ရေအားလျှပ်စစ်စက်ရုံ ၅ခုကို အကြီးစား ပြင်ဆင်ခြင်း အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(AFD)ထံမှ ယူရို ၃၅ဒသမ၇ သန်း ချေးငွေရယူခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်သို့တင်ပြ

ရေအားလျှပ်စစ်စက်ရုံ၅ခုကို အကြီးစား ပြင်ဆင်ခြင်း အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(AFD)ထံမှ ယူရို ၃၅ဒသမ၇ သန်း ချေးငွေရယူခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်သို့တင်ပြ

လျှပ်စစ်ထုတ်လုပ်နိုင်မှုပမာဏ ကီလိုဝပ်နာရီ ၈၁ သန်း တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (AFD) ထံမှ ရေအားလျှပ် စစ်စက်ရုံ ၅ ခုကို အကြီးစားပြင် ဆင်ခြင်းအတွက်ယူရို ၃၅ဒသမ ၇ သန်း ချေးငွေရယူခွင့်ပြုရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ယနေ့ပြုလုပ်သည့်ပြည်ထောင်စုလွှတ်တော်ဒုတိယ မြောက်နေ့အစီအစဉ်တွင်တင်ပြခဲ့ပါတယ်။

" ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံများဖြစ်သည့် ရဲနွယ်၊ မုန်းချောင်း၊ ကင်းတား၊ ဇောင်းတူ၊ သဖန်း ဆိပ်စက်ရုံများကို အလုံးစုံပြုပြင်မွမ်းမံခြင်း လုပ်ငန်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးသွား မယ်ဆိုခဲ့ရင် လက်ရှိ ထိုစက်ရုံများက နှစ်စဉ် လျှပ်စစ် ထုတ်လုပ်နိုင်မှု ပမာဏထက် ၈၁ ကီလိုဝပ်နာရီသန်းပေါင်း တိုး တက်ထုတ်လုပ်လာနိုင်မှာဖြစ်ပြီး ဝင်ငွေများလည်း တိုးတက်လာမှာဖြစ် ပါတယ်။

ရေအားစက်ရုံ များ၏ သဘောသဘာဝအရ သက်တမ်း ၁၀ နှစ်လျှင် တစ်ကြိမ် အကြီးစားပြင်ဆင်ရန် လို အပ်ပြီး ဓါတ်အားပေးစက်ရုံများကို မောင်းနှင်သည့်အခါတွင်လည်း Automatic Electronic Control System များနှင့် ၎င်းတို့၏ ဆော့ဖ်ဝဲတို့ကို ၅ နှစ် တစ်ကြိမ်ခန့် Upgrade ပြန်လုပ်ရန် လိုအပ်ကြောင်း ၊ ထိုစက်ရုံ ၅ ရုံတွင်တပ်ဆင်ထားသည့်စက်များမှာ သက်တမ်း ၁၀ နှစ်ကျော်မှ နှစ် ၃၀ ကျော်ထိ မောင်း နှင်ထားသည့် စက်များဖြစ်ပြီး အကြီးစားပြင်ဆင်ခြင်းများ မဆောင်ရွက်နိုင်ခဲ့သဖြင့် စက်များ စိတ်ချလက်ချ မောင်းနှင်လာနိုင်မှု ကျဆင်း လာကြောင်း၊အဆို ပါစက်များရှိ တာဘိုင်၊ ဂျန်နရေတာနှင့် ကွန်ထရိုးစနစ်များမှာ မကြာခဏ ချို့ယွင်းမှုများပေါ် ပေါက် ပါကစက်ကို အရေးပေါ်ရပ်တန့်ပြီး မြန်မာအင်ဂျင်နီယာများက မိမိအစီအစဉ်နှင့် မိမိ ပြုပြင်၍ ပြန်လည်မောင်းနှင် ခဲ့ကြကြောင်း၊ အဆိုပါ စက်ရုံ ၅ ရုံမှ ဓါတ်အားပေးစက်များချို့ယွင်း၍ အရေးပေါ်ရပ်တန့်ရသည့် ဖြစ်စဉ်များ ကြောင့် ဓါတ်အားထုတ်လုပ်နိုင်မှုမှာ တစ်နှစ်လျှင် ကီလိုဝပ်နာရီ ၂၄၆ သန်းခန့်လျော့နည်းဆုံးရှုံးခဲ့ရကြောင်း ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကရှင်းလင်းပြောကြားခဲ့ပါတယ်။

