ရေခဲတောင်တက်ရင်း ခြေချော်ပြုတ်ကျ သေဆုံးခဲ့ရသည့် မစိမ့်ထက် အမှုနှင့် ပတ်သက်၍ ပူတာအိုတရားရုံးက ယနေ့စတင်စစ်ဆေး

ရေခဲတောင်တက်ရင်း ခြေချော်ပြုတ်ကျ သေဆုံးခဲ့ရသည့် မစိမ့်ထက် အမှုနှင့် ပတ်သက်၍ ပူတာအိုတရားရုံးက ယနေ့စတင်စစ်ဆေး

ဖန်ဂရန်ရာဇီ ေရခဲတောင်တက်ရင်း ခြေချော်ပြုတ်ကျ သေဆုံးခဲ့ရသည့် The Summiter အဖွဲ့ဝင် မစိမ့်ထက် အမှုနှင့် ပတ်သက်၍ ပူတာအိုတရားရုံးက ယနေ့ ဇူလိုင် ၁၅ ရက်၊ နံနက်ပိုင်းအချိန်တွင် တရားလိုဖြစ်သူ မစိမ့်ထက်၏ ဖခင် ဦးမောင်မောင်လေး နှင့်အတူ လမ်းပြ (၂) ဦးတို့အား ပထမဆုံးအကြိမ်အဖြစ် စတင်၍ ရုံးတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ The Summiter အဖွဲ့ခေါင်းဆောင်များ၏ ပေါ့လျော့မှု/တာဝန်မဲ့မှုများကြောင့် လူသေစေခဲ့ရမှုအပေါ် မစိမ့်ထက်၏ ဖခင် ဦးမောင်မောင်လေး က ပူတာအိုရဲစခန်း၊ မြို့နယ်၊ ခရိုင်နဲ့ ပြည်နယ်အဆင့်များ အသီးသီးဆီသို့ တိုင်ကြားစာများ ပေးပို့ခဲ့သလို ပူတာအိုမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၉) ဖြင့် The Summiter အဖွဲ့ တောင်တက်အဖွဲ့ခေါင်းဆောင် ဇော်ဇင်ခိုင် နှင့် ဒုတိယခေါင်းဆောင် အောင်ခိုင်မြင့် တို့ နှစ်ယောက်အား ရမာန်ကြီးဖြင့် ပူတာအိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ယာယီဖမ်းဆီးထိန်းသိမ်းထား၍ တချိန်တည်းမှာပဲ ကျန်ရှိသော အဖွဲ့ဝင်များနှင့်အတူ သက်သေအချို့တို့အား ပူတာအိုရဲစခန်းမှ အသီးသီး ခေါ်ယူစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အမှုကိုစတင်စစ်ဆေးနေပြီဆိုတာ ဟုတ်ပါတယ်။လက်ရှိမှာ အစပျိုးတုန်းပဲ ရှိပါသေးတယ်။ဒီနေ့ရုံးထုတ်မှာ တောင်တက်အဖွဲ့ ခေါင်းဆောင်နှစ်ယောက်လည်း ပါပါတယ်။ဒီနေ့က ကျနော့်ကို စစစ်တာပါ၊ အခုအချိန်က အစပဲရှိသေးလို့ ဘာမှသိပ်ပြောလို့ မရသေးပါဘူး။ပြောနိုင်တာက ရက်ပေါင်း ၃၀ လောက်တော့ အမှုကိုစစ်မယ်လို့တော့ ကြားပါတယ်။ပုဒ်မ ၃၀၄ (က) နဲ့ပါပဲ။အဓိက ကတော့ တောင်တက်ကြိုးတွေ မပါတာ၊ ရေခဲပုဆိန် မပါတာတို့ပေါ့နော်။အဓိက က သူတို့ပေါ့လျော့လို့ ဒီလိုမျိုး လူသေမှုဖြစ်တယ်ဆိုတဲ့ ပုဒ်မ - ၃၀၄ (က) နဲ့ ကျနော်တို့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။”လို့  မစိမ့်ထက်၏ ဖခင်ဖြစ်သူ ဦးမောင်မောင်လေး က Opinion Leaders Media သို့ ပြောပါတယ်။

အဆိုပါအမှုကို ထပ်မံစစ်ဆေးရန်အတွက် ပူတာအိုတရားရုံးက ယခု ဇူလိုင်လ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုထားတယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ပူတာအို၊ ဇူလိုင် - ၁၅

( Zawgyi )

