ရွှေလှေချောင်းပေါ် ဟိုတယ်နှင့်ကေတီဗွီတွေ ပိတ်ဆို့ကွန်ကရစ်ခင်းထားမှု ဘယ်သူ ခွင့်ပြုချက်ဖြင်လဲ ဟု ရန်ကုန်မြို့ တော်ဝန်ကို မြောက်ဥက္ကလာပ လွှတ်တော်ကိုယ်စားလှယ်မေး

ရွှေလှေချောင်းပေါ် ဟိုတယ်နှင့်ကေတီဗွီတွေ ပိတ်ဆို့ကွန်ကရစ်ခင်းထားမှု ဘယ်သူ ခွင့်ပြုချက်ဖြင်လဲ ဟု ရန်ကုန်မြို့ တော်ဝန်ကို မြောက်ဥက္ကလာပ လွှတ်တော်ကိုယ်စားလှယ်မေး

မြောက်ဥက္ကလာပမြို့နယ်မှ ဖြတ်သန်းစီးဆင်းသော ရွှေလှေချောင်းအားကွန်ကရစ်ခင်းပြီး အခိုင်အမာ တည်ဆောက်ထားမှုအပေါ် ရန်ကုန်မြို့တော်ဝန် ဖြစ်သည့် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးအား ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့ပါတယ်။

ထိုသို့မေးမြန်းမှုအပေါ် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ မေးခွန်းနှင့်စပ်လျဉ်း ၍ မည်သည့်ခွင့်ပြုချက်မျှမရှိဘဲ တည်ဆောက်မှုကို ၂၀၁၆ မတိုင်ခင်ကတည်းက တည်ဆောက်ပြီး ကျူးကျော်ထားပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ ရှိသော ရွှေလှေချောင်း သည် မင်္ဂလာဒုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်မှ စတင်ပြီး မြောက်ဥက္ကလာပမြို့နယ်ကိုဖြတ်သန်းပြီး ငမိုးရိပ် ချောင်းသို့ စီးဝင်သော ချောင်းမကြီးတစ်ခုဖြစ်ပါကြောင်း၊ ရွှေလှေချောင်းမှာ ၄၆၅၀ ပေ အရှည်ရှိပြီး ချောင်း၏အထက်ပိုင်း ဖောင်တော်ဦးဘုရားလမ်းမှ ရထားလမ်းထိ အရှည် ၉၀၀ ပေ၊ ချောင်းအကျယ် ၁၄ ပေရှိပြီး ချောင်း၏ အလယ်ပိုင်းရထားလမ်းမှ သုဓမ္မာလမ်းထိ အရှည် ၁၆၅၀ ပေ ချောင်းအကျယ် ၁၆ ပေရှိပြီး ဟိုတယ်ဇုန်အပိုင်း ပေ ၈၀၀ ခန့်မှာ အကျယ် ၉ ပေသို့ ကျဉ်းမြောင်း သွားပြီး ချောင်း၏ အောက်ပိုင်းသုဓမ္မာလမ်းမှ ငမိုးရိပ်ချောင်းအထိ အရှည် ၂၁၁၀ ပေ ၁၅ ပေခန့်ရှိပါကြောင်း၊ ရွှေလှေချောင်း စီးဆင်းရာ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်အတွင်း၌ ချောင်းအကျယ်သည် ၉ ပေခန့်သာရှိ၍ ၎င်းရပ်ကွက်အတွင်းရှိ High Five Hotel , Hi Star Hotel ၊ ကျောက်စိမ်းဟိုတယ်၊ ချမ်းမြေ့ဟိုတယ် စသည့်ဟိုတယ်များသည် ၎င်းတို့၏ အရှေ့ ရွှေလှေချောင်း ပေါ် ခွင့်ပြုချက်မဲ့ ကွန်ကရိအခိုင်အမာခင်း၍ ကားပါကင်ဖြင့် အသုံးချခြင်းတို့ကြောင့် ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ရာတွင် အနှောက်အယှက်ဖြစ်ပါကြောင်း၊ ထိုသို့ဟိုတယ်များမှ ခွင့်ပြုချက်မဲ့ ဆောင်ရွက် ထားမှုအား ရွှေလှေချောင်း၏ ရေစီးရေလာကောင်းမွန်ရန်အတွက် လူအင် အား၊ စက်အင် အားဖြင့် ရှင်းလင်းဆောင်ရွက် ရာတွင် အခက်အခဲများမဖြစ်ပေါ်စေရန်အတွက် ရွှေလှေချောင်းများ ပေါ်၌ ခွင့်ပြုချက်မဲ့ ဆောင်ရွက်ထားရှိမှုများ ဖြစ်သော Sky KTV နှင့်ကျောက်စိမ်းဟိုတယ်မှ ဆောင် ရွက် ထားသည့်(၁၇၀ ပေ× ၉ ပေ) Car Parking၊ ကျောက်စိမ်းဟိုတယ် ကွန်ကရိ ကြေငြာ မြေစိုက် ဆိုင်းဘုတ် (၅ ပေ × ၆ ပေ) ၁ ခု၊ High Five Hotel မှ (၁၁၉ ပေ × ၉ ပေ) Car Parking၊ ချောင်း အပေါ် ကန့်လန့်ထားသည့် မီးစက် (၁)လုံးထားရှိကြောင်း တွေ့ရှိရပြီး ၎င်းတို့ကို (၂၆.၂.၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ဖယ်ရှားဖျက်သိမ်းပေးရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စည်ပင်သာယာတည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ ဟိုတယ်ပိုင်ရှင်များထံ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားပြီး ဖြစ်ပါကြောင်း ၊ လက်ရှိအခြေအနေအရ မြို့နယ်ရုံးတွင် ဖျက်သိမ်းရန် ကတိခံဝန်ဖြင့် အကြောင်းကြားပြီးဖြစ်ပါကြောင်း၊ဖျက်သိမ်းရန် မြောင်းသာကျန်ရှိပါကြောင်း၊ သတ်မှတ်ထားသည့် ရက်စွဲအတိုင်း ဖျက်သိမ်းရန်အကြောင်းကြားထားပြီး ဖြစ်၍ မဖျက်သိမ်းပါက တရားစွဲဆိုအရေးယူသွားရန် အစီစဉ်ရှိပါကြောင်း၊ ” ပြန်လည်ဖြေကြား ခဲ့ပါတယ်။

ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးမှာ မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က “မြောက်ဥက္ကလာပ မြို့နယ်မှ ဖြတ်သန်းစီးဆင်းသော ရွှေလှေချောင်းအား ကွန်ကရစ်ခင်းပြီး အခိုင်အမာ တည်ဆောက် ထားပါသဖြင့် ချောင်းမှာ ရေစီးရေလာပိတ်ဆို့နေပြီး ရေစီးရေလာကောင်းမွန်စေရန် ပြုပြင်တူးဖော် ရာတွင် အခက်အခဲဖြစ်နေ ပါသောကြောင့် ရွှေလှေချောင်းအား ထိုကဲ့သို့ ဆောင်ရွက်ထားခြင်းကို မည်သည့်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ထားရှိပါသနည်း၊ ထိုသို့ဆောင်ရွက် ထားခြင်းကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း” မေးမြန်းခဲ့ရာမှာ ယခုကဲ့သို့ စည်ပင်သာယာ ရေးဝန်ကြီးဦးမောင်မောင်စိုး က ဖြေကြားခဲ့တာဖြစ်ပါတယ်။

KZ
Ref: Yangon Hluttaw
ရန်ကုန်၊ ဇွန် ၁၈

(   Zawgyi   )

 ေျမာက္ဥကၠလာပၿမိဳ႕နယ္မွ ျဖတ္သန္းစီးဆင္းေသာ ေ႐ႊေလွေခ်ာင္းအားကြန္ကရစ္ခင္းၿပီး အခိုင္အမာ တည္ေဆာက္ထားမႈအေပၚ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ျဖစ္သည့္ စည္ပင္သာယာေရးဝန္ႀကီး ဦးေမာင္ေမာင္စိုးအား ယေန႔က်င္းပသည့္ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာ ေျမာက္ဥကၠလာပၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) လႊတ္ေတာ္ကိုယ္စားလွယ္က ေမးျမန္းခဲ့ပါတယ္။

