ရန်ကုန်မှ ခရမ်းသို့ အသွားအပြန် စုပေါင်းစက်ဘီးစီးနင်းမည်

ရန်ကုန်မှ ခရမ်းသို့ အသွားအပြန် စုပေါင်းစက်ဘီးစီးနင်းမည်

ရန်ကုန်မှ ခရမ်းသို့ အသွားအပြန် စုပေါင်းစက်ဘီးစီးခရီးစဉ်တစ်ခုကို လာမယ့် စက်တင်ဘာ ၁ ရက် မနက်မှာ စတင်သွားဖို့ စီစဉ်ထားပြီး လိုက်ပါစီးနင်းလိုတဲ့ စက်ဘီးစီးဝါသနာရှင်တွေကို ဖိတ်ခေါ်ထားတယ်လို့ Bicycle Network Myanmar နာယက ဦးညီဝင်းနိုင်က ပြောပါတယ်။“ဒီခရီးစဉ်ဟာ နေ့ချင်းပြန်ခရီးစဉ်ပါ၊ ဝါသနာတူတဲ့စက်ဘီးစီးဝါသနာရှင်တွေ အချင်းချင်းစုပေါင်းစီးနင်းတဲ့ ခရီးစဉ်ဖြစ်ပါတယ်၊ ဘယ်သူမဆို လိုက်ပါဖို့ ဖိတ်ခေါ်ပါတယ်”လို့ သူက ရှင်းပြပါတယ်။ ထိုခရီးစဉ်ဟာ ၇၉ ကြိမ်မြောက် စုပေါင်းစီးနင်းတဲ့ခရီးစဉ်လည်းဖြစ်သလို အသွားအပြန် မိုင် ၈၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ထိုခရီးစဉ်မှာ လိုက်ပါလိုတဲ့သူတွေအနေနဲ့ စက်ဘီးမှာရှေ့မီးနောက်မီးစုံအောင် တပ်ဆင်ကာ ကျွတ်အပိုယူဆောင်ရန်နဲ့ စက်ဘီးစီးဦးထုပ်များဆောင်းကာ စနစ်တကျဖြင့် လိုက်ပါရန်လည်း နှိုးဆော်ထားလျက်ရှိပါတယ်။

ခရီးစဉ်အတွက် စုရပ်ကို လှိုင်မြို့နယ် ပါရမီလမ်းပေါ်ရှိ အောင်ကောင်းစံ လက်ဖက်ရည်ဆိုင်အရှေ့တွင် သတ်မှတ်ထားပြီး ယင်းနေရာမှ မနက် ၄နာရီတွင် ထွက်ခွာပြီး အခြားသော မြို့နယ်များမှ လာရောက်ကြမယ့် စက်ဘီးစီးဝါသနာရှင်တွေနဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ ရတနာလမ်းနဲ့ ဝေဇယန္တာလမ်းဆုံအနီး ရတနာဈေးရှေ့က မဟာရန်ကုန် လက်ဖက်ရည်ဆိုင်ရှေ့မှာ ဆုံကာ ယင်းနေရာမှ မနက် ၅နာရီခွဲတွင် ခရီးစဉ်ထွက်ခွာမှာ ဖြစ်ကြောင်း၊ ဒဂုံဆိပ်ကမ်းရှိ ကုလားဝဲတံတားလမ်းဘက်မှ သွားရောက်မှာဖြစ်ပြီး ခရမ်းမြို့သို့ရောက်တဲ့အခါ နေ့လည်စာ ဧည့်ခံကျွေးမွေးတာတွေ ကို ဒေသခံစက်ဘီးစီးဝါသနာရှင်တွေနဲ့ အလှူရှင်တွေက လုပ်ဆောင်ကြဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

 ဇွဲမာန်  
ရန်ကုန်၊ သြဂုတ် ၃၀

(  Zawgyi  )

