အျပင္ ေရစီးေရလာေကာင္းေစဖို႔ လုပ္ေဆာင္တာေတြလည္းရွိခဲ့တယ္လို႔ သိရပါတယ္။ ထို႔ေၾကာင့္ ေရႀကီးေရလွ်ံမႈအတြက္ အေကာင္းဆုံး လုပ္ေဆာင္ေပးခဲ့တဲ့ အက်ိဳးေက်းဇူးအေျခအေနကို ျပည္သူမ်ားထံ ေမးျမန္းႏိုင္တယ္လို႔ ၎က ေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕မွာ သဘာဝျမစ္ထြက္ေပါက္အေနနဲ႔လည္း ၂၀ ေက်ာ္ ၃၀ ေလာက္ရွိေနတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ စက္တင္ဘာ ၃