ထိုသို႔ေမးျမန္းမႈအေပၚ စည္ပင္သာယာေရးဝန္ႀကီး ဦးေမာင္ေမာင္စိုးက “ ေမးခြန္းႏွင့္စပ္လ်ဥ္း ၍ မည္သည့္ခြင့္ျပဳခ်က္မွ်မရွိဘဲ တည္ေဆာက္မႈကို ၂၀၁၆ မတိုင္ခင္ကတည္းက တည္ေဆာက္ၿပီး က်ဴးေက်ာ္ထားပါေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီး ေျမာက္ဥကၠလာပၿမိဳ႕နယ္၌ ရွိေသာ ေ႐ႊေလွေခ်ာင္း သည္ မဂၤလာဒုံၿမိဳ႕နယ္၊ မရမ္းကုန္းၿမိဳ႕နယ္မွ စတင္ၿပီး ေျမာက္ဥကၠလာပၿမိဳ႕နယ္ကိုျဖတ္သန္းၿပီး ငမိုးရိပ္ ေခ်ာင္းသို႔ စီးဝင္ေသာ ေခ်ာင္းမႀကီးတစ္ခုျဖစ္ပါေၾကာင္း၊ ေ႐ႊေလွေခ်ာင္းမွာ ၄၆၅၀ ေပ အရွည္ရွိၿပီး ေခ်ာင္း၏အထက္ပိုင္း ေဖာင္ေတာ္ဦးဘုရားလမ္းမွ ရထားလမ္းထိ အရွည္ ၉၀၀ ေပ၊ ေခ်ာင္းအက်ယ္ ၁၄ ေပရွိၿပီး ေခ်ာင္း၏ အလယ္ပိုင္းရထားလမ္းမွ သုဓမၼာလမ္းထိ အရွည္ ၁၆၅၀ ေပ ေခ်ာင္းအက်ယ္ ၁၆ ေပရွိၿပီး ဟိုတယ္ဇုန္အပိုင္း ေပ ၈၀၀ ခန႔္မွာ အက်ယ္ ၉ ေပသို႔ က်ဥ္းေျမာင္း သြားၿပီး ေခ်ာင္း၏ ေအာက္ပိုင္းသုဓမၼာလမ္းမွ ငမိုးရိပ္ေခ်ာင္းအထိ အရွည္ ၂၁၁၀ ေပ ၁၅ ေပခန႔္ရွိပါေၾကာင္း၊ ေ႐ႊေလွေခ်ာင္း စီးဆင္းရာ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဃ) ရပ္ကြက္အတြင္း၌ ေခ်ာင္းအက်ယ္သည္ ၉ ေပခန႔္သာရွိ၍ ၎ရပ္ကြက္အတြင္းရွိ High Five Hotel , Hi Star Hotel ၊ ေက်ာက္စိမ္းဟိုတယ္၊ ခ်မ္းေျမ့ဟိုတယ္ စသည့္ဟိုတယ္မ်ားသည္ ၎တို႔၏ အေရွ႕ ေ႐ႊေလွေခ်ာင္း ေပၚ ခြင့္ျပဳခ်က္မဲ့ ကြန္ကရိအခိုင္အမာခင္း၍ ကားပါကင္ျဖင့္ အသုံးခ်ျခင္းတို႔ေၾကာင့္ ေရစီးေရလာ ေကာင္းမြန္ေရးေဆာင္႐ြက္ရာတြင္ အေႏွာက္အယွက္ျဖစ္ပါေၾကာင္း၊ ထိုသို႔ဟိုတယ္မ်ားမွ ခြင့္ျပဳခ်က္မဲ့ ေဆာင္႐ြက္ ထားမႈအား ေ႐ႊေလွေခ်ာင္း၏ ေရစီးေရလာေကာင္းမြန္ရန္အတြက္ လူအင္ အား၊ စက္အင္ အားျဖင့္ ရွင္းလင္းေဆာင္႐ြက္ ရာတြင္ အခက္အခဲမ်ားမျဖစ္ေပၚေစရန္အတြက္ ေ႐ႊေလွေခ်ာင္းမ်ား ေပၚ၌ ခြင့္ျပဳခ်က္မဲ့ ေဆာင္႐ြက္ထားရွိမႈမ်ား ျဖစ္ေသာ Sky KTV ႏွင့္ေက်ာက္စိမ္းဟိုတယ္မွ ေဆာင္ ႐ြက္ ထားသည့္(၁၇၀ ေပ× ၉ ေပ) Car Parking၊ ေက်ာက္စိမ္းဟိုတယ္ ကြန္ကရိ ေၾကျငာ ေျမစိုက္ ဆိုင္းဘုတ္ (၅ ေပ × ၆ ေပ) ၁ ခု၊ High Five Hotel မွ (၁၁၉ ေပ × ၉ ေပ) Car Parking၊ ေခ်ာင္း အေပၚ ကန႔္လန႔္ထားသည့္ မီးစက္ (၁)လုံးထားရွိေၾကာင္း ေတြ႕ရွိရၿပီး ၎တို႔ကို (၂၆.၂.၂၀၁၉) ရက္ေန႔ ေနာက္ဆုံးထား၍ ျပန္လည္ဖယ္ရွားဖ်က္သိမ္းေပးရန္ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက စည္ပင္သာယာတည္ဆဲ ဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သက္ဆိုင္ရာ ဟိုတယ္ပိုင္ရွင္မ်ားထံ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမွ အေၾကာင္းၾကားၿပီး ျဖစ္ပါေၾကာင္း ၊ လက္ရွိအေျခအေနအရ ၿမိဳ႕နယ္႐ုံးတြင္ ဖ်က္သိမ္းရန္ ကတိခံဝန္ျဖင့္ အေၾကာင္းၾကားၿပီးျဖစ္ပါေၾကာင္း၊ဖ်က္သိမ္းရန္ ေျမာင္းသာက်န္ရွိပါေၾကာင္း၊ သတ္မွတ္ထားသည့္ ရက္စြဲအတိုင္း ဖ်က္သိမ္းရန္အေၾကာင္းၾကားထားၿပီး ျဖစ္၍ မဖ်က္သိမ္းပါက တရားစြဲဆိုအေရးယူသြားရန္ အစီစဥ္ရွိပါေၾကာင္း၊ ” ျပန္လည္ေျဖၾကား ခဲ့ပါတယ္။

