ရသစာပေ အားနည်းမှုကြောင့် လူငယ်များကြား စိတ်နှလုံးကြမ်းတမ်းလာဟု ဆို

ရသစာပေ အားနည်းမှုကြောင့် လူငယ်များကြား စိတ်နှလုံးကြမ်းတမ်းလာဟု ဆို

လူငယ်တွေရဲ့ကြားမှာ စိတ်နှလုံးကြမ်းတမ်းလာတဲ့ အခြေအနေတွေကို ကြုံလာကြခြင်းမှာ ရသစာပေအားနည်းမှုရဲ့ နောက်ဆက်တွဲရလဒ်များကြောင့် ဖြစ်တယ်လို့ သုံးသပ်ထားကြောင်း မြန်မာစာရေးဆရာကလပ်မှ သိရပါတယ်။

“တကယ်တော့ ဒါတွေဟာ ရသစာပေ အားနည်းမှုတွေရဲ့နောက်ဆက်တွဲရလဒ်တွေ ဖြစ်ပါတယ်၊ ဒါကြောင့်လည်း အခုဆိုရင် လူငယ်တွေရဲ့ကြားမှာ သည်းခံခွင့်လွှတ်စိတ်တွေ လျော့နည်းလာပြီးတော့ စိတ်နှလုံးကြမ်းတမ်းတဲ့ အခြေအနေတွေလည်း ဖြစ်လာတာဟာ ဆက်နွှယ်မှုရှိတဲ့ အခြေအနေတစ်ရပ်ပါပဲ၊ ဒါကို စနစ်တကျနဲ့ ဖွံ့ဖြိုးအောင်လုပ်နိုင်ဖို့ အရေးကြီးပါတယ်၊ ဒါမှလည်း အနာဂတ်လူ့အဖွဲ့အစည်းမှာ အကျိုးရှိစေမှာ ဖြစ်ပါတယ်” လို့  မြန်မာစာရေးဆရာကလပ်ရဲ့ ဥက္ကဋ္ဌ စာရေးဆရာ ကောင်းသန့် က Myanmar Book Center မှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

ထို့ကြောင့် အခြေခံပညာကျောင်းတွေကနေတစ်ဆင့် ရသစာပေ အားကောင်းလာအောင် လုပ်ဆောင်သွားဖို့ စီစဉ်နေသလို အစိုးရအပိုင်းက လုပ်ဆောင်နေမှုသာမကပဲ အသင်းအဖွဲ့တွေအနေနဲ့လည်း အားတက်သရော လုပ်ဆောင်သွားရန် လိုအပ်တယ်လို့ သိရပါတယ်။

“ရသစာပေနဲ့ ပတ်သက်ပြီး ဖတ်စရာ စာတွေတောင် ဟုတ်တိပတ်တိမရှိဘူး၊ အခုနောက်ပိုင်း မဂ္ဂဇင်းတိုက်တစ်ချို့လည်း ရပ်နားလာတာတွေက တစ်ဖက်မှာလည်း ရသစာပေ ဖွံ့ဖြိုးရေး လုပ်ဆောင်တဲ့အပိုင်းကို အခက်အခဲမျိုး ဖြစ်လာစေပါတယ်၊ မဂ္ဂဇင်းတွေဆိုတာဟာ တကယ်တမ်း ရသစာပေရဲ့ အခြေခံရေသောက်မြစ်တွေ ဆိုရင်လည်း မမှားဘူး” လို့ သူက ဆက်ပြောပါတယ်။

လူငယ်တွေကြား ရသစာပေ ဖွံ့ဖြိုးရေးအတွက် အခြေခံပညာကျောင်းတွေမှာ ရသစာပေ ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ဖို့ အစီအစဉ်တွေရေးဆွဲကာ တိုင်းဒေသကြီး ပညာရေးမှူးရုံးနဲ့ ဆွေးနွေးတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ သြဂုတ် - ၁

( Zawgyi )