AFD ချေးငွေဆိုင်ရာအချက်အလက်များအရချေးငွေပမာဏဟာ စုစုပေါင်း ယူရို ၃၅ဒသမ၇ သန်း၊ ချေး ငွေသက်တမ်း နှစ် ၂၀၊ ဆိုင်းငံ့ကာလ ၇ နှစ်၊ ပြန်ဆပ်ကာလ ၁၃ နှစ်ဖြစ်ပြီးတော့ အတိုးနှုန်းက ဝဒသမ ၆၈ ရာခိုင်နှုန်း ဖြစ်ပြီအကျိုးအမြတ်နဲ့ ကုန်ကျစရိတ်အချိုးကို တွက်ချက်ထားတဲ့ အခါမှာ ၁ဒသမ ၁၂ ရရှိပြီး အရင်းကြေကာလ ၈ နှစ်နှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးအမြတ်ပြန်ပေါ်နှုန်း (IRR) က ၁၂ ရာခိုင်နှုန်းဖြစ်တာကို တွက်ချက်ရရှိပါကြောင်း၊လုပ်ငန်းများကို ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါ ကြောင်း၊ချေးငွေ ရရှိပါက ရဲနွယ်စက်ရုံကို ပြုပြင်ရန်အတွက် ယူရို ၅ဒသမ ၄ သန်းခန့်၊ မုန်းချောင်းရေအားစက်ရုံကို ပြုပြင်ရန် ယူရို ၃ဒသမ၃ သန်းခန့်၊ ဇောင်းတူရေအားလျှပ်စစ်စက်ရုံကို ပြုပြင်ရန် ယူရို ၁၆ဒသမ၄ သန်းခန့်၊ ကင်းတား ရေအားစက်ရုံကို ပြုပြင် ရန် ယူရို ၂ဒသမ၄ သန်းခန့်၊ သဖန်းဆိပ်ရေအားစက်ရုံကို ပြုပြင်ရန် ယူရို ၆ဒသမ၅ သန်းခန့်၊ စီမံကိန်းအတိုင်ပင်ခံငှားရမ်း ခြင်းအတွက် ယူရို ၁ဒသမ၇ သန်းခန့် လျာထားအသုံးပြုသွားမည်ဖြစ်ကြောင်း အဆိုပါ ချေးငွေ ရယူရေးကိစ္စနှင့် စပ်လျှဉ်း၍ ဆွေးနွေးလိုသောလွှတ်တော်ကိုယ်စားလှယ်ရှိပါက မေလ ၃ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှုးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက လွှတ်တော်သို့ကြေငြာခဲ့ပါတယ်။

PTG
 နေပြည်တော်၊ ဧပြီ ၃၀

(  Zawgyi  )

 လွ်ပ္စစ္ထုတ္လုပ္ႏိုင္မႈပမာဏ ကီလိုဝပ္နာရီ ၈၁ သန္း တိုးတက္ထုတ္လုပ္ႏိုင္ေရးအတြက္ ျပင္သစ္ဖြံ႕ၿဖိဳးတိုးတက္ေရးေအဂ်င္စီ (AFD) ထံမွ ေရအားလွ်ပ္ စစ္စက္႐ုံ ၅ ခုကို အႀကီးစားျပင္ ဆင္ျခင္းအတြက္ယူ႐ို ၃၅ဒသမ ၇ သန္း ေခ်းေငြရယူခြင့္ျပဳရန္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ေဒါက္တာထြန္းႏိုင္က ယေန႔ျပဳလုပ္သည့္ျပည္ေထာင္စုလႊတ္ေတာ္ဒုတိယ ေျမာက္ေန႔အစီအစဥ္တြင္တင္ျပခဲ့ပါတယ္။

