ရာသီဥတုပူပြင်းမှုဒဏ်ကြောင့် နိုင်ငံခြားသားဘောလုံး ကစားသမားနှစ်ဦး ဆေးကုသမှုခံယူခဲ့ရ

ရာသီဥတုပူပြင်းမှုဒဏ်ကြောင့် နိုင်ငံခြားသားဘောလုံး ကစားသမားနှစ်ဦး ဆေးကုသမှုခံယူခဲ့ရ

အပူရှိန်မြင့်မားသည့် ရာသီဥတုပူပြင်းမှုဒဏ်ကြောင့် နိုင်ငံခြားသားဘောလုံး ကစားသမားနှစ်ဦး ဆေးကုသမှုခံယူခဲ့ရတယ်လို့  စစ်ကိုင်းယူနိုက်တက်အသင်းမှ သိရပါတယ်။

ဖြစ်စဉ်မှာ ရတနာပုံအသင်းနှင့်မေလ ၁၂ရက်နေ့က မန္တလေးမြို့တွင် ယှဉ်ပြိုင်ကစားပြီးနောက် တည်းခိုရာ ဟိုတယ်အရောက်တွင် ရာသီဥတုပူပြင်းမှုဒဏ်များကြောင့် စစ်ကိုင်းယူနိုက်တက်အသင်းမှ နိင်ငံခြားသား ကစားသမားဖြစ်ကြသော တိုက်စစ်မှူး DONNAL BISSA ၊နောက်ခံလူ SOLAMONAE တို့နှစ်ဦးမှာ မူးဝေအော့အန်ခြင်း၊အားအင်ဆုတ်ယုတ်ခြင်းများဖြစ်ပေါ်ခဲ့သည့်အတွက် မန္တလေးမြို့ရှိ ကြယ်စင်အထူး ကုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။

ယင်းကစားသမားနှစ်ဦးဆေးကုသရာသို့ အသင်းမှတာဝန်ရှိသူများနှင့် MNL မှတာဝန်ရှိသူများက လာရောက်အားပေးခဲ့ကြပြီး လိုအပ်သည် များအားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြတယ်လို့လည်း စစ်ကိုင်းယူနိုက်တက်အသင်းမှ ဒီကနေ့ မေ ၁၃ ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြေသိမ်း
မန္တလေး၊မေ ၁၃
Ref - စစ်ကိုင်းယူနိုက်တက်အသင်း။

(  Zawgyi  )




ပြေသိမ်း
မန္တလေး၊မေ ၁၃