ရေတွန်းစက်များ ဟန်ချက်ညီညီမောင်းနှင်နိုင်မှုမရှိနိုင်ခြင်းကြောင့် ရေအားနည်းခြင်း ရေပြတ်ခြင်းများကြုံတွေ့နေရ

ရေတွန်းစက်များ ဟန်ချက်ညီညီမောင်းနှင်နိုင်မှုမရှိနိုင်ခြင်းကြောင့် ရေအားနည်းခြင်း ရေပြတ်ခြင်းများကြုံတွေ့နေရ

ရေတွန်းစက်တွေရှိရာ မြို့နယ်အသီးသီးမှာ ယခုရက်ပိုင်းအတွင်း အချိန်ပိုင်းလျှပ်စစ်မီးပြတ်တောက်တာတွေကို မကြာခဏကြုံနေရတာကြောင့် ရေတွန်းစက်တွေဟာ ဟန်ချက်ညီညီမမောင်းနိုင်တော့ဘဲ ရေအားနည်းတာတွေ၊ ရေပြတ်တာတွေကို ကြုံတွေ့နေရတာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ရေရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့ရဲ့ ကြေညာချက်အရ သိရပါတယ်။

ရန်ကုန်မြို့နေထိုင်သူတွေကို နွေကာလသောက်သုံးရေပြတ်လပ်မှုမဖြစ်ပေါ်စေရန် သောက်သုံးရေအဓိက ဖြန့်ဖြူးနေတဲ့ လှော်ကား၊ ဂျိုးဖြူ၊ ဖူးကြီး၊ ငမိုးရိပ် စတဲ့ ရေလှောင်ကန်တွေမှာ ကြိုတင်စီမံကာ ရေလုံလောက်စွာ သိုလှောင်ထားပေမယ့် ရေလှောင်ကန်ကြီးတွေကနေ တွန်းပို့နေတဲ့ ရေတွန်းစက်ရှိရာ မြို့နယ်တွေမှာ ယင်းကဲ့သို့ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် ရေအားနည်းတာ၊ ရေပြတ်တာတွေ ကြုံရတာဖြစ်တယ်လို့ သိရပါတယ်။ ထိုသို့သော ရေလိုအပ်ချက်တွေအတွက် ရေကားတွေစီစဉ်ထားသလို ယခုလိုကြုံရတဲ့ အဆင်မပြေမှု တွေအတွက် သည်းခံနားလည်ပေးဖို့လည်း အသိပေးတောင်းပန်ချက်အနေနဲ့ ထုတ်ပြန်ကြေညာ ထားတာဖြစ်ပါတယ်။

ဇွဲမာန်
ရန်ကုန်၊ မေ ၁၀

(   Zawgyi   )

 ေရတြန္းစက္ေတြရွိရာ ၿမိဳ႕နယ္အသီးသီးမွာ ယခုရက္ပိုင္းအတြင္း အခ်ိန္ပိုင္းလွ်ပ္စစ္မီးျပတ္ေတာက္တာေတြကို မၾကာခဏႀကဳံေနရတာေၾကာင့္ ေရတြန္းစက္ေတြဟာ ဟန္ခ်က္ညီညီမေမာင္းႏိုင္ေတာ့ဘဲ ေရအားနည္းတာေတြ၊ ေရျပတ္တာေတြကို ႀကဳံေတြ႕ေနရတာျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၊ ေရရွိေရးႏွင့္ ေရေပးေဝေရးလုပ္ငန္းတာဝန္ခံအဖြဲ႕ရဲ႕ ေၾကညာခ်က္အရ သိရပါတယ္။

ရန္ကုန္ၿမိဳ႕ေနထိုင္သူေတြကို ေႏြကာလေသာက္သုံးေရျပတ္လပ္မႈမျဖစ္ေပၚေစရန္ ေသာက္သုံးေရအဓိက ျဖန႔္ျဖဴးေနတဲ့ ေလွာ္ကား၊ ဂ်ိဳးျဖဴ၊ ဖူးႀကီး၊ ငမိုးရိပ္ စတဲ့ ေရေလွာင္ကန္ေတြမွာ ႀကိဳတင္စီမံကာ ေရလုံေလာက္စြာ သိုေလွာင္ထားေပမယ့္ ေရေလွာင္ကန္ႀကီးေတြကေန တြန္းပို႔ေနတဲ့ ေရတြန္းစက္ရွိရာ ၿမိဳ႕နယ္ေတြမွာ ယင္းကဲ့သို႔ လွ်ပ္စစ္မီးျပတ္ေတာက္မႈေတြေၾကာင့္ ေရအားနည္းတာ၊ ေရျပတ္တာေတြ ႀကဳံရတာျဖစ္တယ္လို႔ သိရပါတယ္။ ထိုသို႔ေသာ ေရလိုအပ္ခ်က္ေတြအတြက္ ေရကားေတြစီစဥ္ထားသလို ယခုလိုႀကဳံရတဲ့ အဆင္မေျပမႈ ေတြအတြက္ သည္းခံနားလည္ေပးဖို႔လည္း အသိေပးေတာင္းပန္ခ်က္အေနနဲ႔ ထုတ္ျပန္ေၾကညာ ထားတာျဖစ္ပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ေမ ၁၀