ရုတ်တရက်မိုးကြီးကာ လေပြင်းထန်ပါက ခရီးသည်ဘေးကင်းရေးအတွက် နီးစပ်ရာအမြန်ခိုလှုံရန် စက်တပ်သမ္ဗာန်များ၌ ကြပ်မတ်ထား

ရုတ်တရက်မိုးကြီးကာ လေပြင်းထန်ပါက ခရီးသည်ဘေးကင်းရေးအတွက် နီးစပ်ရာအမြန်ခိုလှုံရန် စက်တပ်သမ္ဗာန်များ၌ ကြပ်မတ်ထား

ယခုလို မိုးဦးကျကာလမှာ ရုတ်တရက်လေပြင်းထန်ပြီး မိုးကြီးပါက ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် နီးစပ်ရာဆိပ်ကမ်းနဲ့ ဗော်ယာတွေမှာ အမြန်ခိုလှုံဖို့ ညွှန်ကြားထားတယ်လို့ စက်တပ်သမ္ဗာန် လုပ်ကိုင်သူတွေဆီက သိရပါတယ်။

“ခရီးသည်တွေ ဘေးအန္တရာယ်ကြုံတာ လုံးဝမဖြစ်အောင် ရေယာဉ်လိုင်းတွေ၊ ဂိတ်မှူးတွေကနေ ကြီးကြပ်ဆောင်ရွက်နိုင်ဖို့အတွက် မြို့နယ်ကနေ ညွှန်ကြားလာတဲ့အတိုင်း အောက်ခြေမှာ ကြပ်မတ်ဆောင်ရွက်နေပါတယ်” လို့ ဆာပါချောင် စက်တပ်သမ္ဗာန် ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော် က ရှင်းပြပါတယ်။

ထိုကဲ့သို့သော မိုးသည်းထန်ပြီး လေပြင်းကာ မြင်ကွင်းမကောင်းတာမျိုးနဲ့ ကြုံတဲ့အခါ နီးစပ်ရာဗော်ယာတွေမှာ ဆိုက်ကပ်ထားတဲ့ ရေယာဉ်တွေ၊ ဆိပ်ခံတံတားတွေ အပါအဝင် နီးစပ်ရာခိုလှုံစေတာ ဖြစ်ပါတယ်။

“လုံခြုံရေးအရ သာမန်အားဖြင့်ကတော့ ဆိုက်ကပ်ခွင့်မပြုတဲ့ ဆိပ်ကမ်းနယ်မြေတွေမှာ အရေးပေါ်လေပြင်းထန်တာတွေ ကြုံတဲ့အခါ ခိုလှုံနိုင်ဖို့ မြို့နယ်ကော်မတီကနေလည်း အကြောင်းကြားထားတာတွေ ရှိပါတယ်” လို့ ဆိပ်ကြီးခနောင်တို စက်တပ်သမ္ဗာန်လိုင်းမှာ ကြီးကြပ်ဆောင်ရွက်နေတဲ့ ဦးမြင့်သိန်း က ရှင်းပြပါတယ်။

ထိုစက်တပ်သမ္ဗာန်တွေမှာ ယခုအချိန်အထိပင် Life Jacket တွေ ထားပေမယ့် ဝတ်ဆင်စီးနင်းသူ မရှိသေးတာကြောင့် မိုးကြီးတဲ့ကာလတွေမှာ ခရီးသည်တိုင်း Life Jacket တွေ ဝတ်ဖို့ နှိုးဆော်နေရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

“မြို့နယ်မှာ အစည်းအဝေးလုပ်တော့ ဂိတ်တွေအကုန်လုံးကို စစ်ဆေးကြပ်မတ်ဖို့ လိုင်းအသီးသီးကို ညွှန်ကြားထားတာ ဖြစ်ပါတယ်၊ သမ္ဗာန်ထိုးသားတွေကအစ သတ်မှတ်တဲ့ ဝတ်စုံဝတ်ဆင်ဖို့တွေ၊ စည်းကမ်းတကျနဲ့ မောင်းနှင်ဖို့တွေကို ကျွန်တော်တို့အနေနဲ့ အောက်ခြေမှာ ကြပ်မတ်နေတာ ဖြစ်ပါတယ်၊ ရာသီဥတု မကောင်းလို့ ခဏစောင့်ဆိုင်းနေချိန်မှာ တစ်ချို့ခရီးသည်တွေကျတော့ တအားအရေးကြီးလို့ဆိုပြီး သွားချင်ကြတယ်၊ ဘယ်လောက်ပဲ အရေးကြီးကြီး အသက်အန္တရာယ်ထက်တော့ ဘယ်ဟာမှ ပိုအရေးကြီးတာမျိုး မရှိတာကြောင့် ကြပ်မတ်ရတာ ဖြစ်ပါတယ်၊ မလိုက်နာတဲ့ လှေထိုးသားတွေကို လိုင်းပိတ်တဲ့ ပြစ်ဒဏ်မျိုးအထိ အရေးယူနေတာ ဖြစ်ပါတယ်” လို့ တံလျှပ်ဆိပ် စက်တပ်သမ္ဗာန် ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးရဲမြင့် က ဆိုပါတယ်။

