ရန်ကုန်မှာ လျှပ်စစ်ဓာတ်အားပြည့်မီစွာအသုံးပြုနိုင်ရေးအတွက် သာကေတဓာတ်အား ပေးစက်ရုံထဲရှိ ဒီဇယ်ဓာတ်အားပေးစက်တွေနဲ့ စီစဉ်

 ရန်ကုန်မှာ လျှပ်စစ်ဓာတ်အားပြည့်မီစွာအသုံးပြုနိုင်ရေးအတွက် သာကေတဓာတ်အားပေးစက်ရုံထဲရှိ ဒီဇယ်ဓာတ်အား ပေးစက်တွေနဲ့ စီစဉ်

 ရန်ကုန်တိုင်းဒေသကြီးအတွင်းလျှပ်စစ်ဗို့အားပြည့်မီစွာအသုံးပြုနိုင် ရေး အတွက်သာကေတ ဓာတ် အားပေးစက်ရုံအတွင်း၌ TM- 2500 ၊ 1 MW ဒီဇယ်ဓာတ်အားပေးစက်များဖြင့်လျှပ်စစ်ဓာတ်အား ပေးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ အထွေထွေ မန်နေဂျာ ဦးတင်အောင်က ယနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“၂၀၁၉ ခုနှစ် နွေရာသီကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ်၏ထုတ်လုပ်မှု လို အပ်ချက် များ ရှိခဲ့သဖြင့် လျှပ်စစ်ဗို့ အားပြည့်မီစွာအသုံးပြုနိုင်ရေးအတွက် TM- 2500 ၊ 1 MW ဒီဇယ်ဓာတ် အားပေးစက်များကို ၂၀၁၉ ခုနှစ်မတ်လ ၁၈ရက်နေ့မှစ၍ယနေ့ထိ တစ်ရက်လျှင်(၁၀) နာရီခန့် စက်မောင်း နာရီပျမ်းမျှမောင်းနှင်ကာ ဓာတ်အားထုတ်လုပ်လျှက် ရှိပါတယ် ယနေ့ထိ (၄)လတာကာလအတွင်း စက်မောင်း နာရီ (၆၆၅ း ၀၂ ) နာရီ ၊ထုတ်လုပ်ယူနစ် ( ၁၂၃၉၁ ဒသမ ၈၂ ) MWhနှင့်ဆီသုံးစွဲမှု ( ၉၆၅၁၀၈ )ဂါလံ ကုန် ကျခံ၍ မောင်းနှင် လျှက်ရှိပြီး အများ ပြည်သူများ လျှပ်စစ်ဓာတ်အား ပေးနိုင် ရေးအတွက်စီစဉ် ဆောင်ရွက် လျှက်ရှိပါတယ်” လို့ အထွေထွေမန်နေဂျာ ဦးတင်အောင် ကပြောပါတယ်။

ယင်းအပြင်အထွေထွေမန်နေဂျာဦးတင်အောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းဓာတ်အားစနစ်၏ ထုတ်လုပ်မှုလိုအပ်ချက်များရှိခဲ့သဖြင့် လျှပ်စစ်ဗို့အားပြည့်မီစွာအသုံးပြုနိုင်ရေးအတွက် TM- 2500 ၊ 1 MW ဒီဇယ်ဓာတ်အားပေးစက်များမှ လျှပ်စစ်ဓာတ်အားမီးပေး လို့တော့ ရတယ်အရေးပေါ်အတွက်သာသုံးတယ် ဈေး နှုန်းအရတွက်ရင် ကုန်ကျစရိတ်များလို့ တွက် ချေမကိုက် ဘူး ဒီ စက်သည် အရံမီး စက်သာဖြစ် ပါတယ်။ အရေး ပေါ်အခြေအနေမှာသုံးဖို့ပါ အရေးပေါ်သုံးစွဲဖို့သာ ရည်ရွယ်ပြီးတော့ ရန်ကုန်ှမှာ နိုင်ငံတော်အစိုးရက တပ်ဆင် ပေးထားတာဖြစ် ပါ တယ်။အခု နှစ်နွေရာသီမှာ အခြေအနေအကြောင်းကြောင်းကြောင့် လျှပ်စစ်ဓာတ် အား လုံ လောက်ခြင်းမရှိဘူး မရှိတဲ့အတွက်ကြောင့် အထူးသဖြင့်ရန်ကုန်မှာ ဦးစားပေးချင်တဲ့အနေနဲ့ ကျွန်တော်တို့မှာ ရှိထားတဲ့ ၂၅ မဂ္ဂါဝပ် နဲ့ တစ် မဂ္ဂါဝပ် (၈)လုံးတို့ကို အချိန်ပိုင်း နဲ့မောင်းပေး ပါတယ်။