" ေရအားလွ်ပ္စစ္ဓါတ္အားေပးစက္႐ုံမ်ားျဖစ္သည့္ ရဲႏြယ္၊ မုန္းေခ်ာင္း၊ ကင္းတား၊ ေဇာင္းတူ၊ သဖန္း ဆိပ္စက္႐ုံမ်ားကို အလုံးစုံျပဳျပင္မြမ္းမံျခင္း လုပ္ငန္းႏွင့္ အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ၿပီးစီးသြား မယ္ဆိုခဲ့ရင္ လက္ရွိ ထိုစက္႐ုံမ်ားက ႏွစ္စဥ္ လွ်ပ္စစ္ ထုတ္လုပ္ႏိုင္မႈ ပမာဏထက္ ၈၁ ကီလိုဝပ္နာရီသန္းေပါင္း တိုး တက္ထုတ္လုပ္လာႏိုင္မွာျဖစ္ၿပီး ဝင္ေငြမ်ားလည္း တိုးတက္လာမွာျဖစ္ ပါတယ္။

ေရအားစက္႐ုံ မ်ား၏ သေဘာသဘာဝအရ သက္တမ္း ၁၀ ႏွစ္လွ်င္ တစ္ႀကိမ္ အႀကီးစားျပင္ဆင္ရန္ လို အပ္ၿပီး ဓါတ္အားေပးစက္႐ုံမ်ားကို ေမာင္းႏွင္သည့္အခါတြင္လည္း Automatic Electronic Control System မ်ားႏွင့္ ၎တို႔၏ ေဆာ့ဖ္ဝဲတို႔ကို ၅ ႏွစ္ တစ္ႀကိမ္ခန႔္ Upgrade ျပန္လုပ္ရန္ လိုအပ္ေၾကာင္း ၊ ထိုစက္႐ုံ ၅ ႐ုံတြင္တပ္ဆင္ထားသည့္စက္မ်ားမွာ သက္တမ္း ၁၀ ႏွစ္ေက်ာ္မွ ႏွစ္ ၃၀ ေက်ာ္ထိ ေမာင္း ႏွင္ထားသည့္ စက္မ်ားျဖစ္ၿပီး အႀကီးစားျပင္ဆင္ျခင္းမ်ား မေဆာင္႐ြက္ႏိုင္ခဲ့သျဖင့္ စက္မ်ား စိတ္ခ်လက္ခ် ေမာင္းႏွင္လာႏိုင္မႈ က်ဆင္း လာေၾကာင္း၊အဆို ပါစက္မ်ားရွိ တာဘိုင္၊ ဂ်န္နေရတာႏွင့္ ကြန္ထ႐ိုးစနစ္မ်ားမွာ မၾကာခဏ ခ်ိဳ႕ယြင္းမႈမ်ားေပၚ ေပါက္ ပါကစက္ကို အေရးေပၚရပ္တန႔္ၿပီး ျမန္မာအင္ဂ်င္နီယာမ်ားက မိမိအစီအစဥ္ႏွင့္ မိမိ ျပဳျပင္၍ ျပန္လည္ေမာင္းႏွင္ ခဲ့ၾကေၾကာင္း၊ အဆိုပါ စက္႐ုံ ၅ ႐ုံမွ ဓါတ္အားေပးစက္မ်ားခ်ိဳ႕ယြင္း၍ အေရးေပၚရပ္တန႔္ရသည့္ ျဖစ္စဥ္မ်ား ေၾကာင့္ ဓါတ္အားထုတ္လုပ္ႏိုင္မႈမွာ တစ္ႏွစ္လွ်င္ ကီလိုဝပ္နာရီ ၂၄၆ သန္းခန႔္ေလ်ာ့နည္းဆုံးရႈံးခဲ့ရေၾကာင္း ဒုတိယဝန္ႀကီး ေဒါက္တာထြန္းႏိုင္ကရွင္းလင္းေျပာၾကားခဲ့ပါတယ္။

