ရွှေဘိုငလျင်ကြောင့် ဝေဘူဆရာတော်ဘုရားကြီး ကျောင်းတိုက်အတွင်းက စိန်ဖူးတော်များ ပြုတ်ကျပျောက်ဆုံးလျက်ရှိ

ရွှေဘိုငလျင်ကြောင့် ဝေဘူဆရာတော်ဘုရားကြီး ကျောင်းတိုက်အတွင်းက စိန်ဖူးတော်များ ပြုတ်ကျပျောက်ဆုံးလျက်ရှိ

ရွှေဘိုမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဒဏ်ကြောင့် ဝေဘူဆရာတော်ဘုရားကြီး ခန္ဓာဝန်ချတော်မူခဲ့တဲ့ ကျောင်းတိုက်ဝင်းအတွင်းက သာသနိကအဆောက်အဦး ၃ ခုရဲ့ စိန်ဖူးတော်တွေ မြေခပျောက်ဆုံးခဲ့ရတယ်လို့ အဲဒီကျောင်းတိုက်ရဲ့ အကျိုးတော်ဆောင် ဆရာတော်ဦးသဇ္ဇန (ဓမ္မာစရိယ) က Opinion Leaders Media ကို မိန့်ပါတယ်။

"အခုထိတော့ ရှာမတွေ့သေးဘူးပေါ့၊ ဦးဇင်းတို့လည်း တစ်ခြားအပျက်အစီးတွေ ရှင်းရင်းလင်းရင်းဆိုတော့ နောက်ပြီးတော့ ကိုယ့်ကျောင်းတိုက်ဝင်းထဲပဲဆိုတော့ တစ်ဖြည်းဖြည်းနဲ့ ပြန်ရှာရမှာပါ၊ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး တည်ထားခဲ့တဲ့ စေတီက စိန်ဖူးတော်ရယ်၊ ပိဋကတ်တိုက် စိန်ဖူးတော်ရယ်၊ ဓမ္မာရုံက စိန်ဖူးတော်ရယ် ငလျင်လှုပ်တုန်းက ပြုတ်ကျတယ် ခုထိတော့ မမြင်ရသေးဘူး" လို့ ဆရာတော်က မိန့်ပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ရဲ့ အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားရစ်ချ်တာစကေး ၆ ဒသမ ၀ အဆင့်ရှိတဲ့ မြေငလျင်ဟာ ရွှေဘို၊ ခင်ဦး၊ ရေဦးမြို့အတွင်းက ကျေးရွာတွေကို ရိုက်ခတ်ခဲ့ပြီး ငလျင်ဒဏ်ကြောင့် ဘုန်းတော်ကြီးကျောင်းတွေက ဘုရားပုထိုးစေတီ သာသနိကအဆောက်အဦးတွေ ပြိုကျပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ဒီမြေငလျင်ဒဏ်ကြောင့် ခင်ဦးမြို့နယ် ကျေးရွာတွေက သာသနိကအဆောက်အဦး တော်တော်များများ ထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့ပြီး ခင်ဦးမြို့နယ် စောကြီးကျေးရွာအုပ်စု၊ အင်ကြင်းပင်ဝေဘူ ကမ္မဋ္ဌာန်းရိပ်သာကျောင်းတိုက် (ဝေဘူဆရာတော်ဘုရားကြီး ခန္ဓာဝန်ချတော်မူခဲ့တဲ့ ကျောင်း) အတွင်းက ဝေဘူဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်တော်မူခဲ့တဲ့ တိလောကသဗ္ဗုညစေတီတော်ရဲ့ စိန်ဖူးတော်၊ ဓမ္မာရုံထီးတော်က စိန်ဖူးတော်နဲ့ ပိဋကတိုက်ထီးတော်က စိန်ဖူးတော်တို့ အသ်ီးသီးပြုတ်ကျ ပျောက်ဆုံးနေတာပါ။

 

"စေတီတော်ကြီးရဲ့ စိန်ဖူးတော်ပြုတ်ကျတယ် နောက်ပြီးတော့ စေတီတော်ကြီးက အက်ကွဲနေတယ် အက်ကွဲကြောင်းတွေ ဖြစ်လာတယ် ဒါကိုပြန်ပြင်ဖို့ ဦးဇင်းတို့ ကြိုးစားနေပါတယ်" လို့လည်း ဆရာတော်က မိန့်ပါတယ်။