ရန်ကုန်မြစ်ထဲမှာ စက်တပ်သမ္ဗာန်တွေနဲ့ နေ့စဉ်စီးနင်းသွားလာနေတဲ့ ခရီးသည်တွေဟာ တစ်ရက်လျှင် ပျမ်းမျှ ဦးရေ ၃၀၀၀၀ မှ ၅၀၀၀၀ ကြားလောက် ရှိနေသလို ရုံးတက်၊ ရုံးဆင်းချိန်တွေမှာ ပိုမိုများပြားတတ်ပြီး ရာသီဥတု ဆိုးရွားချိန်တွေမှာ ဂိတ်မှူးတွေမှ စက်တပ်သမ္ဗာန်တွေ မထွက်ဖို့ ခရာမှုတ်ကာ ထိန်းသိမ်းကြပ်မတ်နေရတယ်လို့ ဆိုပါတယ်။

ထို့အပြင် ဂိတ်တွေမှာ အတက်အဆင်း ခရီးသည်တွေ စုပြုံတာမျိုးမဖြစ်စေဖို့အတွက် လိုအပ်သော ပြင်ဆင်မှုတွေကို ယခုနောက်ပိုင်း လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇွန် - ၁၀

( Zawgyi )

ယခုလို မိုးဦးက်ကာလမွာ ႐ုတ္တရက္ေလျပင္းထန္ၿပီး မိုးႀကီးပါက ခရီးသည္ေတြရဲ႕ ေဘးကင္းလုံၿခဳံေရးအတြက္ နီးစပ္ရာဆိပ္ကမ္းနဲ႔ ေဗာ္ယာေတြမွာ အျမန္ခိုလႈံဖို႔ ၫႊန္ၾကားထားတယ္လို႔ စက္တပ္သမၺာန္ လုပ္ကိုင္သူေတြဆီက သိရပါတယ္။

“ခရီးသည္ေတြ ေဘးအႏၲရာယ္ႀကဳံတာ လုံးဝမျဖစ္ေအာင္ ေရယာဥ္လိုင္းေတြ၊ ဂိတ္မႉးေတြကေန ႀကီးၾကပ္ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ၿမိဳ႕နယ္ကေန ၫႊန္ၾကားလာတဲ့အတိုင္း ေအာက္ေျခမွာ ၾကပ္မတ္ေဆာင္႐ြက္ေနပါတယ္” လို႔ ဆာပါေခ်ာင္ စက္တပ္သမၺာန္ ႀကီးၾကပ္မႈေကာ္မတီ ဥကၠ႒ ဦးခင္ေဇာ္ က ရွင္းျပပါတယ္။

ထိုကဲ့သို႔ေသာ မိုးသည္းထန္ၿပီး ေလျပင္းကာ ျမင္ကြင္းမေကာင္းတာမ်ိဳးနဲ႔ ႀကဳံတဲ့အခါ နီးစပ္ရာေဗာ္ယာေတြမွာ ဆိုက္ကပ္ထားတဲ့ ေရယာဥ္ေတြ၊ ဆိပ္ခံတံတားေတြ အပါအဝင္ နီးစပ္ရာခိုလႈံေစတာ ျဖစ္ပါတယ္။