AFD ေခ်းေငြဆိုင္ရာအခ်က္အလက္မ်ားအရေခ်းေငြပမာဏဟာ စုစုေပါင္း ယူ႐ို ၃၅ဒသမ၇ သန္း၊ ေခ်း ေငြသက္တမ္း ႏွစ္ ၂၀၊ ဆိုင္းငံ့ကာလ ၇ ႏွစ္၊ ျပန္ဆပ္ကာလ ၁၃ ႏွစ္ျဖစ္ၿပီးေတာ့ အတိုးႏႈန္းက ဝဒသမ ၆၈ ရာခိုင္ႏႈန္း ျဖစ္ၿပီအက်ိဳးအျမတ္နဲ႔ ကုန္က်စရိတ္အခ်ိဳးကို တြက္ခ်က္ထားတဲ့ အခါမွာ ၁ဒသမ ၁၂ ရရွိၿပီး အရင္းေၾကကာလ ၈ ႏွစ္ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈအေပၚ အက်ိဳးအျမတ္ျပန္ေပၚႏႈန္း (IRR) က ၁၂ ရာခိုင္ႏႈန္းျဖစ္တာကို တြက္ခ်က္ရရွိပါေၾကာင္း၊လုပ္ငန္းမ်ားကို ၂၀၁၉ ခုႏွစ္မွ ၂၀၂၄ ခုႏွစ္အတြင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမွာျဖစ္ပါ ေၾကာင္း၊ေခ်းေငြ ရရွိပါက ရဲႏြယ္စက္႐ုံကို ျပဳျပင္ရန္အတြက္ ယူ႐ို ၅ဒသမ ၄ သန္းခန႔္၊ မုန္းေခ်ာင္းေရအားစက္႐ုံကို ျပဳျပင္ရန္ ယူ႐ို ၃ဒသမ၃ သန္းခန႔္၊ ေဇာင္းတူေရအားလွ်ပ္စစ္စက္႐ုံကို ျပဳျပင္ရန္ ယူ႐ို ၁၆ဒသမ၄ သန္းခန႔္၊ ကင္းတား ေရအားစက္႐ုံကို ျပဳျပင္ ရန္ ယူ႐ို ၂ဒသမ၄ သန္းခန႔္၊ သဖန္းဆိပ္ေရအားစက္႐ုံကို ျပဳျပင္ရန္ ယူ႐ို ၆ဒသမ၅ သန္းခန႔္၊ စီမံကိန္းအတိုင္ပင္ခံငွားရမ္း ျခင္းအတြက္ ယူ႐ို ၁ဒသမ၇ သန္းခန႔္ လ်ာထားအသုံးျပဳသြားမည္ျဖစ္ေၾကာင္း အဆိုပါ ေခ်းေငြ ရယူေရးကိစၥႏွင့္ စပ္လွ်ဥ္း၍ ေဆြးေႏြးလိုေသာလႊတ္ေတာ္ကိုယ္စားလွယ္ရွိပါက ေမလ ၃ ရက္ေန႔ ေနာက္ဆုံးထားၿပီး ျပည္ေထာင္စုလႊတ္ေတာ္႐ုံး ၫႊန္ၾကားေရးမႈးခ်ဳပ္ထံ အမည္စာရင္းေပးသြင္းႏိုင္ ေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ နာယက လႊတ္ေတာ္သို႔ေၾကျငာခဲ့ပါတယ္။

PTG
 ေနျပည္ေတာ္၊ ဧၿပီ ၃၀