ယေန႔က်င္းပသည့္ လႊတ္ေတာ္အစည္းအေဝးမွာ ေျမာက္ဥကၠလာပၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂) ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးျမင့္လြင္က “ေျမာက္ဥကၠလာပ ၿမိဳ႕နယ္မွ ျဖတ္သန္းစီးဆင္းေသာ ေ႐ႊေလွေခ်ာင္းအား ကြန္ကရစ္ခင္းၿပီး အခိုင္အမာ တည္ေဆာက္ ထားပါသျဖင့္ ေခ်ာင္းမွာ ေရစီးေရလာပိတ္ဆို႔ေနၿပီး ေရစီးေရလာေကာင္းမြန္ေစရန္ ျပဳျပင္တူးေဖာ္ ရာတြင္ အခက္အခဲျဖစ္ေန ပါေသာေၾကာင့္ ေ႐ႊေလွေခ်ာင္းအား ထိုကဲ့သို႔ ေဆာင္႐ြက္ထားျခင္းကို မည္သည့္ခြင့္ျပဳခ်က္ျဖင့္ ေဆာင္႐ြက္ထားရွိပါသနည္း၊ ထိုသို႔ေဆာင္႐ြက္ ထားျခင္းကို မည္ကဲ့သို႔ အေရးယူေဆာင္႐ြက္မည္ကို သိရွိလိုပါေၾကာင္း” ေမးျမန္းခဲ့ရာမွာ ယခုကဲ့သို႔ စည္ပင္သာယာ ေရးဝန္ႀကီးဦးေမာင္ေမာင္စိုး က ေျဖၾကားခဲ့တာျဖစ္ပါတယ္။

KZ
Ref: Yangon Hluttaw
ရန္ကုန္၊ ဇြန္ ၁၈