အဲဒီမြေငလျင်လှုပ်ခတ်မှုကြောင့် ရွှေဘိုမြို့နယ်မှာ ရွှေဘိုနည်းပညာကောလိပ် အစည်းအဝေးခန်းမနဲ့ ဘေးဖက် ရှေ့မျက်နှာစာတွေမှာ မျက်နှာကျက်ပြိုကျပျက်စီးခြင်း၊ ရွှေဘိုမြို့နယ်အတွင်းက မြင်းစီးကျေးရွာနဲ့ ကျားရွာတို့က သာသနိကအဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ခင်ဦးမြို့နယ်အတွင်းမှာဆိုရင် အင်ကြင်ပင်ကျေးရွာ၊ မြို့သစ်ကျေးရွာ၊ သာဝတ္တိကျေးရွာ၊ ဗအိုးကျေးရွာ၊ လောင်းရှည်ကျေးရွာ၊ ကံသာယာကျေးရွာ အစရှိတဲ့ ကျေးရွာတွေမှာ သာသနိကအဆောက်အဦးနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ရေဦးမြို့နယ်အတွင်းမှာဆိုရင်လည်း ရေဦးမြို့ပေါ် အပါအဝင် မဲအိုးကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ စည်သာမြေကျေးရွာတို့မှာ အလားတူ ထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့ကြောင်း  ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူးရုံးဆီက သိရပါတယ်။

"ပျက်စီးမှုတွေဖြစ်တဲ့ နေရာတွေတိုင်းကို တပ်မတော်သားတွေနဲ့အတူ ကျွန်တော်တို့ သွားရောက်ရှင်းလင်းပေးပါတယ်။အခုအထိလည်း ရှင်းလင်းပေးနေပါတယ်၊ အကူအညီလိုရင် လိုသလို ကျွန်တော်တို့ ကူညီပေးနေပါတယ်" လို့ ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့် က Opinion Leaders Media ကို ပြောပါတယ်။

KT
မန္တလေး၊ စက်တင်ဘာ - ၂

( Zawgyi )

ေ႐ႊဘိုၿမိဳ႕အနီး ဗဟိုျပဳလႈပ္ခတ္ခဲ့တဲ့ ေျမငလ်င္ဒဏ္ေၾကာင့္ ေဝဘူဆရာေတာ္ဘုရားႀကီး ခႏၶာဝန္ခ်ေတာ္မူခဲ့တဲ့ ေက်ာင္းတိုက္ဝင္းအတြင္းက သာသနိကအေဆာက္အဦး ၃ ခုရဲ႕ စိန္ဖူးေတာ္ေတြ ေျမခေပ်ာက္ဆုံးခဲ့ရတယ္လို႔ အဲဒီေက်ာင္းတိုက္ရဲ႕ အက်ိဳးေတာ္ေဆာင္ ဆရာေတာ္ဦးသဇၨန (ဓမၼာစရိယ) က Opinion Leaders Media ကို မိန႔္ပါတယ္။

"အခုထိေတာ့ ရွာမေတြ႕ေသးဘူးေပါ့၊ ဦးဇင္းတို႔လည္း တစ္ျခားအပ်က္အစီးေတြ ရွင္းရင္းလင္းရင္းဆိုေတာ့ ေနာက္ၿပီးေတာ့ ကိုယ့္ေက်ာင္းတိုက္ဝင္းထဲပဲဆိုေတာ့ တစ္ျဖည္းျဖည္းနဲ႔ ျပန္ရွာရမွာပါ၊ ေက်းဇူးေတာ္ရွင္ ဆရာေတာ္ဘုရားႀကီး တည္ထားခဲ့တဲ့ ေစတီက စိန္ဖူးေတာ္ရယ္၊ ပိဋကတ္တိုက္ စိန္ဖူးေတာ္ရယ္၊ ဓမၼာ႐ုံက စိန္ဖူးေတာ္ရယ္ ငလ်င္လႈပ္တုန္းက ျပဳတ္က်တယ္ ခုထိေတာ့ မျမင္ရေသးဘူး" လို႔ ဆရာေတာ္က မိန႔္ပါတယ္။

