ရန်ကုန်မြို့တွင် ထူးကဲဒီရေတက်နိုင်ဟု ဆို

ရန်ကုန်မြို့တွင် ထူးကဲဒီရေတက်နိုင်ဟု ဆို

ရန်ကုန်မြို့မှာ လာမယ့် သြဂုတ်လဆန်းပိုင်းကာလထဲ ထူးကဲဒီရေ တက်လာနိုင်ပြီး မြစ်ကမ်းအနီး နေထိုင်သူတွေနဲ့ အနိမ့်ပိုင်းနေရာတွေမှာ နေထိုင်သူတွေအဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားနိုင်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ဒီဘက်မှာဆိုရင်လည်း အနိမ့်ပိုင်းရပ်ကွက်တွေရှိတယ်၊ အခုကတည်းက လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေနဲ့ လုပ်ဆောင်နေပါပြီ၊ တအားကြီးစိုးရိမ်ဖို့တော့မလိုဘူး၊ ဒါပေမဲ့ ကြိုတင်ပြင်ဆင်ထားတာတွေကိုတော့ လုပ်ဆောင်ထားသင့်ပါတယ်၊ ရေတံခါးပေါက်တွေကိုလည်း ကောင်းမွန်မှု ရှိ၊ မရှိ ကြိုတင်ပြီးပြင်ဆင်တာတွေ၊ ရေစီးရေလာကောင်းအောင် လုပ်နေတာတွေ၊ အမှိုက်တွေနဲ့ ပိတ်ဆို့နေတာမျိုး မဖြစ်အောင်လို့ လုပ်ဆောင်နေပါတယ်၊ အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပြီး ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်၊ မနှစ်ကလည်း ထူးကဲဒီရေ တက်ခဲ့ဖူးတဲ့ ဖြစ်ရပ်တွေရှိခဲ့တာကြောင့် ဒါကို သိပ်ပြီးတော့မစိုးရိမ်ကြပါနဲ့” လို့ မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်လှိုင် က ရှင်းပြပါတယ်။

လာမည့် သြဂုတ်လဆန်းကာလဟာ လစဉ် ရေထရက်ဖြစ်သလို လကွယ်ရက်လည်းဖြစ်ပြီး အထက်ပိုင်းဒေသတွေမှာ ရွာသွန်းခဲ့တဲ့ မိုးရေတွေက မြစ်ချောင်းများတစ်လျှောက် စီးဆင်းလာရင်း ရန်ကုန်တိုင်းဒေသကြီး ဧရိယာသို့ ရောက်ရှိလာနိုင်ဖို့ ခန့်မှန်းထားသလို သြဂုတ် ၁ရက်မှ ၄ ရက်အတွင်း ထူးကဲဒီရေ ကြုံလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ယခုနှစ် ထူးကဲဒီရေဟာ ပင်လယ်ရေမျက်နှာပြင် အမြင့် ၂၂ ပေ ၅ လက်မအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားသလို ယင်းပမာဏဟာ လွန်ခဲ့သောနှစ်ကထက် နှစ်ပေခန့် ပိုမိုနိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။

ရန်ကုန်မြစ်မှာ အခြေခံရေစစ်မျဉ်းအထက် ၂၀၁၄-၁၅ ကာလတုန်းက အမြင့်ပေ ၂၂ ပေအထိ မြင့်တက်ခဲ့ဖူးတဲ့ အခြေအနေမျိုးရှိတယ်လို့ သိရပါတယ်။

အဆိုပါ ထူးကဲဒီရေနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ဖို့ မြို့တော်စည်ပင် အပါအဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေအနေနဲ့ အစည်းအဝေးတွေ ကျင်းပကာ ဆွေးနွေးလျက်ရှိပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် - ၂၉

( Zawgyi )

