ရန်ကုန်လိုင်စင်ချ ပြန်ချပေးရန် မူဝါဒအရ သဘောတူထား

ရန်ကုန်လိုင်စင်ချ ပြန်ချပေးရန် မူဝါဒအရ သဘောတူထား

ရန်ကုန်လိုင်စင် ပြန်လည်ချပေးနိုင်ဖို့ မော်တော်ယာဉ်တင်သွင်းမှု ကြီးကြပ်ရေးကော်မတီက မူဝါဒအရ သဘောတူထားပေမယ့် ထပ်ပြီးဆွေးနွေးရဦးမယ့် အချက်တွေလည်း ရှိနေသေးတာကြောင့် မကြာခင်မှာ ပြန်လည်ချပေးနိုင်မယ့် အခြေအနေတွေရှိတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွ က ပြောကြားပါတယ်။

“ဆွေးနွေးတဲ့ အတိုင်းအတာ အနေအထားတွေလည်း ရှိသေးတာဖြစ်လို့ မကြာခင်တော့ ပြန်ချပေးနိုင်မယ့် အခြေအနေတော့ ရှိပါတယ်” လို့ ၎င်းက ပြောပြပါတယ်။

ရန်ကုန်လိုင်စင် ပိတ်ပင်ထားတာဟာ နှစ်နဲ့ချီကြာမြင့်ခဲ့ပြီး ပြန်လည်ချပေးနိုင်ဖို့ ဆွေးနွေးခဲ့ကြသလို ယခုလထဲမှာလည်း ဆွေးနွေးတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ထိုသို့ ရန်ကုန်လိုင်စင်ချပေးတာကို ပိတ်ထားတာကြောင့် ကားဈေးကွက်ထဲမှာ ရန်ကုန်လိုင်စင်ကားတွေကို ရောင်းချမယ့်သူတွေဟာ ဈေးတင်ရောင်းလာရင်း တဖြေးဖြေးဈေးနှုန်းမြင့်မားလာလျက် ရှိပါတယ်။

“ရန်ကုန်လိုင်စင် ပြန်လည်ချပေးဖို့တော့ မျှော်လင့်နေတာ ကြာပါပြီ၊ ဒါပေမဲ့လည်း အခုထိတော့ သတင်းတွေပဲ ခဏခဏကြားနေပေမယ့် ဈေးတွေကတော့ တက်နေတာပေါ့” လို့လည်း ယာဉ်ဝယ်ရောင်း အကျိုးဆောင်များ လူမှုရေးအသင်းအဖွဲ့ (ရန်ကုန်) အတွင်းရေးမှူး ဦးရဲထွဋ် က ပြောကြားပါတယ်။

ရန်ကုန်မြို့မှာ မော်တော်ယာဉ်တွေ များပြားကာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားတာကို ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့ ရန်ကုန်လိုင်စင်ချပေးတာကို ယခင်က ယာဉ်ရပ်နားမယ့်နေရာကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ထောက်ခံချက်တွေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်ချပေးခဲ့ကြောင်း၊ အောက်ခြေမှာ ယင်းထောက်ခံချက်တွေဟာ အရောင်းအဝယ်အနေနဲ့ ဖြစ်လာခဲ့တာကြောင့်လည်း နောက်ပိုင်းမှာ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ထိုကဲ့သို့ ရပ်ဆိုင်းတာ နှစ်နဲ့ချီပြီး ကြာမြင့်ခဲ့ချိန်မှာ ရန်ကုန်လိုင်စင် ကားတွေဟာ ဈေးမြင့်တက်လာပေမယ့် ယင်းလုပ်ဆောင်မှုဟာ ယာဉ်ကြောပိတ်ဆို့မှုကို ထိရောက်စွာ ဖြေရှင်းနိုင်မှုမရှိတာကိုလည်း ကြုံတွေ့လာခဲ့ကြရပါတယ်။                                      

ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် - ၁၅

( Zawgyi )