ဒီဇယ်ဓာတ်အားပေး စက် ဆိုတာ ၂၄ နာရီ မောင်းလို့လည်းကောင်းတဲ့ အမျိုးအစားမဟုတ်ပါဘူး။ ပျက်တတ်ပါတယ်။ အရန်ဘဲထား တာပါ။  ဒါကြောင့် ၂၅ မဂ္ဂါဝပ် စက်ဆိုရင် မနက်ပိုင်းမှာ တစ်ချိန်၊ ညဦးပိုင်းမှာတစ်ချိန် ၊ နှစ်ချိန် စုစုပေါင်း တစ် နေ့ကို ၁၀ နာရီခန့်သာ ဝင်မောင်းပေး ပါတယ်။ တစ် မဂ္ဂါဝပ် စက်တွေဆိုရင်လည်း ညနေပိုင်းမှာ (၆)နာရီခန့်ဝင် မောင်းပေးပါတယ်။ ဓာတ်အားစနစ်ရဲ့လိုအပ် ချက်အရ လိုအပ်တဲ့ အချိန်မှသာစက် မောင်းပေးတယ် မလိုဘဲ မောင်းရင် ဆီကုန်တယ်။ဒါကြောင့်လိုအပ်တဲ့ အချိန်မှာမောင်းတယ်။မလိုရင် ထွက်တော။့

ရေအားလျှပ်စစ်က လာပြီဆိုရင် ထွက်တော့ဆိုပြီး ထွက်သွားတယ်။ ပျမ်းမျှအားဖြင့် တစ်နေ့ လျှင် ၁၀ နာရီခန့်မောင်းပေးပါတယ်။ ဘယ်တုံး ကစပြီး မောင်းပေးသလဲဆိုတော့ ၂၀၁၉ မတ်လထဲ ကနေစမောင်းတာ ယနေ့အချိန်ထိမောင်းနေ ဆဲပါ။  ရန်ကုန်မြို့၏လျှပ်စစ် ဓာတ်အားလိုအပ် ချက်ကို ဘယ်လောက်ဖြည့်ဆည်းပေးရသလဲဆိုရင် ကျွန်တော် တို့စက်သည် ၂၅ မဂ္ဂါဝပ်နဲ့ တစ်မဂ္ဂါဝပ်ရှိ စက် (၈)လုံးမှ ၈ မဂ္ဂါဝပ် စုစုပေါင်း ၃၃ မဂ္ဂါဝပ်ဘဲပေးနိုင်တယ်” လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ယနေ့နံနက်ပိုင်းကနေပြည်တော်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင်ပြုလုပ်သည့်လစဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ အထွေထွေ မန်နေဂျာ ဦးတင်အောင်က ယခုကဲသို့  ရှင်းလင်းပြောခြင်းဖြစ်ပါတယ်။