ဖန္ဂရန္ရာဇီ ေရခဲေတာင္တက္ရင္း ေျခေခ်ာ္ျပဳတ္က် ေသဆုံးခဲ့ရသည့္ The Summiter အဖြဲ႕ဝင္ မစိမ့္ထက္ အမႈႏွင့္ ပတ္သက္၍ ပူတာအိုတရား႐ုံးက ယေန႔ ဇူလိုင္ ၁၅ ရက္၊ နံနက္ပိုင္းအခ်ိန္တြင္ တရားလိုျဖစ္သူ မစိမ့္ထက္၏ ဖခင္ ဦးေမာင္ေမာင္ေလး ႏွင့္အတူ လမ္းျပ (၂) ဦးတို႔အား ပထမဆုံးအႀကိမ္အျဖစ္ စတင္၍ ႐ုံးတင္စစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ The Summiter အဖြဲ႕ေခါင္းေဆာင္မ်ား၏ ေပါ့ေလ်ာ့မႈ/တာဝန္မဲ့မႈမ်ားေၾကာင့္ လူေသေစခဲ့ရမႈအေပၚ မစိမ့္ထက္၏ ဖခင္ ဦးေမာင္ေမာင္ေလး က ပူတာအိုရဲစခန္း၊ ၿမိဳ႕နယ္၊ ခ႐ိုင္နဲ႔ ျပည္နယ္အဆင့္မ်ား အသီးသီးဆီသို႔ တိုင္ၾကားစာမ်ား ေပးပို႔ခဲ့သလို ပူတာအိုၿမိဳ႕မရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္ (၃/၂၀၁၉) ျဖင့္ The Summiter အဖြဲ႕ ေတာင္တက္အဖြဲ႕ေခါင္းေဆာင္ ေဇာ္ဇင္ခိုင္ ႏွင့္ ဒုတိယေခါင္းေဆာင္ ေအာင္ခိုင္ျမင့္ တို႔ ႏွစ္ေယာက္အား ရမာန္ႀကီးျဖင့္ ပူတာအိုအက်ဥ္းေထာင္မွာ ၿပီးခဲ့တဲ့ ရက္အနည္းငယ္ကတည္းက ယာယီဖမ္းဆီးထိန္းသိမ္းထား၍ တခ်ိန္တည္းမွာပဲ က်န္ရွိေသာ အဖြဲ႕ဝင္မ်ားႏွင့္အတူ သက္ေသအခ်ိဳ႕တို႔အား ပူတာအိုရဲစခန္းမွ အသီးသီး ေခၚယူစစ္ေဆးမႈေတြကို ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

“အမႈကိုစတင္စစ္ေဆးေနၿပီဆိုတာ ဟုတ္ပါတယ္။လက္ရွိမွာ အစပ်ိဳးတုန္းပဲ ရွိပါေသးတယ္။ဒီေန႔႐ုံးထုတ္မွာ ေတာင္တက္အဖြဲ႕ ေခါင္းေဆာင္ႏွစ္ေယာက္လည္း ပါပါတယ္။ဒီေန႔က က်ေနာ့္ကို စစစ္တာပါ၊ အခုအခ်ိန္က အစပဲရွိေသးလို႔ ဘာမွသိပ္ေျပာလို႔ မရေသးပါဘူး။ေျပာႏိုင္တာက ရက္ေပါင္း ၃၀ ေလာက္ေတာ့ အမႈကိုစစ္မယ္လို႔ေတာ့ ၾကားပါတယ္။ပုဒ္မ ၃၀၄ (က) နဲ႔ပါပဲ။အဓိက ကေတာ့ ေတာင္တက္ႀကိဳးေတြ မပါတာ၊ ေရခဲပုဆိန္ မပါတာတို႔ေပါ့ေနာ္။အဓိက က သူတို႔ေပါ့ေလ်ာ့လို႔ ဒီလိုမ်ိဳး လူေသမႈျဖစ္တယ္ဆိုတဲ့ ပုဒ္မ - ၃၀၄ (က) နဲ႔ က်ေနာ္တို႔ တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။”လို႔  မစိမ့္ထက္၏ ဖခင္ျဖစ္သူ ဦးေမာင္ေမာင္ေလး က Opinion Leaders Media သို႔ ေျပာပါတယ္။

အဆိုပါအမႈကို ထပ္မံစစ္ေဆးရန္အတြက္ ပူတာအိုတရား႐ုံးက ယခု ဇူလိုင္လ ၁၇ ရက္ (ဗုဒၶဟူးေန႔) သို႔ ႐ုံးခ်ိန္း ျပန္လည္ခ်ိန္းဆိုထားတယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ပူတာအို၊ ဇူလိုင္ - ၁၅