ရောင်းချင်သူသာရှိပြီး ဝယ်လက်ပျောက်ဆုံးနေတဲ့ ဒလ အိမ်ခြံမြေဈေးကွက်

ရောင်းချင်သူသာရှိပြီး ဝယ်လက်ပျောက်ဆုံးနေတဲ့ ဒလ အိမ်ခြံမြေဈေးကွက်

ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း မစတင်ခင်က ဈေးနှုန်းတွေမြင့်တက်ကာ အရောင်းအဝယ်တွေ ကောင်းခဲ့တဲ့ ဒလ အိမ်ခြံမြေဈေးကွက်ထဲမှာ စီမံကိန်းစတင်တဲ့ ယခုကာလမှာတော့ ပြန်ရောင်းချင်တဲ့သူတွေသာ များပြားပြီး ဝယ်သူမရှိသလောက်ဖြစ်တဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ ဒလမြို့နယ် အခြေစိုက် အိမ်ခြံမြေလုပ်ငန်းတွေဆီက သိရပါတယ်။

ထိုတံတားစီမံကိန်းမစတင်ခင်က စီမံကိန်းအနီးရပ်ကွက်များတွင် ယခင်က သိန်း ၄၀၀၊ ၅၀၀ တန် မြေကွက်တွေကို သိန်း ၁၅၀၀ လောက်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စီမံကိန်းစတင်တဲ့ ယခုကာလမှာ သိန်း ၄၀၀၀ နီးပါးအထိ ဈေးခေါ်တာတွေရှိပေမယ့် ဝယ်သူမရှိတဲ့ အခြေအနေမျိုးဖြစ် လာပါတယ်။

 “၂၀၁၇ လောက် ထဲမှ တော်တော်လေး ဈေးတွေအပြောင်းအလဲဖြစ်သွားခဲ့ပြီး တစ်ချို့လည်း ထီပေါက်သလို အကျိုးအမြတ်တွေ ရသွားခဲ့ပါ တယ်၊ အခုဈေးတွေသာခေါ်နေတာ ဝယ်တဲ့သူမရှိဘူးလေ၊ ဘယ်ရှိမလဲဗျာ တကယ့်တကယ်တမ်း ဟိုးအရင်တုန်းကဆိုရင် သိန်း ၃၀၀၊ ၄၀၀ လောက်နဲ့ ရောင်းရင်တောင် ဝယ်မယ့်သူမရှိခဲ့တဲ့ဟာ ဈေးကစားပြီး သိန်း ထောင်ဂဏန်းလောက်ဖြစ်သွားပြီး အခုလိုအချိန်မှာက စီးပွားရေး ကြပ်တည်းတာတွေနဲ့ကျတော့ အကျိုးအမြတ်က ဒီလောက်မရှိနိုင်တဲ့အတွက် မမြှုုပ်နှံ ကြတော့ဘူးထင်တယ်”လို့ မိသားစု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုသန်းစိုးက ရှင်းပြပါတယ်။

စီမံကိန်း ဧရိယာအနီး ၂၅ ပေ × ပေ ၅၀ ရှိတဲ့ မြေကွက်တစ်ကွက်ကို သိန်း ၁၀၀၀ ကျော်၊ ဒလ-တွံတေး မော်တော်ကားလမ်းမကြီးဘေး ၂၅ ပေ × ပေ ၅၀ ရှိတဲ့ မြေကွက်မှာ ကျပ် သိန်း ၇၅၀ မှ ၉၀၀ ကြား၊ အတွင်းပိုင်းရပ်ကွက်တွေထဲမှာ ကျပ်သိန်း ၃၀၀ မှ ၅၀၀ ကြား၊ လယ်ယာမြေ များတွင် ကျပ်သိန်း ၃၀ မှ ၇၀ ကြား ဈေးခေါ်ကာ ရောင်းချနေတာဖြစ်ပါတယ်။

 တံတားတည်ဆောက်တဲ့အခါ ပိုမိုပြီးမြေဈေးကောင်း လာဖို့ မျှော်မှန်းထားပေမယ့် လတ်တလောအိမ်ခြံမြေဈေးကွက်ထဲမှာ ဝယ်သူတွေ မရှိသလောက် ဖြစ်နေတဲ့ အခြေအနေဟာ မြေကွက်တွေကို ဝယ်ယူမြှုပ်နှံဖို့ စိတ်ဝင်စားမှုနည်းလာတာတွေ၊ ငွေကြေးဖောင်းပွကာ ငွေကြပ် တည်းတာတွေ၊ တခြားလုပ်ငန်းတွေမှာ ငွေမြုပ်နေတာတွေ၊ မကြာခင်သတ်မှတ်မယ့် အခွန်နှုန်းထားတွေအတွက် လေ့လာစောင့်ကြည့်နေတဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူတစ်ချို့က သုံးသပ်ထားကြပါတယ်။

ဇွဲမာန်  
ရန်ကုန်၊ သြဂုတ် ၂၉

(  Zawgyi  )