“လုံၿခဳံေရးအရ သာမန္အားျဖင့္ကေတာ့ ဆိုက္ကပ္ခြင့္မျပဳတဲ့ ဆိပ္ကမ္းနယ္ေျမေတြမွာ အေရးေပၚေလျပင္းထန္တာေတြ ႀကဳံတဲ့အခါ ခိုလႈံႏိုင္ဖို႔ ၿမိဳ႕နယ္ေကာ္မတီကေနလည္း အေၾကာင္းၾကားထားတာေတြ ရွိပါတယ္” လို႔ ဆိပ္ႀကီးခေနာင္တို စက္တပ္သမၺာန္လိုင္းမွာ ႀကီးၾကပ္ေဆာင္႐ြက္ေနတဲ့ ဦးျမင့္သိန္း က ရွင္းျပပါတယ္။

ထိုစက္တပ္သမၺာန္ေတြမွာ ယခုအခ်ိန္အထိပင္ Life Jacket ေတြ ထားေပမယ့္ ဝတ္ဆင္စီးနင္းသူ မရွိေသးတာေၾကာင့္ မိုးႀကီးတဲ့ကာလေတြမွာ ခရီးသည္တိုင္း Life Jacket ေတြ ဝတ္ဖို႔ ႏႈိးေဆာ္ေနရတာေတြလည္း ရွိတယ္လို႔ သိရပါတယ္။

“ၿမိဳ႕နယ္မွာ အစည္းအေဝးလုပ္ေတာ့ ဂိတ္ေတြအကုန္လုံးကို စစ္ေဆးၾကပ္မတ္ဖို႔ လိုင္းအသီးသီးကို ၫႊန္ၾကားထားတာ ျဖစ္ပါတယ္၊ သမၺာန္ထိုးသားေတြကအစ သတ္မွတ္တဲ့ ဝတ္စုံဝတ္ဆင္ဖို႔ေတြ၊ စည္းကမ္းတက်နဲ႔ ေမာင္းႏွင္ဖို႔ေတြကို ကြၽန္ေတာ္တို႔အေနနဲ႔ ေအာက္ေျခမွာ ၾကပ္မတ္ေနတာ ျဖစ္ပါတယ္၊ ရာသီဥတု မေကာင္းလို႔ ခဏေစာင့္ဆိုင္းေနခ်ိန္မွာ တစ္ခ်ိဳ႕ခရီးသည္ေတြက်ေတာ့ တအားအေရးႀကီးလို႔ဆိုၿပီး သြားခ်င္ၾကတယ္၊ ဘယ္ေလာက္ပဲ အေရးႀကီးႀကီး အသက္အႏၲရာယ္ထက္ေတာ့ ဘယ္ဟာမွ ပိုအေရးႀကီးတာမ်ိဳး မရွိတာေၾကာင့္ ၾကပ္မတ္ရတာ ျဖစ္ပါတယ္၊ မလိုက္နာတဲ့ ေလွထိုးသားေတြကို လိုင္းပိတ္တဲ့ ျပစ္ဒဏ္မ်ိဳးအထိ အေရးယူေနတာ ျဖစ္ပါတယ္” လို႔ တံလွ်ပ္ဆိပ္ စက္တပ္သမၺာန္ ႀကီးၾကပ္မႈေကာ္မတီ အတြင္းေရးမႉး ဦးရဲျမင့္ က ဆိုပါတယ္။

ရန္ကုန္ျမစ္ထဲမွာ စက္တပ္သမၺာန္ေတြနဲ႔ ေန႔စဥ္စီးနင္းသြားလာေနတဲ့ ခရီးသည္ေတြဟာ တစ္ရက္လွ်င္ ပ်မ္းမွ် ဦးေရ ၃၀၀၀၀ မွ ၅၀၀၀၀ ၾကားေလာက္ ရွိေနသလို ႐ုံးတက္၊ ႐ုံးဆင္းခ်ိန္ေတြမွာ ပိုမိုမ်ားျပားတတ္ၿပီး ရာသီဥတု ဆိုး႐ြားခ်ိန္ေတြမွာ ဂိတ္မႉးေတြမွ စက္တပ္သမၺာန္ေတြ မထြက္ဖို႔ ခရာမႈတ္ကာ ထိန္းသိမ္းၾကပ္မတ္ေနရတယ္လို႔ ဆိုပါတယ္။

ထို႔အျပင္ ဂိတ္ေတြမွာ အတက္အဆင္း ခရီးသည္ေတြ စုၿပဳံတာမ်ိဳးမျဖစ္ေစဖို႔အတြက္ လိုအပ္ေသာ ျပင္ဆင္မႈေတြကို ယခုေနာက္ပိုင္း လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇြန္ - ၁၀