 ရန္ကုန္မွ ခရမ္းသို႔ အသြားအျပန္ စုေပါင္းစက္ဘီးစီးခရီးစဥ္တစ္ခုကို လာမယ့္ စက္တင္ဘာ ၁ ရက္ မနက္မွာ စတင္သြားဖို႔ စီစဥ္ထားၿပီး လိုက္ပါစီးနင္းလိုတဲ့ စက္ဘီးစီးဝါသနာရွင္ေတြကို ဖိတ္ေခၚထားတယ္လို႔ Bicycle Network Myanmar နာယက ဦးညီဝင္းႏိုင္က ေျပာပါတယ္။“ဒီခရီးစဥ္ဟာ ေန႔ခ်င္းျပန္ခရီးစဥ္ပါ၊ ဝါသနာတူတဲ့စက္ဘီးစီးဝါသနာရွင္ေတြ အခ်င္းခ်င္းစုေပါင္းစီးနင္းတဲ့ ခရီးစဥ္ျဖစ္ပါတယ္၊ ဘယ္သူမဆို လိုက္ပါဖို႔ ဖိတ္ေခၚပါတယ္”လို႔ သူက ရွင္းျပပါတယ္။ ထိုခရီးစဥ္ဟာ ၇၉ ႀကိမ္ေျမာက္ စုေပါင္းစီးနင္းတဲ့ခရီးစဥ္လည္းျဖစ္သလို အသြားအျပန္ မိုင္ ၈၀ ေလာက္ရွိမယ္လို႔ ခန႔္မွန္းထားပါတယ္။ ထိုခရီးစဥ္မွာ လိုက္ပါလိုတဲ့သူေတြအေနနဲ႔ စက္ဘီးမွာေရွ႕မီးေနာက္မီးစုံေအာင္ တပ္ဆင္ကာ ကြၽတ္အပိုယူေဆာင္ရန္နဲ႔ စက္ဘီးစီးဦးထုပ္မ်ားေဆာင္းကာ စနစ္တက်ျဖင့္ လိုက္ပါရန္လည္း ႏႈိးေဆာ္ထားလ်က္ရွိပါတယ္။

ခရီးစဥ္အတြက္ စုရပ္ကို လႈိင္ၿမိဳ႕နယ္ ပါရမီလမ္းေပၚရွိ ေအာင္ေကာင္းစံ လက္ဖက္ရည္ဆိုင္အေရွ႕တြင္ သတ္မွတ္ထားၿပီး ယင္းေနရာမွ မနက္ ၄နာရီတြင္ ထြက္ခြာၿပီး အျခားေသာ ၿမိဳ႕နယ္မ်ားမွ လာေရာက္ၾကမယ့္ စက္ဘီးစီးဝါသနာရွင္ေတြနဲ႔ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ရတနာလမ္းနဲ႔ ေဝဇယႏၲာလမ္းဆုံအနီး ရတနာေဈးေရွ႕က မဟာရန္ကုန္ လက္ဖက္ရည္ဆိုင္ေရွ႕မွာ ဆုံကာ ယင္းေနရာမွ မနက္ ၅နာရီခြဲတြင္ ခရီးစဥ္ထြက္ခြာမွာ ျဖစ္ေၾကာင္း၊ ဒဂုံဆိပ္ကမ္းရွိ ကုလားဝဲတံတားလမ္းဘက္မွ သြားေရာက္မွာျဖစ္ၿပီး ခရမ္းၿမိဳ႕သို႔ေရာက္တဲ့အခါ ေန႔လည္စာ ဧည့္ခံေကြၽးေမြးတာေတြ ကို ေဒသခံစက္ဘီးစီးဝါသနာရွင္ေတြနဲ႔ အလႉရွင္ေတြက လုပ္ေဆာင္ၾကဖို႔ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။

 ဇြဲမာန္  
ရန္ကုန္၊ ၾသဂုတ္ ၃၀