လူငယ္ေတြရဲ႕ၾကားမွာ စိတ္ႏွလုံးၾကမ္းတမ္းလာတဲ့ အေျခအေနေတြကို ႀကဳံလာၾကျခင္းမွာ ရသစာေပအားနည္းမႈရဲ႕ ေနာက္ဆက္တြဲရလဒ္မ်ားေၾကာင့္ ျဖစ္တယ္လို႔ သုံးသပ္ထားေၾကာင္း ျမန္မာစာေရးဆရာကလပ္မွ သိရပါတယ္။

“တကယ္ေတာ့ ဒါေတြဟာ ရသစာေပ အားနည္းမႈေတြရဲ႕ေနာက္ဆက္တြဲရလဒ္ေတြ ျဖစ္ပါတယ္၊ ဒါေၾကာင့္လည္း အခုဆိုရင္ လူငယ္ေတြရဲ႕ၾကားမွာ သည္းခံခြင့္လႊတ္စိတ္ေတြ ေလ်ာ့နည္းလာၿပီးေတာ့ စိတ္ႏွလုံးၾကမ္းတမ္းတဲ့ အေျခအေနေတြလည္း ျဖစ္လာတာဟာ ဆက္ႏႊယ္မႈရွိတဲ့ အေျခအေနတစ္ရပ္ပါပဲ၊ ဒါကို စနစ္တက်နဲ႔ ဖြံ႕ၿဖိဳးေအာင္လုပ္ႏိုင္ဖို႔ အေရးႀကီးပါတယ္၊ ဒါမွလည္း အနာဂတ္လူ႔အဖြဲ႕အစည္းမွာ အက်ိဳးရွိေစမွာ ျဖစ္ပါတယ္” လို႔  ျမန္မာစာေရးဆရာကလပ္ရဲ႕ ဥကၠ႒ စာေရးဆရာ ေကာင္းသန႔္ က Myanmar Book Center မွာ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ပါတယ္။

ထို႔ေၾကာင့္ အေျခခံပညာေက်ာင္းေတြကေနတစ္ဆင့္ ရသစာေပ အားေကာင္းလာေအာင္ လုပ္ေဆာင္သြားဖို႔ စီစဥ္ေနသလို အစိုးရအပိုင္းက လုပ္ေဆာင္ေနမႈသာမကပဲ အသင္းအဖြဲ႕ေတြအေနနဲ႔လည္း အားတက္သေရာ လုပ္ေဆာင္သြားရန္ လိုအပ္တယ္လို႔ သိရပါတယ္။

“ရသစာေပနဲ႔ ပတ္သက္ၿပီး ဖတ္စရာ စာေတြေတာင္ ဟုတ္တိပတ္တိမရွိဘူး၊ အခုေနာက္ပိုင္း မဂၢဇင္းတိုက္တစ္ခ်ိဳ႕လည္း ရပ္နားလာတာေတြက တစ္ဖက္မွာလည္း ရသစာေပ ဖြံ႕ၿဖိဳးေရး လုပ္ေဆာင္တဲ့အပိုင္းကို အခက္အခဲမ်ိဳး ျဖစ္လာေစပါတယ္၊ မဂၢဇင္းေတြဆိုတာဟာ တကယ္တမ္း ရသစာေပရဲ႕ အေျခခံေရေသာက္ျမစ္ေတြ ဆိုရင္လည္း မမွားဘူး” လို႔ သူက ဆက္ေျပာပါတယ္။

လူငယ္ေတြၾကား ရသစာေပ ဖြံ႕ၿဖိဳးေရးအတြက္ အေျခခံပညာေက်ာင္းေတြမွာ ရသစာေပ ဖြံ႕ၿဖိဳးေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ အစီအစဥ္ေတြေရးဆြဲကာ တိုင္းေဒသႀကီး ပညာေရးမႉး႐ုံးနဲ႔ ေဆြးေႏြးတာေတြကိုလည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ၾသဂုတ္ - ၁