 ရန္ကုန္-ဒလ ျမစ္ကူးတံတားစီမံကိန္း မစတင္ခင္က ေဈးႏႈန္းေတြျမင့္တက္ကာ အေရာင္းအဝယ္ေတြ ေကာင္းခဲ့တဲ့ ဒလ အိမ္ၿခံေျမေဈးကြက္ထဲမွာ စီမံကိန္းစတင္တဲ့ ယခုကာလမွာေတာ့ ျပန္ေရာင္းခ်င္တဲ့သူေတြသာ မ်ားျပားၿပီး ဝယ္သူမရွိသေလာက္ျဖစ္တဲ့ အေျခအေနမ်ိဳးျဖစ္ေနတယ္လို႔ ဒလၿမိဳ႕နယ္ အေျခစိုက္ အိမ္ၿခံေျမလုပ္ငန္းေတြဆီက သိရပါတယ္။

ထိုတံတားစီမံကိန္းမစတင္ခင္က စီမံကိန္းအနီးရပ္ကြက္မ်ားတြင္ ယခင္က သိန္း ၄၀၀၊ ၅၀၀ တန္ ေျမကြက္ေတြကို သိန္း ၁၅၀၀ ေလာက္ျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ၿပီး စီမံကိန္းစတင္တဲ့ ယခုကာလမွာ သိန္း ၄၀၀၀ နီးပါးအထိ ေဈးေခၚတာေတြရွိေပမယ့္ ဝယ္သူမရွိတဲ့ အေျခအေနမ်ိဳးျဖစ္ လာပါတယ္။

 “၂၀၁၇ ေလာက္ ထဲမွ ေတာ္ေတာ္ေလး ေဈးေတြအေျပာင္းအလဲျဖစ္သြားခဲ့ၿပီး တစ္ခ်ိဳ႕လည္း ထီေပါက္သလို အက်ိဳးအျမတ္ေတြ ရသြားခဲ့ပါ တယ္၊ အခုေဈးေတြသာေခၚေနတာ ဝယ္တဲ့သူမရွိဘူးေလ၊ ဘယ္ရွိမလဲဗ်ာ တကယ့္တကယ္တမ္း ဟိုးအရင္တုန္းကဆိုရင္ သိန္း ၃၀၀၊ ၄၀၀ ေလာက္နဲ႔ ေရာင္းရင္ေတာင္ ဝယ္မယ့္သူမရွိခဲ့တဲ့ဟာ ေဈးကစားၿပီး သိန္း ေထာင္ဂဏန္းေလာက္ျဖစ္သြားၿပီး အခုလိုအခ်ိန္မွာက စီးပြားေရး ၾကပ္တည္းတာေတြနဲ႔က်ေတာ့ အက်ိဳးအျမတ္က ဒီေလာက္မရွိႏိုင္တဲ့အတြက္ မျမႇဳုပ္ႏွံ ၾကေတာ့ဘူးထင္တယ္”လို႔ မိသားစု အိမ္ၿခံေျမ အက်ိဳးေဆာင္ လုပ္ငန္း လုပ္ကိုင္ေနတဲ့ ကိုသန္းစိုးက ရွင္းျပပါတယ္။

စီမံကိန္း ဧရိယာအနီး ၂၅ ေပ × ေပ ၅၀ ရွိတဲ့ ေျမကြက္တစ္ကြက္ကို သိန္း ၁၀၀၀ ေက်ာ္၊ ဒလ-တြံေတး ေမာ္ေတာ္ကားလမ္းမႀကီးေဘး ၂၅ ေပ × ေပ ၅၀ ရွိတဲ့ ေျမကြက္မွာ က်ပ္ သိန္း ၇၅၀ မွ ၉၀၀ ၾကား၊ အတြင္းပိုင္းရပ္ကြက္ေတြထဲမွာ က်ပ္သိန္း ၃၀၀ မွ ၅၀၀ ၾကား၊ လယ္ယာေျမ မ်ားတြင္ က်ပ္သိန္း ၃၀ မွ ၇၀ ၾကား ေဈးေခၚကာ ေရာင္းခ်ေနတာျဖစ္ပါတယ္။

 တံတားတည္ေဆာက္တဲ့အခါ ပိုမိုၿပီးေျမေဈးေကာင္း လာဖို႔ ေမွ်ာ္မွန္းထားေပမယ့္ လတ္တေလာအိမ္ၿခံေျမေဈးကြက္ထဲမွာ ဝယ္သူေတြ မရွိသေလာက္ ျဖစ္ေနတဲ့ အေျခအေနဟာ ေျမကြက္ေတြကို ဝယ္ယူျမႇဳပ္ႏွံဖို႔ စိတ္ဝင္စားမႈနည္းလာတာေတြ၊ ေငြေၾကးေဖာင္းပြကာ ေငြၾကပ္ တည္းတာေတြ၊ တျခားလုပ္ငန္းေတြမွာ ေငြျမဳပ္ေနတာေတြ၊ မၾကာခင္သတ္မွတ္မယ့္ အခြန္ႏႈန္းထားေတြအတြက္ ေလ့လာေစာင့္ၾကည့္ေနတဲ့ အေျခအေနေတြေၾကာင့္လည္း ျဖစ္ႏိုင္တယ္လို႔ အိမ္ၿခံေျမေဈးကြက္ ကြၽမ္းက်င္သူတစ္ခ်ိဳ႕က သုံးသပ္ထားၾကပါတယ္။

ဇြဲမာန္  
ရန္ကုန္၊ ၾသဂုတ္ ၂၉