PTG
နေပြည်တော်၊ဇွန်-၁၃

(  Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီးအတြင္းလွ်ပ္စစ္ဗို႔အားျပည့္မီစြာအသုံးျပဳႏိုင္ ေရး အတြက္သာေကတ ဓာတ္ အားေပးစက္႐ုံအတြင္း၌ TM- 2500 ၊ 1 MW ဒီဇယ္ဓာတ္အားေပးစက္မ်ားျဖင့္လွ်ပ္စစ္ဓာတ္အား ေပးႏိုင္ေရး အတြက္ စီစဥ္ေဆာင္႐ြက္လွ်က္ရွိေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေကာ္ပိုေရးရွင္းမွ အေထြေထြ မန္ေနဂ်ာ ဦးတင္ေအာင္က ယေန႔ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“၂၀၁၉ ခုႏွစ္ ေႏြရာသီကာလတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ဓာတ္အားစနစ္၏ထုတ္လုပ္မႈ လို အပ္ခ်က္ မ်ား ရွိခဲ့သျဖင့္ လွ်ပ္စစ္ဗို႔ အားျပည့္မီစြာအသုံးျပဳႏိုင္ေရးအတြက္ TM- 2500 ၊ 1 MW ဒီဇယ္ဓာတ္ အားေပးစက္မ်ားကို ၂၀၁၉ ခုႏွစ္မတ္လ ၁၈ရက္ေန႔မွစ၍ယေန႔ထိ တစ္ရက္လွ်င္(၁၀) နာရီခန႔္ စက္ေမာင္း နာရီပ်မ္းမွ်ေမာင္းႏွင္ကာ ဓာတ္အားထုတ္လုပ္လွ်က္ ရွိပါတယ္ ယေန႔ထိ (၄)လတာကာလအတြင္း စက္ေမာင္း နာရီ (၆၆၅ း ၀၂ ) နာရီ ၊ထုတ္လုပ္ယူနစ္ ( ၁၂၃၉၁ ဒသမ ၈၂ ) MWhႏွင့္ဆီသုံးစြဲမႈ ( ၉၆၅၁၀၈ )ဂါလံ ကုန္ က်ခံ၍ ေမာင္းႏွင္ လွ်က္ရွိၿပီး အမ်ား ျပည္သူမ်ား လွ်ပ္စစ္ဓာတ္အား ေပးႏိုင္ ေရးအတြက္စီစဥ္ ေဆာင္႐ြက္ လွ်က္ရွိပါတယ္” လို႔ အေထြေထြမန္ေနဂ်ာ ဦးတင္ေအာင္ ကေျပာပါတယ္။

ယင္းအျပင္အေထြေထြမန္ေနဂ်ာဦးတင္ေအာင္က ရန္ကုန္တိုင္းေဒသႀကီးအတြင္းဓာတ္အားစနစ္၏ ထုတ္လုပ္မႈလိုအပ္ခ်က္မ်ားရွိခဲ့သျဖင့္ လွ်ပ္စစ္ဗို႔အားျပည့္မီစြာအသုံးျပဳႏိုင္ေရးအတြက္ TM- 2500 ၊ 1 MW ဒီဇယ္ဓာတ္အားေပးစက္မ်ားမွ လွ်ပ္စစ္ဓာတ္အားမီးေပး လို႔ေတာ့ ရတယ္အေရးေပၚအတြက္သာသုံးတယ္ ေဈး ႏႈန္းအရတြက္ရင္ ကုန္က်စရိတ္မ်ားလို႔ တြက္ ေခ်မကိုက္ ဘူး ဒီ စက္သည္ အရံမီး စက္သာျဖစ္ ပါတယ္။ အေရး ေပၚအေျခအေနမွာသုံးဖို႔ပါ အေရးေပၚသုံးစြဲဖို႔သာ ရည္႐ြယ္ၿပီးေတာ့ ရန္ကုန္ွမွာ ႏိုင္ငံေတာ္အစိုးရက တပ္ဆင္ ေပးထားတာျဖစ္ ပါ တယ္။အခု ႏွစ္ေႏြရာသီမွာ အေျခအေနအေၾကာင္းေၾကာင္းေၾကာင့္ လွ်ပ္စစ္ဓာတ္ အား လုံ ေလာက္ျခင္းမရွိဘူး မရွိတဲ့အတြက္ေၾကာင့္ အထူးသျဖင့္ရန္ကုန္မွာ ဦးစားေပးခ်င္တဲ့အေနနဲ႔ ကြၽန္ေတာ္တို႔မွာ ရွိထားတဲ့ ၂၅ မဂၢါဝပ္ နဲ႔ တစ္ မဂၢါဝပ္ (၈)လုံးတို႔ကို အခ်ိန္ပိုင္း နဲ႔ေမာင္းေပး ပါတယ္။