ၾသဂုတ္လ ၃၁ ရက္ေန႔ ည ၉ နာရီ ၄၀ မိနစ္အခ်ိန္ခန႔္က စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုခ႐ိုင္၊ ေ႐ႊဘိုၿမိဳ႕ရဲ႕ အေနာက္ေျမာက္ဘက္ ၁၄ မိုင္ခန႔္အကြာကို ဗဟိုျပဳလႈပ္ခတ္ခဲ့တဲ့ အင္အားရစ္ခ်္တာစေကး ၆ ဒသမ ၀ အဆင့္ရွိတဲ့ ေျမငလ်င္ဟာ ေ႐ႊဘို၊ ခင္ဦး၊ ေရဦးၿမိဳ႕အတြင္းက ေက်း႐ြာေတြကို ႐ိုက္ခတ္ခဲ့ၿပီး ငလ်င္ဒဏ္ေၾကာင့္ ဘုန္းေတာ္ႀကီးေက်ာင္းေတြက ဘုရားပုထိုးေစတီ သာသနိကအေဆာက္အဦးေတြ ၿပိဳက်ပ်က္စီးမႈေတြ ရွိခဲ့ပါတယ္။ဒီေျမငလ်င္ဒဏ္ေၾကာင့္ ခင္ဦးၿမိဳ႕နယ္ ေက်း႐ြာေတြက သာသနိကအေဆာက္အဦး ေတာ္ေတာ္မ်ားမ်ား ထိခိုက္ပ်က္စီးမႈေတြျဖစ္ခဲ့ၿပီး ခင္ဦးၿမိဳ႕နယ္ ေစာႀကီးေက်း႐ြာအုပ္စု၊ အင္ၾကင္းပင္ေဝဘူ ကမၼ႒ာန္းရိပ္သာေက်ာင္းတိုက္ (ေဝဘူဆရာေတာ္ဘုရားႀကီး ခႏၶာဝန္ခ်ေတာ္မူခဲ့တဲ့ ေက်ာင္း) အတြင္းက ေဝဘူဆရာေတာ္ဘုရားႀကီး တည္ထားကိုးကြယ္ေတာ္မူခဲ့တဲ့ တိေလာကသဗၺဳညေစတီေတာ္ရဲ႕ စိန္ဖူးေတာ္၊ ဓမၼာ႐ုံထီးေတာ္က စိန္ဖူးေတာ္နဲ႔ ပိဋကတိုက္ထီးေတာ္က စိန္ဖူးေတာ္တို႔ အသ္ီးသီးျပဳတ္က် ေပ်ာက္ဆုံးေနတာပါ။

"ေစတီေတာ္ႀကီးရဲ႕ စိန္ဖူးေတာ္ျပဳတ္က်တယ္ ေနာက္ၿပီးေတာ့ ေစတီေတာ္ႀကီးက အက္ကြဲေနတယ္ အက္ကြဲေၾကာင္းေတြ ျဖစ္လာတယ္ ဒါကိုျပန္ျပင္ဖို႔ ဦးဇင္းတို႔ ႀကိဳးစားေနပါတယ္" လို႔လည္း ဆရာေတာ္က မိန႔္ပါတယ္။

အဲဒီေျမငလ်င္လႈပ္ခတ္မႈေၾကာင့္ ေ႐ႊဘိုၿမိဳ႕နယ္မွာ ေ႐ႊဘိုနည္းပညာေကာလိပ္ အစည္းအေဝးခန္းမနဲ႔ ေဘးဖက္ ေရွ႕မ်က္ႏွာစာေတြမွာ မ်က္ႏွာက်က္ၿပိဳက်ပ်က္စီးျခင္း၊ ေ႐ႊဘိုၿမိဳ႕နယ္အတြင္းက ျမင္းစီးေက်း႐ြာနဲ႔ က်ား႐ြာတို႔က သာသနိကအေဆာက္အဦးေတြ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း၊ ခင္ဦးၿမိဳ႕နယ္အတြင္းမွာဆိုရင္ အင္ၾကင္ပင္ေက်း႐ြာ၊ ၿမိဳ႕သစ္ေက်း႐ြာ၊ သာဝတၱိေက်း႐ြာ၊ ဗအိုးေက်း႐ြာ၊ ေလာင္းရွည္ေက်း႐ြာ၊ ကံသာယာေက်း႐ြာ အစရွိတဲ့ ေက်း႐ြာေတြမွာ သာသနိကအေဆာက္အဦးနဲ႔ စာသင္ေက်ာင္းေတြ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း၊ ေရဦးၿမိဳ႕နယ္အတြင္းမွာဆိုရင္လည္း ေရဦးၿမိဳ႕ေပၚ အပါအဝင္ မဲအိုးေက်း႐ြာ၊ အုတ္ဖိုေက်း႐ြာ၊ စည္သာေျမေက်း႐ြာတို႔မွာ အလားတူ ထိခိုက္ပ်က္စီးမႈေတြျဖစ္ခဲ့ေၾကာင္း  ေ႐ႊဘိုခ႐ိုင္ မီးသတ္ဦးစီးမႉး႐ုံးဆီက သိရပါတယ္။

"ပ်က္စီးမႈေတြျဖစ္တဲ့ ေနရာေတြတိုင္းကို တပ္မေတာ္သားေတြနဲ႔အတူ ကြၽန္ေတာ္တို႔ သြားေရာက္ရွင္းလင္းေပးပါတယ္။အခုအထိလည္း ရွင္းလင္းေပးေနပါတယ္၊ အကူအညီလိုရင္ လိုသလို ကြၽန္ေတာ္တို႔ ကူညီေပးေနပါတယ္" လို႔ ေ႐ႊဘိုခ႐ိုင္ မီးသတ္ဦးစီးမႉး ဦးေအးျမင့္ က Opinion Leaders Media ကို ေျပာပါတယ္။

KT
မႏၲေလး၊ စက္တင္ဘာ - ၂