ရန္ကုန္ၿမိဳ႕မွာ လာမယ့္ ၾသဂုတ္လဆန္းပိုင္းကာလထဲ ထူးကဲဒီေရ တက္လာႏိုင္ၿပီး ျမစ္ကမ္းအနီး ေနထိုင္သူေတြနဲ႔ အနိမ့္ပိုင္းေနရာေတြမွာ ေနထိုင္သူေတြအဖို႔ လိုအပ္တဲ့ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေဆာင္ထားႏိုင္ဖို႔ စီစဥ္ေနၾကတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္တို႔ ဒီဘက္မွာဆိုရင္လည္း အနိမ့္ပိုင္းရပ္ကြက္ေတြရွိတယ္၊ အခုကတည္းက လိုအပ္တဲ့ ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔ လုပ္ေဆာင္ေနပါၿပီ၊ တအားႀကီးစိုးရိမ္ဖို႔ေတာ့မလိုဘူး၊ ဒါေပမဲ့ ႀကိဳတင္ျပင္ဆင္ထားတာေတြကိုေတာ့ လုပ္ေဆာင္ထားသင့္ပါတယ္၊ ေရတံခါးေပါက္ေတြကိုလည္း ေကာင္းမြန္မႈ ရွိ၊ မရွိ ႀကိဳတင္ၿပီးျပင္ဆင္တာေတြ၊ ေရစီးေရလာေကာင္းေအာင္ လုပ္ေနတာေတြ၊ အမႈိက္ေတြနဲ႔ ပိတ္ဆို႔ေနတာမ်ိဳး မျဖစ္ေအာင္လို႔ လုပ္ေဆာင္ေနပါတယ္၊ အခ်ိန္နဲ႔တေျပးညီ သတင္းထုတ္ျပန္ၿပီး ေဆာင္႐ြက္သြားၾကမွာ ျဖစ္ပါတယ္၊ မႏွစ္ကလည္း ထူးကဲဒီေရ တက္ခဲ့ဖူးတဲ့ ျဖစ္ရပ္ေတြရွိခဲ့တာေၾကာင့္ ဒါကို သိပ္ၿပီးေတာ့မစိုးရိမ္ၾကပါနဲ႔” လို႔ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ ဦးခင္လႈိင္ က ရွင္းျပပါတယ္။

လာမည့္ ၾသဂုတ္လဆန္းကာလဟာ လစဥ္ ေရထရက္ျဖစ္သလို လကြယ္ရက္လည္းျဖစ္ၿပီး အထက္ပိုင္းေဒသေတြမွာ ႐ြာသြန္းခဲ့တဲ့ မိုးေရေတြက ျမစ္ေခ်ာင္းမ်ားတစ္ေလွ်ာက္ စီးဆင္းလာရင္း ရန္ကုန္တိုင္းေဒသႀကီး ဧရိယာသို႔ ေရာက္ရွိလာႏိုင္ဖို႔ ခန႔္မွန္းထားသလို ၾသဂုတ္ ၁ရက္မွ ၄ ရက္အတြင္း ထူးကဲဒီေရ ႀကဳံလာႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

ယခုႏွစ္ ထူးကဲဒီေရဟာ ပင္လယ္ေရမ်က္ႏွာျပင္ အျမင့္ ၂၂ ေပ ၅ လက္မအထိ ရွိႏိုင္တယ္လို႔ ခန႔္မွန္းထားသလို ယင္းပမာဏဟာ လြန္ခဲ့ေသာႏွစ္ကထက္ ႏွစ္ေပခန႔္ ပိုမိုႏိုင္တဲ့ အေနအထား ျဖစ္ေနပါတယ္။

ရန္ကုန္ျမစ္မွာ အေျခခံေရစစ္မ်ဥ္းအထက္ ၂၀၁၄-၁၅ ကာလတုန္းက အျမင့္ေပ ၂၂ ေပအထိ ျမင့္တက္ခဲ့ဖူးတဲ့ အေျခအေနမ်ိဳးရွိတယ္လို႔ သိရပါတယ္။

အဆိုပါ ထူးကဲဒီေရနဲ႔ ပတ္သက္ၿပီး ႀကိဳတင္ျပင္ဆင္ ေဆာင္႐ြက္ႏိုင္ဖို႔ ၿမိဳ႕ေတာ္စည္ပင္ အပါအဝင္ သက္ဆိုင္ရာ ဌာနဆိုင္ရာေတြအေနနဲ႔ အစည္းအေဝးေတြ က်င္းပကာ ေဆြးေႏြးလ်က္ရွိပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇူလိုင္ - ၂၉