ဒီဇယ္ဓာတ္အားေပး စက္ ဆိုတာ ၂၄ နာရီ ေမာင္းလို႔လည္းေကာင္းတဲ့ အမ်ိဳးအစားမဟုတ္ပါဘူး။ ပ်က္တတ္ပါတယ္။ အရန္ဘဲထား တာပါ။  ဒါေၾကာင့္ ၂၅ မဂၢါဝပ္ စက္ဆိုရင္ မနက္ပိုင္းမွာ တစ္ခ်ိန္၊ ညဦးပိုင္းမွာတစ္ခ်ိန္ ၊ ႏွစ္ခ်ိန္ စုစုေပါင္း တစ္ ေန႔ကို ၁၀ နာရီခန႔္သာ ဝင္ေမာင္းေပး ပါတယ္။ တစ္ မဂၢါဝပ္ စက္ေတြဆိုရင္လည္း ညေနပိုင္းမွာ (၆)နာရီခန႔္ဝင္ ေမာင္းေပးပါတယ္။ ဓာတ္အားစနစ္ရဲ႕လိုအပ္ ခ်က္အရ လိုအပ္တဲ့ အခ်ိန္မွသာစက္ ေမာင္းေပးတယ္ မလိုဘဲ ေမာင္းရင္ ဆီကုန္တယ္။ဒါေၾကာင့္လိုအပ္တဲ့ အခ်ိန္မွာေမာင္းတယ္။မလိုရင္ ထြက္ေတာ။့

ေရအားလွ်ပ္စစ္က လာၿပီဆိုရင္ ထြက္ေတာ့ဆိုၿပီး ထြက္သြားတယ္။ ပ်မ္းမွ်အားျဖင့္ တစ္ေန႔ လွ်င္ ၁၀ နာရီခန႔္ေမာင္းေပးပါတယ္။ ဘယ္တုံး ကစၿပီး ေမာင္းေပးသလဲဆိုေတာ့ ၂၀၁၉ မတ္လထဲ ကေနစေမာင္းတာ ယေန႔အခ်ိန္ထိေမာင္းေန ဆဲပါ။  ရန္ကုန္ၿမိဳ႕၏လွ်ပ္စစ္ ဓာတ္အားလိုအပ္ ခ်က္ကို ဘယ္ေလာက္ျဖည့္ဆည္းေပးရသလဲဆိုရင္ ကြၽန္ေတာ္ တို႔စက္သည္ ၂၅ မဂၢါဝပ္နဲ႔ တစ္မဂၢါဝပ္ရွိ စက္ (၈)လုံးမွ ၈ မဂၢါဝပ္ စုစုေပါင္း ၃၃ မဂၢါဝပ္ဘဲေပးႏိုင္တယ္” လို႔ ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

ယေန႔နံနက္ပိုင္းကေနျပည္ေတာ္လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနတြင္ျပဳလုပ္သည့္လစဥ္ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ ရန္ကုန္လွ်ပ္စစ္ဓာတ္အားေကာ္ပိုေရးရွင္းမွ အေထြေထြ မန္ေနဂ်ာ ဦးတင္ေအာင္က ယခုကဲသို႔  ရွင္းလင္းေျပာျခင္းျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ဇြန္-၁၃