ရန္ကုန္လိုင္စင္ ျပန္လည္ခ်ေပးႏိုင္ဖို႔ ေမာ္ေတာ္ယာဥ္တင္သြင္းမႈ ႀကီးၾကပ္ေရးေကာ္မတီက မူဝါဒအရ သေဘာတူထားေပမယ့္ ထပ္ၿပီးေဆြးေႏြးရဦးမယ့္ အခ်က္ေတြလည္း ရွိေနေသးတာေၾကာင့္ မၾကာခင္မွာ ျပန္လည္ခ်ေပးႏိုင္မယ့္ အေျခအေနေတြရွိတယ္လို႔ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြ က ေျပာၾကားပါတယ္။

“ေဆြးေႏြးတဲ့ အတိုင္းအတာ အေနအထားေတြလည္း ရွိေသးတာျဖစ္လို႔ မၾကာခင္ေတာ့ ျပန္ခ်ေပးႏိုင္မယ့္ အေျခအေနေတာ့ ရွိပါတယ္” လို႔ ၎က ေျပာျပပါတယ္။

ရန္ကုန္လိုင္စင္ ပိတ္ပင္ထားတာဟာ ႏွစ္နဲ႔ခ်ီၾကာျမင့္ခဲ့ၿပီး ျပန္လည္ခ်ေပးႏိုင္ဖို႔ ေဆြးေႏြးခဲ့ၾကသလို ယခုလထဲမွာလည္း ေဆြးေႏြးတာေတြကို လုပ္ေဆာင္ခဲ့ၾကပါတယ္။ထိုသို႔ ရန္ကုန္လိုင္စင္ခ်ေပးတာကို ပိတ္ထားတာေၾကာင့္ ကားေဈးကြက္ထဲမွာ ရန္ကုန္လိုင္စင္ကားေတြကို ေရာင္းခ်မယ့္သူေတြဟာ ေဈးတင္ေရာင္းလာရင္း တေျဖးေျဖးေဈးႏႈန္းျမင့္မားလာလ်က္ ရွိပါတယ္။

“ရန္ကုန္လိုင္စင္ ျပန္လည္ခ်ေပးဖို႔ေတာ့ ေမွ်ာ္လင့္ေနတာ ၾကာပါၿပီ၊ ဒါေပမဲ့လည္း အခုထိေတာ့ သတင္းေတြပဲ ခဏခဏၾကားေနေပမယ့္ ေဈးေတြကေတာ့ တက္ေနတာေပါ့” လို႔လည္း ယာဥ္ဝယ္ေရာင္း အက်ိဳးေဆာင္မ်ား လူမႈေရးအသင္းအဖြဲ႕ (ရန္ကုန္) အတြင္းေရးမႉး ဦးရဲထြဋ္ က ေျပာၾကားပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ေမာ္ေတာ္ယာဥ္ေတြ မ်ားျပားကာ ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္ပြားတာကို ထိန္းခ်ဳပ္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ရန္ကုန္လိုင္စင္ခ်ေပးတာကို ယခင္က ယာဥ္ရပ္နားမယ့္ေနရာကို သက္ဆိုင္ရာ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနရဲ႕ ေထာက္ခံခ်က္ေတြနဲ႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က စိစစ္ခ်ေပးခဲ့ေၾကာင္း၊ ေအာက္ေျခမွာ ယင္းေထာက္ခံခ်က္ေတြဟာ အေရာင္းအဝယ္အေနနဲ႔ ျဖစ္လာခဲ့တာေၾကာင့္လည္း ေနာက္ပိုင္းမွာ ရပ္ဆိုင္းခဲ့တာျဖစ္ပါတယ္။ထိုကဲ့သို႔ ရပ္ဆိုင္းတာ ႏွစ္နဲ႔ခ်ီၿပီး ၾကာျမင့္ခဲ့ခ်ိန္မွာ ရန္ကုန္လိုင္စင္ ကားေတြဟာ ေဈးျမင့္တက္လာေပမယ့္ ယင္းလုပ္ေဆာင္မႈဟာ ယာဥ္ေၾကာပိတ္ဆို႔မႈကို ထိေရာက္စြာ ေျဖရွင္းႏိုင္မႈမရွိတာကိုလည္း ႀကဳံေတြ႕လာခဲ့ၾကရပါတယ္။                                      

ဇြဲမာန္
ရန္ကုန္၊ ဇူလိုင္ - ၁၅