ရန်ကုန် အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ မိုးပိုမိုနေဦးမည်

ရန်ကုန် အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ မိုးပိုမိုနေဦးမည်

ယခုရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေထုမငြိမ်မသက် ဖြစ်စဉ်ကြောင့် ရန်ကုန် အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးပိုမိုနေဦးမယ့် အခြေအနေမျိုးရှိတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် ဆီက သိရပါတယ်။

ယခုလို မိုးပိုမိုတဲ့ အခြေအနေကို နောက်ထပ်နှစ်ရက်လောက်အထိ ကြုံနိုင်သလို နေရာကွက်ပြီး မိုးကြီးတာတွေ လေပြင်းတိုက်ခတ်တာတွေလည်း ကြုံနိုင်သေးတာကြောင့် သတိပြုနိုင်ဖို့အတွက် ၎င်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။

ထို့အပြင် ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှာ နေရာကွက်ကျား မိုးများရွာသွန်းကာ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာတော့ နေရာကျဲကျဲနဲ့ ကျန်ဒေသတွေမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းတာတွေလည် ကြုံဖို့ရှိနေတယ်လို့ ဒေါက်တာထွန်းလွင် က ခန့်မှန်းထားပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာတော့ မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အသင့်အတင့် ဖြစ်ထွန်းနေသလို မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေအနေနဲ့ မိုးကောင်းစွာရရှိတဲ့ ကာလတွေကို ကြုံလာဖို့လည်း ရှိနေသေးတယ်လို့ သိရပါတယ်။

ဇွန်လ ၁၂ ရက်ကနေ ၁၆ ရက်ထဲမှာတော့ ဘင်္ဂလားပင်လယ်အော်ထဲ မုန်တိုင်းတစ်လုံးဖြစ်မယ့် အလားလာတွေရှိနေတယ်လို့ နိုင်ငံတကာ မိုးလေဝသတိုင်းတာရေး စခန်းတစ်ချို့က ခန့်မှန်းထားကြပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇွန် - ၁၀

( Zawgyi )

ယခုရက္ပိုင္းအတြင္း ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ေလထုမၿငိမ္မသက္ ျဖစ္စဥ္ေၾကာင့္ ရန္ကုန္ အပါအဝင္ ျမစ္ဝကြၽန္းေပၚေဒသေတြမွာ မိုးပိုမိုေနဦးမယ့္ အေျခအေနမ်ိဳးရွိတယ္လို႔ မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္ ဆီက သိရပါတယ္။

ယခုလို မိုးပိုမိုတဲ့ အေျခအေနကို ေနာက္ထပ္ႏွစ္ရက္ေလာက္အထိ ႀကဳံႏိုင္သလို ေနရာကြက္ၿပီး မိုးႀကီးတာေတြ ေလျပင္းတိုက္ခတ္တာေတြလည္း ႀကဳံႏိုင္ေသးတာေၾကာင့္ သတိျပဳႏိုင္ဖို႔အတြက္ ၎က သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန အသိေပးထားပါတယ္။

ထို႔အျပင္ ကယားျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး (ေအာက္ပိုင္း)၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးတို႔မွာ ေနရာကြက္က်ား မိုးမ်ား႐ြာသြန္းကာ ရွမ္းျပည္နယ္နဲ႔ ပဲခူးတိုင္းေဒသႀကီးတို႔မွာေတာ့ ေနရာက်ဲက်ဲနဲ႔ က်န္ေဒသေတြမွာ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာသြန္းတာေတြလည္ ႀကဳံဖို႔ရွိေနတယ္လို႔ ေဒါက္တာထြန္းလြင္ က ခန႔္မွန္းထားပါတယ္။

ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းတို႔မွာေတာ့ မုတ္သုံေလ အားေကာင္းေနၿပီး က်န္ဘဂၤလားပင္လယ္ေအာ္မွာ မုတ္သုံေလ အသင့္အတင့္ ျဖစ္ထြန္းေနသလို ျမန္မာႏိုင္ငံ ေအာက္ပိုင္းေဒသေတြအေနနဲ႔ မိုးေကာင္းစြာရရွိတဲ့ ကာလေတြကို ႀကဳံလာဖို႔လည္း ရွိေနေသးတယ္လို႔ သိရပါတယ္။

ဇြန္လ ၁၂ ရက္ကေန ၁၆ ရက္ထဲမွာေတာ့ ဘဂၤလားပင္လယ္ေအာ္ထဲ မုန္တိုင္းတစ္လုံးျဖစ္မယ့္ အလားလာေတြရွိေနတယ္လို႔ ႏိုင္ငံတကာ မိုးေလဝသတိုင္းတာေရး စခန္းတစ္ခ်ိဳ႕က ခန႔္မွန္းထားၾကပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇြန္ - ၁၀